သားအကြီးဆုံးလေးဂျက်ဂျက်ရဲ့ (၃) နှစ်ပြည်မွေးနေ့လေးကို ခမ်းခမ်းနားနားလေးကျင်းပပေးပြီး သားလေးအပေါ်သူ့မရဲ့အဖြစ်ချင်ဆုံးဆန္ဒလေးကိုပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

Posted on

ပရိသတ် ကြီးရေ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ကတော့ ခင်ပွန်း ဖြစ်သူ မရှိတော့ ပေမယ့် ကျန်ခဲ့တဲ့ သားနဲ့ သမီးကို အမေလို ရော အဖေလို ရော ပြုစုစောင့်ရှောက် ပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့လေး ကတော့ သားကြီး ဂျက်ဂျက်ရဲ့ သုံးနှစ်ပြည့် မွေးနေ့လေး ဖြစ်တာကြောင့် မေမေ နန်းမြတ် က သူဖြစ်ချင်တဲ့ ဆန္ဒလေး ကို ပြောပြ လာတာ ဖြစ်ပါတယ်။

မေမေ နန်းမြတ်က Happy birthday ပါ မေ့သားကြီး ဂျက်ရေ၊ ၃နှစ်ပြည့်သွားတဲ့ လူကြီးလေး အချစ်ကလေး မွေးနေ့မှစ ကျန်းမာ ပျော်ရွှင် ပြည့်စုံတဲ့ ဘဝကိုဖြတ်သန်းနိုင်အောင် မေမေ အကောင်းဆုံး ပံ့ပိုးပေး ပါမယ်နော်။ သိတတ်နေပီ မို့ စိတ်ဒဏ်ရာ ရမှာကို အစိုးရိမ် ဆုံးပါ။

တခါတလေ ဖေဖေ့ကို မေးတတ် ပေမယ့် ပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်း ပေးနေလို့ ကျေးဇူးတင်ပါတယ် သားလေးရေ။ လူတော်လေး ဖြစ်ရင်လဲ ကောင်းပေမယ့် လူကောင်းလေး ဖြစ်ဖို့ကိုတော့ ပိုဦးစားပေး ပေးပါ။ မေ့သဲလေး အရမ်းချစ် ဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်။ ဒီကနေ့ မှာ ကျရောက်တဲ့ ဂျက်ဂျက်လေးရဲ့မွေးနေ့ကို ပရိတ်သတ် ကြီးကလည်း ဆုမွန်ကောင်းလေး တောင်းပေး ကြပါအုံးနော်။

Zawgyi




Leave a Reply

Your email address will not be published.