သာမန်မြင်တွေ့နေကျ လှပခြင်းမျိုး မဟုတ်ပဲ အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

Posted on

ဒီကနေ့လေးမှာတော့ ကမ္ဘာေ ပါ်မှာ ရှိတဲ့ အလှဆုံးသ စ်ပင်တွေကို ရွေးချယ်ဖော်ပြပေးသွား ပါမယ်။ ဒီသစ်ပ င်တွေက သာမန်လှ ပခြင်းမျိုးမဟု တ်ပဲ အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထား ကြတဲ့ သစ်ပင်တွေ ပဲဖြစ်ပါတယ်။

(1) ကနေဒါက Rhododendron သစ်ပင်

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

သက်တမ်း (၁၂၅) နှစ် ရှိပြီဖြစ်တဲ့ ဒီသစ်ပင်ကြီးဟာ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ပန်းရောင် သစ်တောအုပ်လေးတစ်ခုလို လှပလွန်းနေတာပဲ ဖြစ်ပါတယ်။ ဒီသစ်ပင်လေးအောက်မှာသာ ပျော်ပွဲစားထွက်လိုက်ရရင် ဘယ်လောက် ပြည့်စုံတဲ့ အခိုက်အတံ့ ဖြစ်သွားမလဲနော်။

(2) မှိုပုံသဏ်ဉာန် သစ်ပင်

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

ကာတွန်းကားထဲက မှိုပွင့်အိမ်လေးတွေထဲမှာ နေချင်စိတ် ဖြစ်ဖူးကြလားနော်။ ဒါလေးကတော့ အစိမ်းရောင်ခြယ် မှိုသစ်ပင်လေးပါ။ လှပပြီး ချစ်စရာကောင်းလွန်းလို့ အိမ်ရှေ့မှာ တစ်ပင်လောက်တောင် စိုက်ထားချင်ပါရဲ့။

(3) အဝါရောင် ငုဝါ

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

မျက်စိမြင်ကွင်းထဲအပြည့် အဝါရောင်လွင်ပြင်ကြီး တစ်ခု မြင်လိုက်ရသလို ခံစားသွားရမယ့် ငုဝါပင်ကြီးပဲ ဖြစ်ပါတယ်။ သူ့အရောင်ဟာ ချွင်းချက်မရှိ ဝါဝင်းနေလို့ အဲ့ဒီအနားက ဖြတ်သွားမိရင်တောင် ကိုယ်ပါ ဝါသွားမလား မသိတဲ့ထိ အာရုံကို လွှမ်းမိုးနိုင်လွန်းလှပါတယ်။

(4) ဖိလစ်ပိုင်က Ficus ပင်

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

ကြီးမားလွန်းလှတဲ့ သစ်ပင်ကြီးကနေ နွယ်မျှင်တွေ ဇာတ်ဝင်ခန်းဆန်ဆန် တဖွားဖွား ဖြာကျနေတာကို တွေ့လိုက်ရတာဟာ ငြိမ်းချမ်းခြင်းနဲ့ လှပခြင်းကို တစ်ပြိုင်နက် ခံစားရစေပါတယ်။

(5) ရေအောက်ကမ္ဘာက သရက်ပင်ပေါက်

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

မြေထုကို သာမက ရေထုကိုပါ ရဲရဲဝံ့ဝံ့ဖောက်ထွက်လာတဲ့ သရက်ပင်ပေါက်ဟာ ကောင်းကင်ထိ ထိုးဖောက်တော့မလို နုသစ်ပြီး အားအင်ရှိလှပါတယ်။ ရေမှော်ပင် ရေညှိပင်တွေ မဟုတ်ဘဲ ပင်စည်နဲ့သစ်ပင်ကို ရေအောက်မှာ မြင်တွေ့လိုက်ရတာဟာ အံ့မခန်း တွဲဖက်မှု တစ်ခုလို့ ဆိုချင်ပါတယ်။

(6) မာဒါကတ်စကာ က baobab သစ်ပင်များ

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

မြူမှုန်ပျပျကြားမှာ မြင်နေရတဲ့ အလှတပါးကတော့ Baohah သစ်ပင်ကြီးတွေပါပဲ။ သူ့ရဲ့အကိုင်းအခက်တွေကို တည်တည်ငြိမ်ငြိမ် လှလှပပနဲ့ ကောင်းကင်ပေါ်ကို လွှင့်တင်ထားပုံက ရှုမငြီးဖွယ် မြင်ကွင်းပါပဲ။

(7) Cado ရေကန်က ဆိုက်ပရပ်စ်ပင်တွေ

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

ဆိုက်ပရပ်စ်ပင်တွေဟာ ကမ္ဘာအရပ်ရပ်က ကဗျာတွေ သီချင်းသံစဉ်တွေကြားမှာ မကြာခဏ ထည့်သွင်းရေးစပ်ရတဲ့ အနုပညာမြောက် အပင်တွေပါ။ ဒီရေကန်မှာ ဆိုက်ပရပ်စ်ပင် အမြောက်အမြားကို မြင်တွေ့လိုက်ရတဲ့ ရှုခင်းက ခံစားချက်တွေကို အဆုံးအစမဲ့ စီးမျောစေပါတယ်။

(8) ဂျပန်ပြည်က Wisteria Tree

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

ဘုရားရေ ဒါဟာ နတ်ဘုံနတ်နန်းများလား။ မှော်ဆန်တဲ့ ခရမ်းရောင် ပန်းမှုန် ပန်းဖွားတွေဟာ မြေပြင်ဆီ နွဲ့နွဲ့နှောင်းနှောင်းနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျဆင်းနေပုံက နတ်ပြည်ဆီ ရောက်သွားသလို ခံစားရမယ့် တဒင်္ဂပါပဲ။ ဂျပန်ပြည်ကို တစ်ခါလောက်တော့ သွားလည်ဖို့ အကြောင်းတရားပါပဲ။

(9) Socotra ကျွန်းက ပုလင်းပုံ သစ်ပင်

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

ဒီအပင်တွေကို ကြည့်ပါဦး။ အများနဲ့မတူ တမူထူးပြီး ကမ္ဘာမြေကို အလှဆင်ဖို့ မှော်ဆရာက စီရင်ထားတာသလားနော်။

(10) ဟာဝါအီက သက်တံ့သစ်ပင်

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

အသက်ရှုမှားအောင်လှတဲ့ သက်တံ့ခြုံလွှာကို ကောင်းကင်ကနေ ဖြုတ်ယူပြီး ဒီပင်စည်ပေါ် ရစ်ပတ်ထားဖို့ ဘယ်သူက စိတ်ကူးရခဲ့တာပါလဲ။

(11) Socotra ကျွန်းက dragon tree

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

လှပသပ်ရပ်လွန်းတဲ့ ကိုင်းခက်တွေဟာ ဆူးတောင်ပုံ သစ်ရွက်တွေနဲ့ လိုက်ဖက်ညီ လွန်းလှပါတယ်။ ပန်းချီဆရာက အပိုအလိုမရှိ ခြယ်မှုန်းထားတဲ့ စုတ်ချက်တွေထက် လှပအောင် သဘာဝတရားကြီးက ဖန်တီးထားတာပါ။

(12) ကမ္ဘာ့အသက်ရှည်ဆုံးအပင်

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

အိုဟောင်းလွန်းတဲ့အရာတွေဟာ တန်ဖိုးအကြီးဆုံး အရာတွေပါလို့ သက်သေပြနေတဲ့ သစ်ပင်အိုကြီးပါ။ လိပ်ခွေနေတဲ့ ပင်စည်ကြီးရဲ့ ရင့်ကျက်တဲ့အလှဟာ ဘယ်နုပျိုမှူကိုမဆို ယှဉ်ပြိုင်ဖို့ ဝန်မလေးတဲ့ ခံ့ညားမှုနဲ့ ဝံ့ထည်နေတာပါ။ နှစ်ပေါင်း ၅၀၀၀ နီးပါလောက် အသက်ရှိနေပြီလို့ သိရပါတယ်။

(13) နမ်မင်ဘီယာ က A Quiven tree

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

ရွှေငါးတစ်ကောင်ရဲ့ ရွှေဝါရောင် ကြေးခွံတွေလို သစ်ခေါက် အထပ်ထပ်နဲ့ ပင်စည်ဟာ သူ့ရဲ့ကိုင်းခက်တွေကို ကြယ်ငါးပုံစံ ပန်းပွင့်တွေ တပ်ဆင်ပြီး ဖြန့်ကျက်ထားတာပါ။ လှပခြင်းရဲ့ ပြယုဂ်တစ်ခုပါပဲ။

(14) ဂျပန်မေပယ်လ်

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

မေပယ်ရွက်တွေဟာ ဂန္ဓဝင်တွင်လောက်အောင် လှပပါတယ်။ ဒီ မေပယ်လ်ပင်ကြီးရဲ့ ကိုင်းဖြာနေတဲ့ အခက်အလက်တွေကတော့ သဘာဝရဲ့ အတော်ဆုံး ပန်းချီဆရာက ရေဆေးနဲ့ အနုစိတ် ခြယ်မှုန်းထားသလို လှချင်တိုင်းကို လှနေတော့တာပါ။

(15) ဖရန်ကန်းစတိုင်း သစ်ပင်

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

ပန်းရောင် အနုအရင့် မျိုးစုံကို မျက်စိပဒါသ ဖြစ်စရာ တစ်နေရာတည်းမှာ ပုံဖော်ပေးထားတဲ့ သစ်ပင်လေးပါ။ သဘာဝ ပေါက်ပင်မဟုတ်ဘဲ အလှအပ ဖန်တီးသူတွေက တမင်သက်သက် ဖန်တီးထားတာလားလို့ ထင်ရတဲ့အထိ လှပလွန်းပါတယ်နော်။

(16) နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ဂျင်ကိုသစ်ပင်ကြီးကတော့ သူ့ရဲ့ သစ်ရွက်ဝါဝါလေးတွေနဲ့ လှချင်တိုင်းကို လှနေတော့တာပါပဲ။

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

(17) ဟွာဝိုင်ရီက ပင်စည်မှာ ရောင်စုံဖြစ်နေတဲ့ ဒီသစ်ပင်တွေကတော့ သက်တန့် သစ်ပင်ဆိုပြီး နာမည်ကြီးပါတယ်။

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

(18) သစ်ပင်တွေကလည်း စီစီရီရီနဲ့ဖြစ်နေသလို မြက်ခင်းပြင်နဲ့လည်း လိုက်ဖတ်မှု ရှိလွန်းတာကြောင့် ဖြတ်လျှောက်သွားမိသူတိုင်း ဓာတ်ပုံတစ်ခေါက်လောက်တော့ မဖြစ်မနေ ရိုက်ချင်မိမှာ သေချာပါတယ်။

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

(19) သစ်ပင်ပင်စည် တုတ်တုတ်နဲ့ ထူးဆန်းတဲ့ သစ်ပင်တစ်မျိုး

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

(20)

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

ဒီသစ်ပင်တွေကိုတော့ ဘော့ဘာ့ခ် သစ်ပင်တွေလို့ ခေါ်ပြီး သူတို့က ရှင်သန်မှုအသက် သစ်ပင်တွေလို့လည်း နာမည်ကြီးပါတယ်။ အဲ့လို နာမည်ေ ပးရတဲ့အြေ ကာင်းရင်းကလည်း အဆိုပါသစ်ပင်တွေက အာဖရိက ဆာဗန်နားန ယ်တစ်ဝိုက်မှာ တိရစ္ဆာန်နဲ့ လူတွေအတွက် နေစရာ၊ အစားအသောက်၊ အဝတ်အစားနဲ့ ရေတွေကို ပေးစွမ်းနိုင်စွမ်းရှိလို့ပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ သစ်ခေါက်တွေနဲ့ ပင်စည်တွေက မီးဒဏ်ကို ခံနိုင်ရည်ရှိပြီး အဝတ်အစားနဲ့ ကြိုးတွေပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။

(21)

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

(22)

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

(23)

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

(24) အာရှီကာဂါ ပန်းဥယာဉ်ထဲက သစ်ပင်

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ
အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

ဂျပန်နိုင်ငံ အာရှီကာဂါ ပန်းဥယာဉ်ထဲက သစ်ပင်တွေကလည်း အရမ်းကို လှပနေပြီး လာရောက်လည်ပတ်သူ အများအပြားကို ဆွဲဆောင်နေပါတယ်။

အခြားသစ်ပင်တွေနဲ့ မတူညီတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ထူးထူးဆန်းဆန်း သစ်ပင်တွေ

လေးစားစွာဖြင့်…Shwe Nyan Shin

Leave a Reply

Your email address will not be published. Required fields are marked *