သမီးလေးရဲ့ မထင်မှတ်ဘဲ ပြုလုပ်လိုက်တဲ့ ထူးဆန်းတဲ့အပြုအမူကြောင့် အံ့ဩသွားတဲ့ ဖေဖေစည်ဖြိုး

Posted on

ပရိတ်သတ် ကြီးရေ…..ဇာတ် ဝင်ခန်း တိုင်းမှာ ပီပြင် တဲ့ သရုပ်ဆောင်မှု တွေနဲ့ အတူ ဖြူစင် ရိုးသား တဲ့ စိတ်ဓာတ် လေးတွေ ကြောင့် အချစ်တွေ ပိုနေ ရတာ ကတော့ သရုပ်ဆောင် စည်ဖြိုးပဲ ဖြစ်ပါ တယ်။ သူ သရုပ်ဆောင် တဲ့ ဇာတ်ကား တိုင်း ကလည်း ပရိသတ် တွေကို ခံစားမှု ရသတွေ ပေးနိုင်တာ ကြောင့် ချစ်နေ ရတာပါ။ ဆင်းရဲ ချမ်းသာ မရွေး မာန မထားပဲ ကူညီတက် တဲ့ စိတ်ဓာတ် လေးတွေ ကြောင့် အနုပညာရှင် အချင်းချင်း ကပါ ချစ်ခင် ပေးနေ တာပါ။

သူကတော့ လက်ရှိ အချိန်မှာ ချစ်စရာ ကောင်းတဲ့ သမီးလေးနဲ့ အတူ ပျော်ရွှင်စရာ မိသားစု လေးကို ပိုင်ဆိုင် ထား တာပါ။ ချစ်ဇနီးလေး ခင်လွှမ်း ကလည်း ပရိသတ် အချစ်တော် တစ်ယောက် ဖြစ်တာ ကြောင့် သူတို့ မိသားစု လေးကို ချစ်ပေး ရတဲ့ သူတွေနဲ့ ပြည့် နေ တာပါ။ မြေးဦးလေး ဖြစ်တဲ့ စည်ဖြိုးရဲ့ သမီးလေး ကို အဖွား ဖြစ်သူ ကလည်း သဲသဲလှုပ် ချစ်နေ ရတာပဲ ဖြစ်ပါ တယ်နော်.။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ စည်ဖြိုးရဲ့ အဒေါ် ဖြစ်သူ ဗေဒင် ဆရာမကြီး ET ကလည်း စည်ဖြိုးရဲ့ သမီးလေးကို ဝင်စားတယ် ဆိုပြီး သမီးလေး မမွေးခင် က အရိပ်လက္ခဏာ တွေနဲ့ အိမ်မက်တွေ ပေးခဲ့တယ် လို့လည်း သိရ ပါတယ်နော်။

ဒီနေ့မှာ ဆိုရင် လည်း စည်ဖြိုးက သမီးလေးShandra ရဲ့ ထူးခြားတဲ့ အပြုအမူ လေး တစ်ခုကို ပြောပြ လာတာပဲ ဖြစ်ပါ တယ်နော်။ ဒါကတော့ သမီးလေးက သူ့လက် ကလေးကို ဖြန့်ဖြန့် ကြည့်ပြီး ပြုံးနေတာ တွေ့ရလို့ အံ့သြ နေတဲ့ အကြောင်း ကို အခုလိုပဲ ပြောပြ လာတာ ဖြစ်ပါ တယ်နော်။” အမြဲ သူ့ လက်ဖဝါး သူ တစိမ့်စိမ့် လက္ခဏာ ကြည့်တယ် ပြုံးတယ် ဘာ သဘောပါလဲ နော် … ချစ်စရာ..🥰” ဆိုပြီး သမီးလေး ပုံလေးနဲ့ တကွ ပြသ လာခဲ့ တာပဲ ဖြစ်ပါ တယ်နော်။ သမီးလေးShandraရဲ့ ဒီလို အပြုအမူလေးတွေ အပေါ် ပရိတ်သတ်ကြီးရဲ့ အထင်ကိုလည်း ပြောပြခဲ့ ပါအုံးနော်။ ဖတ်ရှု ပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာ ပျော်ရွှင်ဖွယ် ကောင်းတဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ပါစေ။

Zawgyi




Leave a Reply

Your email address will not be published.