သားလေးရဲ့ ချစ်စရာကောင်းလှတဲ့ တစ်လ အရွယ်ပုံလေးကို မျှဝေခဲ့တဲ့ စုစုဝေ

Posted on

ပရိသတ် ကြီးရေ မြန်မာ စကားကို ကျွမ်းကျွမ်း ကျင်ကျင် ပြောတတ်သူ တစ်ယောက် ဖြစ်တဲ့ ဂျာမနီ နိုင်ငံသား မစ်ကီနဲ့ Gym Trainer တစ်ယောက် ဖြစ်တဲ့ မြန်မာမလေး စုစုဝေတို့ စုံတွဲ ကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်မှာ ပါနော်။ တစ်ယောက်ကို တစ်ယောက် မေတ္တာ အပြည့်နဲ့ ချစ်ကြတဲ့ စုံတွဲလေး ဖြစ်တာကြောင့် ပရိသတ် တွေ ချစ်ခင် နေရတဲ့ စုံတွဲလေး ဆိုလည်း မမှားပါဘူးနော်။

လက်ရှိ မှာတော့ သူတို့ နှစ်ယောက်က မစ်ကီရဲ့ မိဘတွေ ရှိနေ ဒေသမှာ နေထိုင် နေခဲ့ပြီး သားဦးလေးကိုလည်း မကြာသေးခင် အချိန်က မွေးဖွားထားခဲ့ ပါတယ်။ စုစုဝေ ကတော့ ဒီနေ့မှာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ သားလေးရဲ့ (၁)လအရွယ် ချစ်စရာ ကောင်းလှတဲ့ ပုံလေးတွေကို သူ့ရဲ့ လူမှု ကွန်ရက်စာမျက်နှာ ကနေ မျှဝေ ဖော်ပြ လာခဲ့ ပါတယ်။

သားလေးရဲ့ ပုံလေးနဲ့ အတူလည်း “Hallo Guten Morgen. သားသားလေး 1 လ အရွယ် ပုံလေးတွေ ထပ်တင်ပေးလိုက် ပါပြီရှင်။ သားသားကို ချစ်တဲ့သူလေးတွေ မြင်စေချင်လို့။” ဆိုပြီးတော့လည်း ရေးသား ထားခဲ့ပါသေးတယ်။ ပရိသတ် ကြီးရေ မစ်ကီနဲ့ စုစုဝေ တို့ရဲ့ သားလေး ကတော့ တကယ်ကို အချောလေးနော်။

Zawgyi




Leave a Reply

Your email address will not be published.