သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ ခင်ပွန်းကို မနေ့ညက စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးထိန်းသိမ်းသွားတဲ့ ဗီဒီယိုဖိုင်

Posted on

ရုပ်ရှင်သရုပ်ဆောင်ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်ကို စစ်ကောင်စီတပ်ဖွဲ့က  ဧပြီလ ၂၇ ရက်၊ ည ၁၁ နာရီဝန်းကျင် တွင် နေအိမ်၌ လာ‌ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။ စစ်ကောင်စီ  တပ်များက ဧည့်စာရင်းစစ်မည်ဟု ဆိုကာ ဖခင် ဖြစ်သူကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့၏ သမီးဖြစ်သူ မစံထိပ်ထားဦးက သူ၏ လူမှု ကွန်ရက်စာမျက်နှာ တွင် တိုက်ရိုက်လိုက်ဖ်လွှင့်ခဲ့ ခြင်းဖြစ်သည်။

“အိမ်ရှေ့မှာ ရဲတွေ ရောက်နေပါတယ်။ ဧည့်စာရင်း စစ်ဖို့ လို့တော့ ပြောတယ်။ ဒါပေမယ့် သမီးအဖေကို လာခေါ်တာ လားမသိဘူး” ဟု ည ၁၁ နာရီ ဝန်းကျင်တွင် လိုက်ဖ်လွှင့် ခဲ့သည်။ ထို့နောက် “ဖေဖေ့ကို ခေါ်သွား ပါပြီ” ဟု ထပ်မံရေးသား အသိပေးခဲ့ ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီက ရုပ်ရှင် သရုပ်ဆောင် ခိုင်သင်းကြည် အား ချီးမြှင့်ထားသည့် လူမှုထူးချွန်ဆုကို ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်တွင် ပြန်လည် ရုပ်သိမ်းခဲ့ပြီးနောက် ၎င်း၏ ခင်ပွန်း ဖြစ်သူကို နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။

Zawgyi

႐ုပ္ရွင္သ႐ုပ္ေဆာင္ခိုင္သင္းၾကည္၏ ခင္ပြန္းျဖစ္သူ ဦးခန႔္နိုင္ကို စစ္ေကာင္စီတပ္ဖြဲ႕က  ဧၿပီလ ၂၇ ရက္၊ ည ၁၁ နာရီဝန္းက်င္ တြင္ ေနအိမ္၌ လာ‌ေရာက္ ဖမ္းဆီးသြားေၾကာင္း သိရသည္။ စစ္ေကာင္စီ  တပ္မ်ားက ဧည့္စာရင္းစစ္မည္ဟု ဆိုကာ ဖခင္ ျဖစ္သူကို ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း ၎တို႔၏ သမီးျဖစ္သူ မစံထိပ္ထားဦးက သူ၏ လူမႈ ကြန္ရက္စာမ်က္ႏွာ တြင္ တိုက္ရိုက္လိုက္ဖ္လႊင့္ခဲ့ ျခင္းျဖစ္သည္။

“အိမ္ေရွ႕မွာ ရဲေတြ ေရာက္ေနပါတယ္။ ဧည့္စာရင္း စစ္ဖို႔ လို႔ေတာ့ ေျပာတယ္။ ဒါေပမယ့္ သမီးအေဖကို လာေခၚတာ လားမသိဘူး” ဟု ည ၁၁ နာရီ ဝန္းက်င္တြင္ လိုက္ဖ္လႊင့္ ခဲ့သည္။ ထို႔ေနာက္ “ေဖေဖ့ကို ေခၚသြား ပါၿပီ” ဟု ထပ္မံေရးသား အသိေပးခဲ့ ျခင္းျဖစ္သည္။

အာဏာသိမ္း စစ္ေကာင္စီက ႐ုပ္ရွင္ သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္ အား ခ်ီးျမႇင့္ထားသည့္ လူမႈထူးခၽြန္ဆုကို ၿပီးခဲ့သည့္ ဧၿပီလ ၁၇ ရက္တြင္ ျပန္လည္ ႐ုပ္သိမ္းခဲ့ၿပီးေနာက္ ၎၏ ခင္ပြန္း ျဖစ္သူကို ေနအိမ္တြင္ လာေရာက္ ဖမ္းဆီးခဲ့ ျခင္းျဖစ္သည္။

Leave a Reply

Your email address will not be published.