သားရယ်သမီးရယ် အဖေများနေ့မှာ ခင်ပွန်းဖြစ်သူနဲ့တူတူရှိစဉ်က အမှတ်တရရိုက်ကူးထားတဲ့ ဗီဒီယိုလေးတွေကို စုစည်းကာမျှဝေဖော်ပြခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

Posted on

ပရိသတ် ကြီးရေ နန်းမြတ်ဖြိုးသင်း ကတော့ ပရိသတ် တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိ ထားတဲ့ ပရိသတ် အချစ်တော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းမြတ်ကတော့ ဒီနေ့မှာ ကျရောက်တဲ့ အဖေများ နေ့မှာ ကွယ်လွန် သွားပြီ ဖြစ်တဲ့ ခင်ပွန်း ဖြစ်သူနဲ့ သားရယ် သမီးရယ် တူတူရှိခဲ့တဲ့ အမှတ်တရ ဗီဒီယိုလေးတွေကို စုစည်းပြီး သူ့ရဲ့ လူမှု ကွန်ရက် စာမျက်နှာ ကနေ မျှဝေ လာခဲ့ ပါတယ်။

ဗီဒီယိုလေးနဲ့ အတူလည်း “အဖေများနေ့ အတွက် အမှတ်တရ။ ဂျက်လေးကတော့ ကောင်းကောင်း သိလိုက်ပေမဲ့ ဂျူးလေး ကတော့ အဖေကို ဘာမှကို မသိလိုက်တာ(ဗီဒီယိုလေးတောင် တခုပဲ ရှိတယ်)” ဆိုပြီးတော့ လည်း ဖခင်နဲ့ အတူတူ အချိန် ဘယ်လောက်မှ တူတူမနေလိုက် ရတဲ့ အပြင် အမှတ်တရ ရယ်လို့ လည်း ဗီဒီယိုလေးတစ်ခု သာ ရှိခဲ့တဲ့ သမီးလေးကို လည်း သနားဂရုနာ ပိုနေခဲ့ ကြောင်း ရေးသား မျှဝေ ထားခဲ့ ပါတယ်။

နန်းမြတ် ကတော့ ချစ်ရတဲ့ ပရိသတ် တွေကိုလည်း ” ရှိနေတုန်း အချိန်မှာ အဖေ၊အမေ၊သား၊သမီး၊မောင်နှမ အားလုံးနွေးထွေး ချစ်ခင် ပေးကြပါ “ဆိုပြီး ချစ်ရတဲ့သူတွေနဲ့ အတူတူရှိနေ ကြတုန်းမှာ နွေးနွေးထွေးထွေး ချစ်ခင် ပေးကြ ဖို့လည်း တိုက်တွန်း ထားခဲ့ ပါတယ်။ ပရိသတ် ကြီးရေ နန်းမြတ် မျှဝေ ထားခဲ့တဲ့ ဗီဒီယိုလေးကို ပြန်လည် မျှဝေ ဖော်ပြ ပေးလိုက် ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.