သားလေးနဲ့နာက်ဆုံးတွေ့ဆုံရတဲ့နေ့လေးမှာတောင် ပြသနာအမျိုးမျိုးရှာတဲ့ ရေမွန်ရဲ့ချစ်သူအကြောင်း နာကျည်းချက်တွေနဲ့ပြောပြလာတဲ့ ဒေါ်ခင်မြတ်မွန်

Posted on

ချစ်ရတဲ့ ပရိသတ် တွေကို အပြီးတိုင် နှုတ်ဆက် သွားခဲ့ပေမယ့် ယနေ့ထိ ပရိသတ် တွေ မေ့မရနေရ တာကတော့ ရေမွန်ပဲဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းလေး တွေဟာ ယနေ့ထိ လူငယ် ပရိသတ် တွေ နားထောင် နေကြ တုန်းဖြစ်ပြီး သတိရ နေဆဲပါ။ ဒီလ ကတော့ သူထွက်ခွာသွားခဲ့တဲ့ နှစ်ပတ်လည်လပဲ ဖြစ်ပါတယ်။ ကျန်ရစ်သူတွေဖြစ်တဲ့ အမေဖြစ်သူနဲ့ ညီမဖြစ်သူ တို့ကလည်း ယနေ့ထိ သူ့ကို မေ့မရဆဲ ဖြစ်ပါတယ်။ ဒီနေ့ လေ့မှာလည်းသူမရဲ့ လူမှုကွန်ရက် ကစာလေးကြောင့် ပရိသတ်တွေ စိတ်မကောင်းခဲ့ ရတာပါ။ ဘာလိုလိုနဲ့ နှစ်တစ်ပါတ်လည် ခဲ့ပြီ၁၂ လရာသီထဲမှာ ဒီ( June) လကို အမုန်းဆုံးပါဘဲ..မကြုံမဆုံ ချင်တော့ဘူးJUNE ရောက်မှာ ကြောက်နေပြီမနှစ်က ပုံရိပ်တွေ မျက်ဝန်းထဲမှာ အတိအကျ ပြန်မြင်ယောင် လာတယ်..။

တွတ်ပီ အိမ်ခန်းကိစ္စနဲ့ ခဏ ပြန်ဆင်းဖို့ June 12 တစ်နေ့လုံး အထုတ်အပိုးတွေ ပြင်၊သိမ်းဆည်းတာ ညအတော် မိုးချုပ်မှ ပြီးတယ် လက်ထဲ ကျန်တဲ့ ငွေကြေးအနဲငယ်တွတ်ပီ လက်ထဲထည့် ချွေတာသုံးဖို့ အစစဂရုစိုက်ဖို့ မှာတုန်းသူက(မေကြီး..ညောင်းနေမှာဘဲ နှိပ်ပေး ရမလား) မေးတော့ည ၁၂ ထိုးပြီ တွတ်ပီ မအေကို နှိပ်ပေးမလို့ ပြင်တုန်း ဖုံးဝင်လာတယ် မအေနဲ့သား ခေတ္တခွဲကာနီး (အဲ့တုန်းကတော့ အပြီးခွဲ ရလိမ့်မယ်လုံးဝမထင်ခဲ့တာ) မှာစရာ၊ပြောစရာ တွေမှ အများကြီး အလိုက်ကန်းဆိုးမသိ၊လူကြီးမှန်း မသိဖုံးဆက်ပြီး အချိန်ပြည့် ပြသနာရှာ နိုင်စားခဲ့တဲ့ (အရစ်မ/လူဆိုးမ)ပြသနာ ရှာတာအားရလို့၊ ဝလို့ ဖုံးချသွားတော့ နောက်နေ့မနက်(2:30)ရှိသွားပြီ အဲ့တော့မှ အိပ်ချင်မူးတူးနဲ့ အနှိပ်ခံ ရတယ်။

နှိပ်ပေးတဲ့ သူကလဲ ငိုက်နေပြီ မိုးအရမ်းချုပ် နေပြီမို့ သားအမိတွေ ဘာစကားမှတောင် အေးဆေး မပြောရ မတိုင်ပင် လိုက်ရဘူး။ သူ့ လက်ချောင်းသွယ်သွယ်၊ ရှည်ရှည်လေးနဲ့(Rocker ကြီးရဲ့လက်က) မထင်ရလောက်အောင် အမေ့ရဲ့ ကိုက်ခဲညောင်းညာမှုတွေ ပြေစေတာ လွမ်းမိတယ်။ သူ့အနင်း အနှိပ်မခံ ရတော့တာ တစ်နှစ်တင်းတင်း ပြည့်ပြီ ဒီလိုနဲ့ မနက်လင်းတော့ ကားဂိတ်မဆင်းခင်လေးမှာ စရာရှိတာ အမြန်မှာ၊ သားအမိနှစ်ယောက် အပြန်အလှန် နမ်းကြပြီး မခွဲခင်(တွတ်ပီရေ..မေမေသိပ်မကြာဘူး အိမ်ကိစ္စရှင်းပြီးတာနဲ့ ပြန်လာမှာ ဒီကြားထဲ အစစဂရုစိုက် နေထိုင်ပါ မေမေစိတ်ပူရမဲ့၊ စိတ်ညစ်ရမဲ့ ကိစ္စတွေ ဘာမှမဖြစ်စေနဲ့၊ မလုပ်နဲ့နော်)လို့မှာတော့(စိတ်ချပါ မေကြီး၊ဘာပြသနာမှ မဖြစ်စေရဘူး ဂတိပေးပါတယ်)တဲ့(အမြဲတမ်း ဂတိတည်ခဲ့သူက အခုတစ်ခါ ဂတိပျက်ပြီ) နှုတ်ဆက်ပြီး၊ သူကျန်ခဲ့တယ် အဲ့ဒီနေ့(13.6.22) ဟာတွတ်ပီလေး ကို အသက်ရှင်လျက်နဲ့ နောက်ဆုံးတွေ့ဆုံ ၊နမ်းရှုံ့ ၊နှုတ်ဆက်ခဲ့ရတဲ့ နေ့ရက်လေးပါဘဲဘယ်တော့မှ မမေ့တော့ဘူး။

ရင်တွေလဲ ကွဲကြေနာကျင်ရတာ အကြိမ်ပေါင်း မရေတွက်နိုင် တော့ပါဘူး လွမ်းတယ် တွတ်ပီရေ…(သားဆုံးရှုံးထားတဲ့ အမေရဲ့ တစ်နှစ်ပြည့် ပေါ်လာတဲ့ စိတ်ဒဏ်ရာနဲ့အလွမ်းပါ မစာနာ တတ်သူများ မဖတ်ဘဲ ကျော်သွားနိုင်ပါတယ်။ မျက်ရည်ချူလို့မပြီးနိုင်ဘူး ဆိုတဲ့သူတွေကိုတော့ တိရစ္ဆာန် စိတ်ပေါက် နေတဲ့လူ မည်ကာမတ္တများလို့ဘဲသတ်မှတ်ပါတယ်$ ဂရုလဲ မစိုက်ပါဘူး မျက်ရည်ကလဲ ချူစရာမလို‌လောက်အောင် ပူလောင်လွန်းလို့ ကျခဲ့ရတဲ့ အစစ်အမှန်တွေပါ)ပုံလေးက သူမဆုံးခင် ရက်ပိုင်းလေးက ပုံလေးပါ)ဆိုပြီး ခံစားချက်လေးကို ထုတ်ပြ ခဲ့တာပါ။

Zawgyi





Leave a Reply

Your email address will not be published.