သရဖူဇာတ်လမ်းထဲက ဒေါ်စိန်ရွှေဆင့်ကတော့ အရမ်းဆိုးပြီးအဆင့်အတန်းခွဲခြားပေမဲ့ အပြင်ကမကြီးစိုးကတော့ အရမ်းချစ်စရာကောင်းကြောင်းပြောပြလာတဲ့ အင်ကြင်းထူး

Posted on

လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့် ပြသ နေတဲ့ သရဖူ ဇာတ်လမ်းတွဲ ကတော့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက် အားပေးမှုကို အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ ဇာတ်ရှိန် မြင့်တက် လာခဲ့တဲ့ သရဖူ ဇာတ်လမ်းတွဲ ဟာ မကြာခင် အချိန် အတွင်းမှာပဲ ဇာတ်သိမ်းတော့မှာပဲ ဖြစ်ပါတယ်။ ပါဝင် ကြတဲ့ သရုပ်ဆောင် တစ်ယောက်ချင်းစီတိုင်း ဟာလည်း ကိုယ် သရုပ်ဆောင်တဲ့ ဇာတ်ရုပ် အပေါ် တာဝန်ကျေ ကြတာကြောင့် ပရိသတ် တွေရဲ့ ချီးကျူးမှုကို ခံယူ နေရတာပဲ ဖြစ်ပါတယ်။

ခက်ခက်ဝေ ဆိုတဲ့ သနားစရာ အိမ်အကူ မလေးနေရာ ကနေ ပါဝင် သရုပ်ဆောင် ထားတဲ့ အင်ကြင်းထူး ဟာလည်း သူမရဲ့ အပြင် ပုံစံနဲ့ လုံးဝ ကွာခြားတဲ့ ဇာတ်ရုပ်တစ်ခုကို သရုပ်ဆောင် ပြနိုင် တာကြောင့် ပရိသတ် ချီးကျူး ခံရတဲ့ သရုပ်ဆောင် တစ်ယောက် ပါပဲ။ ဒီကနေ့ မှာတော့ အင်ကြင်းထူးက သရုပ်ဆောင် အကယ်ဒမီစိုးမြတ်သူဇာနဲ့ အတူတူတွဲ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို မျှဝေရင်း “အရမ်းချစ်ဖို့ကောင်းတဲ့ မေမေကြီးနဲ့ အမှတ်တရ 💞 သရဖူ ကားလေးတောင် ပြီးတော့မယ်နော် 💕 ခက်ဝေလေးကို လည်း အားပေးပြီး ချစ်ပေး ကြလို့ ကျေးဇူးအများကြီး တင်ပါတယ်ကွယ်💕💕 #ခက်ခက်ဝေ #သရဖူဇာတ်လမ်းတွဲ #mrtv4series” ဆိုပြီး အမှတ်တရတွေကို ပြသလာပါတယ်။

အင်ကြင်းထူး ကတော့ ဇာတ်လမ်းထဲက ဒေါ်စိန်ရွှေဆင့်ဟာ မောက်မာပြီး အဆင့်အတန်း ခွဲခြားပေမယ့် အပြင်က စိုးမြတ်သူဇာ ကတော့ သရုပ်ဆောင် အသစ်တွေအပေါ် ဖေးမပြီး အရမ်းချစ်စရာ ကောင်းတယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း သရဖူ ဇာတ်ကားပြီး သွားသည့်တိုင် ခက်ခက်ဝေ နေရာကနေ သရုပ်ဆောင် ထားတဲ့ အင်ကြင်းထူးကို ဆက်လက်ပြီး အားပေး ချစ်ခင် ပေးကြ ပါဦးနော်။

Zawgyi

လက္ရွိ MRTV 4 ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ ျပသ ေနတဲ့ သရဖူ ဇာတ္လမ္းတြဲ ကေတာ့ ပရိသတ္ေတြရဲ့ ႀကိဳက္ႏွစ္သက္ အားေပးမႈကို အခိုင္အမာ ရရွိထားတာပဲ ျဖစ္ပါတယ္။ တစ္ေန႔ထက္ တစ္ေန႔ ဇာတ္ရွိန္ ျမင့္တက္ လာခဲ့တဲ့ သရဖူ ဇာတ္လမ္းတြဲ ဟာ မၾကာခင္ အခ်ိန္ အတြင္းမွာပဲ ဇာတ္သိမ္းေတာ့မွာပဲ ျဖစ္ပါတယ္။ ပါဝင္ ၾကတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ခ်င္းစီတိုင္း ဟာလည္း ကိုယ္ သ႐ုပ္ေဆာင္တဲ့ ဇာတ္႐ုပ္ အေပၚ တာဝန္ေက် ၾကတာေၾကာင့္ ပရိသတ္ ေတြရဲ့ ခ်ီးက်ဴးမႈကို ခံယူ ေနရတာပဲ ျဖစ္ပါတယ္။

ခက္ခက္ေဝ ဆိုတဲ့ သနားစရာ အိမ္အကူ မေလးေနရာ ကေန ပါဝင္ သ႐ုပ္ေဆာင္ ထားတဲ့ အင္ၾကင္းထူး ဟာလည္း သူမရဲ့ အျပင္ ပုံစံနဲ႔ လုံးဝ ကြာျခားတဲ့ ဇာတ္႐ုပ္တစ္ခုကို သ႐ုပ္ေဆာင္ ျပနိုင္ တာေၾကာင့္ ပရိသတ္ ခ်ီးက်ဴး ခံရတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ ပါပဲ။ ဒီကေန႔ မွာေတာ့ အင္ၾကင္းထူးက သ႐ုပ္ေဆာင္ အကယ္ဒမီစိုးျမတ္သူဇာနဲ႔ အတူတူတြဲ ရိုက္ထားတဲ့ ဓာတ္ပုံေလးကို မၽွေဝရင္း “အရမ္းခ်စ္ဖို႔ေကာင္းတဲ့ ေမေမႀကီးနဲ႔ အမွတ္တရ 💞 သရဖူ ကားေလးေတာင္ ၿပီးေတာ့မယ္ေနာ္ 💕 ခက္ေဝေလးကို လည္း အားေပးၿပီး ခ်စ္ေပး ၾကလို႔ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ကြယ္💕💕 #ခက္ခက္ေဝ #သရဖူဇာတ္လမ္းတြဲ #mrtv4series” ဆိုၿပီး အမွတ္တရေတြကို ျပသလာပါတယ္။

အင္ၾကင္းထူး ကေတာ့ ဇာတ္လမ္းထဲက ေဒၚစိန္ေရႊဆင့္ဟာ ေမာက္မာၿပီး အဆင့္အတန္း ခြဲျခားေပမယ့္ အျပင္က စိုးျမတ္သူဇာ ကေတာ့ သ႐ုပ္ေဆာင္ အသစ္ေတြအေပၚ ေဖးမၿပီး အရမ္းခ်စ္စရာ ေကာင္းတယ္လို႔ ေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ ႀကီးလည္း သရဖူ ဇာတ္ကားၿပီး သြားသည့္တိုင္ ခက္ခက္ေဝ ေနရာကေန သ႐ုပ္ေဆာင္ ထားတဲ့ အင္ၾကင္းထူးကို ဆက္လက္ၿပီး အားေပး ခ်စ္ခင္ ေပးၾက ပါဦးေနာ္။

Leave a Reply

Your email address will not be published.