ပိုက်ဆံတွေ ထားစရာနေရာမရှိတော့တာကြောင့် သမီးငယ်လေးရဲ့မွေးနေ့ပွဲကို လေယာဉ်စင်းလုံးဌားပြီး ဟာဝါရီကမ်းခြေမှာ ကျင်းပပေးခဲ့တဲ့ စမိုင်းလ်

Posted on

ရုပ်ရှင် သရုပ်ဆောင် စမိုင်းလ် ကတော့ အိမ်ထောင် ကျပြီးနောက် နိုင်ငံရပ်ခြားကို ထွက်ခွာ သွားခဲ့ပြီး မြန်မာပြည် ပြန်ရောက် လာချိန် မှာတော့ သာမာန် ချမ်းသာသူတွေတောင် လိုက်မမှီ နိုင်တဲ့အထိ ငွေကြေး ဥစ္စာပြည့်ဝ လာခဲ့ တာပဲ ဖြစ်ပါတယ်။ စမိုင်းလ် ဟာ အလှူအတန်း တွေနဲ့ ကောင်းမှု ကုသိုလ် တွေလည်း အမြဲတမ်းပြုလုပ်လေ့ ရှိသလို သူမတို့ မိသားစုတွေ အတွက်လည်း ပျော်စရာ အမှတ်တရ တွေအတွက် လည်း ငွေကုန် ကြေးကျ ခံတတ်သူ တစ်ယောက် ဆိုလည်း မမှားပါဘူး။

လက်ရှိ မှာလည်း အမေရိကန်နိုင်ငံမှာ နေထိုင် နေတဲ့ စမိုင်းလ်တို့ မိသားစုဟာ အမေရိကား အနှံ့ခရီးတွေ ထွက်နေ သလို ပျော်ပွဲ ရွှင်ပွဲတွေ များစွာ ကိုလည်း ကျင်းပနေလျက် ရှိတာပဲ ဖြစ်ပါတယ်။ မနေ့က ဇွန်လ (၁၇) ရက် နေ့မှာလည်း စမိုင်းလ်တို့ ဇနီးမောင်နှံက သူမတို့ရဲ့ သမီးငယ် ကလိုဝီရဲ့ (၁၄) နှစ်ပြည့် မွေးနေ့ အတွက် လေယာဉ် စင်းလုံးငှားပြီး ခရီးထွက် ခဲ့သလို ခမ်းနားတဲ့ စားသောက်ဆိုင် တစ်ခုမှာ ကလိုဝီရဲ့ မွေးနေ့ပွဲကို ကျင်းပ ပေးခဲ့တာကို တွေ့ရ ပါတယ်။

စမိုင်းလ် တို့ မိသားစု ကတော့ တော်ရုံ တန်ရုံ ပိုက်ဆံ ချမ်းသာ သူတွေတောင် လိုက်မမှီနိုင်တဲ့ အထိကို ငွေကြေး သုံးစွဲနိုင်တယ် ဆိုတာ အထွေအထူး ပြောနေဖို့တောင် လိုမယ် မထင်ပါဘူး။ ငွေကို ရေလို သုံးနိုင်တဲ့ စမိုင်းလ်တို့ ဘဝ ကတော့ တကယ့်ကို အားကျ မက်မောစရာ ပါပဲနော်။

Zawgyi




Leave a Reply

Your email address will not be published.