သီတင်းကျွတ် ကာလ မှာ မိဘဘိုးဘွား တွေကို ဘာကြောင့် ကန်တော့ကြရမှာလဲ လို့ မေးနေသူများအတွက်

Posted on

သီတင်းကျွတ် ကာလမှာ မိဘဘိုးဘွား တွေကို ဘာကြောင့် ကန်ေ တာ့ကြရမှာလဲ လို့ မေးနေ သူများအတွက် …….. အရှင်ရေးသားမျှဝေထားတဲ့ ဆောင်းပါးလေး တပုဒ်ကို သာ အချိန်ပေး သေချာတွေး ဖတ်ကြည့်လိုက်ပါလို့…….. ညွှန်းဆိုပါရေ စတော့….

ငရဲတံခါး ပိတ်ပါစို့ (ကလေးဘဝကတည်းက နားရည်ဝခဲ့တဲ့ စကားလေး)

ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ အသိုင်းအဝိုင်းမှာ အမြဲ ကြားရတတ် တာ တစ်ခုက `ငရဲမှာ အပ၊ ဝဋ်မှာ အမြဲ´ တဲ့။ နားထဲမှာ စွဲနေခဲ့တဲ့ ဆိုရိုးလေးတစ်ခုပါ။ ငရဲမှ လွတ်ကင်းအောင် ရှောင်နိုင်သော် လည်း ဝဋ်ကြွေးမှ လွတ်ကင်းအောင် မရှောင်နိုင်ဘူးလို့ ဆိုလိုရင်းပဲ ဖြစ်ပါတယ်။ မကောင်းတာ မဟုတ်တာ လုပ်ရင် ငရဲကြီးမယ်၊ ဝဋ်လိုက်လိမ့်မယ်လို့ လူကြီး မိဘ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမ စကားတွေကတော့ လူတိုင်းလူတိုင်းအတွက် ကလေးဘဝကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စကားလေး ဖြစ်မယ်လို့ ထင်ပါတယ်။

ငရဲကြီးတယ်ဆိုတာ ဘယ်လိုပါလိမ့်?

အတွေး အခေါ် ဗဟုသုတ မကြွယ်ဝသေးသ ည့် ကလေးဘဝကို လွန်မြောက်လို့ အရွယ်လေးရော က်လာတော့ ငရဲဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပာယ်ကို အနည်းငယ် သိနားလည်စ ပြုခဲ့ပါတယ်။ ဗုဒ္ဓစာပေများ သင်ယူရတဲ့အခါမှာတော့ ချမ်းသာကင်း၍ အမြဲ ဆင်းရဲဒုက္ခ ခံစားနေရသော ဘုံဌာနကို ငရဲဘုံလို့ ခေါ်ပြီး အဲဒီလို ဘုံဘဝမှာ အမြဲဆင်းရခြင်းနှင့် ဒုက္ခအတိပြည့်နေ ခံစားနေရသူကို ငရဲသားလို့ ခေါ်တယ်ဆိုတာ နားလည် သိရှိ သဘောပေါက်ခဲ့ပါတယ်။

ငရဲပြည်မှာ ငရဲခံရတယ်၊ ငရဲကြီးတယ်ဆိုတာကို ဘယ်လိုဟု နားမလည်ခဲ့ပေမယ့် ဖြတ်သန်းခဲ့ရတဲ့ ဘဝလမ်းတလျှောက်က ကိုယ့်ပတ်ဝန်းကျင် လူနေမှုရှုခင်းကို လေ့လာ ခံစားကြည့်ပြီးတော့ အနည်းငယ် သဘောပေါက်သလိုပါပဲ။

အသက်ရှင်လျက် ငရဲကျသူ

စာရေးသူရဲ့ ရွာဦးဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်မှာ လူနေအိမ်များလည်း ကပ်လို့ တည်နေကြပါတယ်။ နေဝင်မိုးချုပ်ပြီဆိုရင် ဆဲသံ ဆိုသံတွေနဲ့အတူ ရိုက်နှက်သံ ငိုကြွေးသံတွေဟာ မကြားချင်အဆုံးပါပဲ။ စားဝတ်နေရေး မပြေလည်လို့ကတမျိုး၊ လင်မယားချင်း ရန်ဖြစ် ရိုက်နှက်ကြလို့ တသွယ်၊ မွေးထားတဲ့ ကလေးငယ်တွေက ထမင်းဆာလို့က တမျိုးနဲ့ တော်တော်ဆိုးခဲ့ပါတယ်။ ခုအခါ ပြန်တွေးမိတော့မှ သူတို့ဟာလည်း အသက်ရှင်လျက်နဲ့ ငရဲခံနေရသလို ဖြစ်နေကြောင်း သဘောပေါက်ခဲ့တယ်။

အိန္ဒိယနိုင်ငံရဲ့ မြို့တော်ကြီးတွေ အသီးသီးကို လေ့လာရေး ရောက်ခဲ့တုန်းက လမ်းဘေးမှာ နေထိုင်သူ အများစုကို တွေ့ခဲ့ရဖူးပါတယ်။ တစ်နေရာတည်းမှာပဲ ကလေးလူကြီး စုစည်းနေပြီး ဆင်းဆင်းရဲရဲ နေကြရ ထိုင်ကြရပါတယ်။ အဲဒီလို လမ်းဘေးနေ လူတန်းစားကို တွေ့မြင်ရတဲ့အခါမှာလည်း နောက်ဘဝခံရမယ့် ငရဲထက် လူ့ပြည်မှာ အသက်ရှင်လျက်နဲ့ ငတ်ပြတ်ဆင်းရဲ နေရခြင်းကိုလည်း ငရဲလို့ ပြောနိုင်မလားဆိုတာ တွေးမိခဲ့ပြန်ပါတယ်။

မလေးရှားနေစဉ် ကာလတုန်းကလည်း ရာဝမ်းအရပ်ဘက်ရှိ မြန်မာနိုင်ငံသား ဆေးရုံဆင်း လူနာတွေကို လက်ခံ ပြုစု စောင့်ရှောက်ထားရာ ပြန်လည်ထူထောင်ရေးစခန်း တစ်ခုကို သွားရောက် လှူဒါန်းခဲ့ဖူးပါတယ်။

အဲဒီနေရာမှာ ရောဂါအမျိုးမျိုးနဲ့ ခွဲစိတ်ကုသ ခံယူထားသူတွေ၊ အဖြစ်အပျက်မျိုးစုံနဲ့ ခြေပြတ်လက်ပြတ်တွေဖြစ်ပြီး ခိုကိုးရာမဲ့ ဖြစ်နေကြသူတွေ များစွာကို တွေ့ခဲ့ရပါတယ်။ ကလေးမလေးတစ်ယောက်ဆို မစင်သွားဖို့နေရာ မပါခဲ့လို့ ဗိုက်ကနေ ခွဲပြီး ပိုက်ထုတ်တားရတာကိုလည်း တွေ့သိခဲ့ရဖူးပါတယ်။

ဒါတွေအပြင် မိမိတို့ ပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေ များစွာကြောင့် သောကတွေ ပူနေရ၊ ပရိဒေဝမီးတွေ တောက်လောင်နေကြရတာတွေ၊ ကိုယ်အင်္ဂါချို့တဲ့ပြီး လူစင်မမီသူတွေ၊ စားရမဲ့ သောက်ရမဲ့ ခိုကိုးရာမဲ့ ဆင်းရဲသားတွေ အမြောက်အများကိုလည်း တွေ့မြင် ကြားသိနေရတဲ့အခါ ဒါသည်ပင်လျှင် အသက်ရှင်လျက် ငရဲကျနေသူများလို့ ခံစား နားလည်လိုက်မိပါတယ်။

ကိုယ်ပြုသည့် ကံ၊ ကိုယ်သာ ခံ

ဆင်းရဲနွမ်းပါးသော တဲအိမ်အတွင်းမှ အဘိုးအိုသည် မိမိကိုယ်ကို မိမိ အပြစ်တင်ခြင်းမှတပါး အခြားလုပ်ဆောင်ဖွယ်ရာ မရှိတော့သလို ဖြစ်ပါလိမ့်မယ်။ အိန္ဒိယစကားပုံတစ်ခုမှာ ဖတ်ဖူးတာကတော့ ညဘက်မှာ အိပ်မက်ကောင်းကောင်း မက်အောင် နေ့ခင်းဘက်မှာ အလုပ်များများ လုပ်ဆောင်ပါတဲ့။ မြန်မာစကားပုံမှာတော့ နေပူတုန်း ကောက်ရိုးလှန်း၊ မိုးရွာတုန်း ရေခံ၊ လသာတုန်း ဗိုင်းငင် စသည်ဖြင့် ရှေးလူကြီးတွေ ဆိုရိုးစကား ထားခဲ့တာကို ဖတ်ရှုရဖူးပါတယ်။ အသက်ကြီးသောအခါ ကြွယ်ဝချမ်းသာ သောကကင်းဖို့ဆိုရင် ငယ်စဉ်ကတည်းက ကြိုးစား အလုပ်လုပ်ဖို့ လိုတယ်ဆိုတာကို ပညာပေးချင်တာလို့ နားလည်ခဲ့မိပါတယ်။

လူမိုက်နဲ့ ပညာရှိ၊ လူချမ်းသာနဲ့ လူဆင်းရဲတို့ရဲ့ ဘဝလမ်းခွဲဟာ ကျောင်းဝင်းထဲမှာ ရှိပါတယ်။ ကျောင်းနေပျော်၍ စာတော်အောင် ကြိုးစားခဲ့သူများအနေဖြင့် ပညာတတ်မယ်၊ ရာထူးဂုဏ်ရှိန် စည်းစိမ်ကြီးလို့ ကောင်းသည်ထက် ကောင်းအောင် လှူနိုင်တန်းနိုင် အများအကျိုးဆောင်နိုင်ကာ ဘဝအဆင့် မြင့်သည်ထက် မြင့်ကြပါမယ်။ တဘက်မှာ ငယ်စဉ်က ပျင်းအားကြီး စာမကြိုးစားဘဲ အဖော်မက် အပျော်အပျက်ဘက်တွက် အချိန်ကုန်များခဲ့သူတွေကတော့ ပညာမဲ့ဖြစ်မယ် ဆင်းရဲမယ်၊ လူတောမတိုး လူရာမဝင်တာမျိုး ဘဝအဆင့် နိမ့်ကျနေပါမယ်။

တချို့ကျတော့လည်း ငယ်ငယ်ကတော့ လိမ်မာ ရိုးသား ကြိုးစားခဲ့ကြပါရဲ့၊ အရွယ်လေးရောက်လာတော့မှ အဖော်မကောင်း မကောင်းသူတွေရဲ့ အမူအကျင့်ကို အဟုတ်ကြီးထင်ပြီး အတုယူလွဲမှားကြလို့ ပျက်စီးသွားကြရတာလည်း ရှိပါတယ်။ ဆိုလိုတာကတော့ ဒီလို ဆင်းရဲကြမ်းတမ်းတဲ့ လောကဓံတွေနဲ့ ဆုံဆည်းပြီး၊ ပူပင် သောက ဗျာပါဒတွေနဲ့ အသက်ရှင်လျက် ငရဲခံနေကြရသဖွယ် ဖြစ်နေရတာ အရင်းစစ်တော့ ကိုယ်ပြုတဲ့ ကံ၊ ကိုယ်ပြန်ခံရတာလို့ပဲ ဆိုချင်ပါတယ်။

ငရဲနဲ့ ခြောက်၊ မကြောက်ကြဘူး

အမြဲတမ်း ဆင်းရဲဒုက္ခနဲ့သာ ခံစားနေရတဲ့ ငရဲပြည်ဆိုတာ ခဏတဖြုတ် အလည်တောင်မှ မသွားသင့်တဲ့ နေရာတစ်ခုပါ။ အကုသိုလ်အမှုနဲ့ ချမ်းသာနေသူ အောင်မြင်နေသူ တချို့ကျတော့လည်း ငရဲဆို ချိုနဲ့လား၊ မကြောက်မဖြုံ မယုံကြပြန်ဘူး။ နောက်ဘဝ ခံရမယ့် ငရဲဆိုတာ မယုံကြည် မကြောက်ဆိုတာ ထားလိုက်ပါဦး၊ ဒီဘဝမှာတင် အဆင်မပြေမှုတွေ ဗလဗွေနဲ့ ဒုက္ခတွေရောက်ကြရ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ကြရတဲ့ အပူတွေ ပူပြင်းလှတယ်ဆိုတာကတော့ သိသာပါတယ်။

အပြင်က ရာသီဥတု ဘယ်လောက်ပူပူ၊ အတွင်းက ကိလေသာအပူကိုတော့ မမီပါဘူး။ လောဘဇောတက်ပြီး ပူရတာရှိသလို၊ ဒေါသတွေထွက်လို့ ပူရတာလည်း ရှိပါတယ်။ သားရှိသောသူ သားကြောင့်ပူရသလို၊ ကားရှိသောသူ ကားကြောင့် ပူကြရတာပါပဲ။ ငရဲအပူ ဘယ်လောက်ပူသလဲ မသိပေမယ့် လောကရဲ့ သောကအပူ ဘယ်လောက်ပူတယ်ဆိုတာ ကိုယ်တွေ့သိသူ များပါတယ်။

ငရဲ ဘာကြောင့်လားရတယ်

ဒီတော့ ငရဲ ဘာကြောင့် လားရသလဲ? ဆိုတာ မေးစရာ တွေးစရာ စဉ်းစားစရာ ဖြစ်ပါတယ်။ အတိုချုံးပြီး ဖြေရရင်တော့ ငရဲရောက်ကြောင်း မကောင်းမှု အကုသိုလ် ဒုစရိုက်တွေကို ပြုမိမှားလို့ ဖြစ်တယ် … ပြောရပါမယ်။

အပါးလယ်လို့ အပါယ်လားတယ်

တချို့သူတွေဟာ စီးပွားရေး လူမှုရေး ဘာသာရေး စသည်ဖြင့် အများနှင့် စုပေါင်းဆောင်ရွက်ကြရတဲ့ အမှုကိစ္စတွေမှာ အပါးခိုနေလေ့ ရှိကြပါတယ်။ ကောင်းမှုကုသိုလ်ပြုရာမှာလည်း ဒီနည်းတူပါပဲ။ ကောင်းတာ ကြံဖို့ ပြောဖို့ လုပ်ဖို့ဆိုရင် ဝန်လေးနေပြီး၊ သောက်စား ကစား အပျော်အပါးဆိုရင်တော့ ထိပ်ဆုံးက ကျွန်တော် ဖြစ်နေတတ်ကြတယ်။ ဒီလို ကုသိုလ်အပါး မဝဘဲ အကုသိုလ်အပါးဝသူတွေဟာ အပါးလယ်သူတွေဖြစ်လို့ အပါယ်လား ငရဲသွားကြရပါတယ်။

အမျိုးအမည်ကွဲပြား ငရဲများ

ငရဲဆိုတဲ့ စကားလုံးဟာ `င´နဲ့ `ရဲ´ စကားလုံးလေးနှစ်လုံးသာ ပေါင်းထားတဲ့ စကားလုံးလေးမျှပဲ။ ငရဲဘုံသို့ ကျစေနိုင်တဲ့ မကောင်းမှု အကုသိုလ် ဒုစရိုက်တွေ ကွဲပြား ခြားနား များပြားသလို လားရောက်ကြရတဲ့ ငရဲ အမျိုးအမည် အမျိုးအစားတွေလည်း များစွာ ကွဲပြားပါတယ်။ လူ့လောက တရားရုံးတွေမှာ ကျင့်သုံးတဲ့ ပြစ်မှုအမျိုးမျိုးအတွက် ပြစ်မှုဆိုင်ရာ ဥပဒေအမျိုးမျိုးနဲ့ ဆုံးဖြတ် ပြစ်ဒက် အမျိုးမျိုး ကျခံရသလိုပါပဲ။ ပြစ်မှုကြီးလွန်းရင် သေဒဏ်ပေးကြသလို အကုသိုလ်အပြစ် ဒုစရိုက်အင်အား ကြီးမားလွန်းရင် အဝီစိဆိုတဲ့ ငရဲမှာ အချိန်ကြာမြင့်စွာ ဒုက္ခခံစားကြရမှာ ဖြစ်ပါတယ်။

မဟုတ်တာ အလုပ်များသူတို့ အဟုတ်သွားရမည့် ငရဲဘုံဆိုတာ အကြီးနဲ့အငယ် နှစ်သွယ် ကွဲပြားပါတယ်။ ငရဲကြီး ရှစ်ထပ် ရှိပြီး၊ ငရဲကြီးတစ်ထပ်စီရဲ့ အရပ်လေးမျက်နှာမှာ ငရဲငယ် လေးထပ်စီ ခြံရံထားပါတယ်။ ဒုစရိုက်သမားတို့ ခံစားကြရမယ့် ငရဲဘုံအပြား တစ်ရာကျော်ပါတယ်။

ငရဲတံခါး ဖွင့်နေသူများ

ငရဲရောက်နိုင်သည့် အကုသိုလ်ကံအကြောင်းတွေကို လေ့လာကြည့်တဲ့အခါ အများစုဟာ သူ့အသက်သတ်ခြင်း စတဲ့ ငါးပါးသီလ ကိုယ်ကျင့်တရား ကျူးလွန် ဖောက်ဖျက် ချို့ယွင်းကြလို့ ဖြစ်ပါတယ်။ ဒါ့အပြင် မပြစ်မှားသင့်သော အနန္တော အနန္တငါးပါးကို ပြစ်မှား စော်ကားခြင်း၊ ခင်ပွန်းကြီးဆယ်ပါးအပေါ် ပြစ်မှားခြင်း စတဲ့ အကုသိုလ်ကံတွေကြောင့်ဆိုတာလည်း တွေ့ရပါတယ်။

ဒါတင်မက သိင်္ဂါလောဝါဒသုတ်မှာ ဗုဒ္ဓမြတ်စွာ မိန့်မှာခဲ့တဲ့ ကျင့်ဝတ်အထွေထွေကို မကျေပွန်ရင်လည်း ငရဲလားနိုင်တာပါပဲ။ ဥပမာအားဖြင့် တာပနငရဲဆိုတာဟာ အဂတိတရား လိုက်စားသူ၊ လင်ယောကျ်ားကို မထီမဲ့မြင် အရေးမထား မလေးမစားလုပ် အနိုင်ကျင့်သူ၊ ဝတ္တရားမကျေပွန်သူတွေ လားရောက်တတ်တဲ့ ငရဲတစ်ခုဖြစ်ပါတယ်။ဒီလိုဆိုတော့ ငါးပါးသီလ မလုံခြုံသူတွေ၊ လင့်ဝတ္တရား မယားဝတ္တရား၊ သားသမီးဝတ္တရား မကျေပွန်သူတွေ စတဲ့သူတွေကို ငရဲတံခါး ဖွင့်နေသူများလို့ ဆိုချင်ပါတယ်။

ငရဲတံခါး ပိတ်စို့လား

ငရဲဆိုတာ ချမ်းသာကင်းပြီး အမြဲ ဆင်းရဲ ပူလောင်စွာ ခံစားနေရတဲ့ နေရာ၊ ဘုံလို့ အကျဉ်းအားဖြင့် နားလည်ခဲ့ပါပြီ။ ငရဲသွားဖို့လည်း ဘယ်သူမှ လိုလားမှာ မဟုတ်ပါဘူး။ ငရဲမရောက်ချင်ရင် ငရဲရောက်စေမယ့် မကောင်းမှု အကုသိုလ် ဒုစရိုက်တွေကို မလုပ်မှ ဖြစ်မယ်။ ရှောင်ရမယ့် ဝါရိတ္တသီလတွေကို စောင့်ထိန်းရသလို၊ ဆောင်အပ်တဲ့ စာရိတ္တသီလတွေဖြစ်တဲ့ ကိုယ်ကျင့်တရားတွေကိုလည်း မြှင့်တင် ကျင့်သုံးရပါမယ်။

ကောင်းတာကိုသာ ကြံ၊ ကောင်းတာတွေသာ ပြော၊ ကောင်းမှုတွေသာ လုပ်ကြရပါမယ်။ ဒါမှသာ `ငရဲမှာ အပ´၊ ငရဲမင်းက ကိုယ့်ကို အပပြု ဖယ်ကြဉ်၊ ငရဲက ကင်းဝေးလို့ ငရဲတံခါး ပိတ်ပြီးသား ဖြစ်နေပါလိမ့်မယ်။

မိဘဘိုးဘွား ကန်တော့ကြပါစို့

ပူပင်သောက ဗျာပါဒတွေ ကင်းပြီး စိတ်အေးချမ်းသာ ကိုယ်ကျန်းမာ လိုရာဆန္ဒတွေ ပြည့်စုံရအောင်၊ ငရဲလားနိုင်ကြောင်း မကောင်းမှုတွေ ရှိခဲ့ရင်တောင် ပြေလျော့ရအောင်၊ ကုသိုလ်တွေ တိုးပွားပြီး မကောင်းဘေးများ ရှောင်ရှားသွားရအောင် အနန္တော အနန္တငါးပါး၊ ခင်ပွန်းကြီးဆယ်ပါးတို့ကို ဒီလို ဝါကျွတ်ချိန်ခါမှာ ကန်တော့ကြဖို့ တိုက်တွန်းချင်ပါတယ်။သက်ရွယ်ကြီးမား မိဘဘိုးဘွား ဆရာသမားတွေကို ကန်တော့ခြင်းဟာ မိမိအတွက် ကုသိုလ်တွေ တိုးသလို ဘေးဆိုးတွေမှလည်း ကင်းဝေးစေပါတယ်။ အပါယ်ဘေးကိုတောင် အထိုက်အလျောက် တားဆီးပေးနိုင်ပါတယ်။

ဓမ္မမိတ်ဆွေများ အားလုံး ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းဘေးတွေကလည်း လွန်မြောက်နိုင်ကြပါစေကြောင်း ဝါကျွတ်ဆုမွန်ပြုရင်း ငရဲတံခါး ပိတ်ကြစို့လို့ ဆန္ဒပြု တိုက်တွန်းလိုက်ပါတယ်။

အရှင်နန္ဒဝံသ (ရမည်းသင်း) ဇေယျသုခ ဓမ္မရိပ်သာ အမာရီလိုမြို့၊ တက္ကဆပ်ပြည်နယ်

Zawgyi Version

သီတင္းကြၽတ္ ကာလမွာ မိဘဘိုးဘြား ေတြကို ဘာေၾကာင့္ ကန္ေ တာ့ၾကရမွာလဲ လို႔ ေမးေန သူမ်ားအတြက္ …….. အရွင္ေရးသားမွ်ေဝထားတဲ့ ေဆာင္းပါးေလး တပုဒ္ကို သာ အခ်ိန္ေပး ေသခ်ာေတြး ဖတ္ၾကည့္လိုက္ပါလို႔…….. ၫႊန္းဆိုပါရေ စေတာ့….

ငရဲတံခါး ပိတ္ပါစို႔ (ကေလးဘဝကတည္းက နားရည္ဝခဲ့တဲ့ စကားေလး)

ဗုဒၶဘာသာ ဝင္တို႔ရဲ႕ အသိုင္းအဝိုင္းမွာ အၿမဲ ၾကားရတတ္ တာ တစ္ခုက `ငရဲမွာ အပ၊ ဝဋ္မွာ အၿမဲ´ တဲ့။ နားထဲမွာ စြဲေနခဲ့တဲ့ ဆိုရိုးေလးတစ္ခုပါ။ ငရဲမွ လြတ္ကင္းေအာင္ ေရွာင္နိုင္ေသာ္ လည္း ဝဋ္ေႂကြးမွ လြတ္ကင္းေအာင္ မေရွာင္နိုင္ဘူးလို႔ ဆိုလိုရင္းပဲ ျဖစ္ပါတယ္။ မေကာင္းတာ မဟုတ္တာ လုပ္ရင္ ငရဲႀကီးမယ္၊ ဝဋ္လိုက္လိမ့္မယ္လို႔ လူႀကီး မိဘ ဆရာသမားေတြရဲ႕ သြန္သင္ဆုံးမ စကားေတြကေတာ့ လူတိုင္းလူတိုင္းအတြက္ ကေလးဘဝကတည္းက ရင္းႏွီးကြၽမ္းဝင္ခဲ့တဲ့ စကားေလး ျဖစ္မယ္လို႔ ထင္ပါတယ္။

ငရဲႀကီးတယ္ဆိုတာ ဘယ္လိုပါလိမ့္?

အေတြး အေခၚ ဗဟုသုတ မႂကြယ္ဝေသးသ ည့္ ကေလးဘဝကို လြန္ေျမာက္လို႔ အ႐ြယ္ေလးေရာ က္လာေတာ့ ငရဲဆိုတဲ့ စကားရဲ႕ အနက္အဓိပၸာယ္ကို အနည္းငယ္ သိနားလည္စ ျပဳခဲ့ပါတယ္။ ဗုဒၶစာေပမ်ား သင္ယူရတဲ့အခါမွာေတာ့ ခ်မ္းသာကင္း၍ အၿမဲ ဆင္းရဲဒုကၡ ခံစားေနရေသာ ဘုံဌာနကို ငရဲဘုံလို႔ ေခၚၿပီး အဲဒီလို ဘုံဘဝမွာ အၿမဲဆင္းရျခင္းႏွင့္ ဒုကၡအတိျပည့္ေန ခံစားေနရသူကို ငရဲသားလို႔ ေခၚတယ္ဆိုတာ နားလည္ သိရွိ သေဘာေပါက္ခဲ့ပါတယ္။

ငရဲျပည္မွာ ငရဲခံရတယ္၊ ငရဲႀကီးတယ္ဆိုတာကို ဘယ္လိုဟု နားမလည္ခဲ့ေပမယ့္ ျဖတ္သန္းခဲ့ရတဲ့ ဘဝလမ္းတေလွ်ာက္က ကိုယ့္ပတ္ဝန္းက်င္ လူေနမႈရႈခင္းကို ေလ့လာ ခံစားၾကည့္ၿပီးေတာ့ အနည္းငယ္ သေဘာေပါက္သလိုပါပဲ။

အသက္ရွင္လ်က္ ငရဲက်သဴ

စာေရးသူရဲ႕ ႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္း ပတ္ဝန္းက်င္မွာ လူေနအိမ္မ်ားလည္း ကပ္လို႔ တည္ေနၾကပါတယ္။ ေနဝင္မိုးခ်ဳပ္ၿပီဆိုရင္ ဆဲသံ ဆိုသံေတြနဲ႕အတူ ရိုက္ႏွက္သံ ငိုေႂကြးသံေတြဟာ မၾကားခ်င္အဆုံးပါပဲ။ စားဝတ္ေနေရး မေျပလည္လို႔ကတမ်ိဳး၊ လင္မယားခ်င္း ရန္ျဖစ္ ရိုက္ႏွက္ၾကလို႔ တသြယ္၊ ေမြးထားတဲ့ ကေလးငယ္ေတြက ထမင္းဆာလို႔က တမ်ိဳးနဲ႕ ေတာ္ေတာ္ဆိုးခဲ့ပါတယ္။ ခုအခါ ျပန္ေတြးမိေတာ့မွ သူတို႔ဟာလည္း အသက္ရွင္လ်က္နဲ႕ ငရဲခံေနရသလို ျဖစ္ေနေၾကာင္း သေဘာေပါက္ခဲ့တယ္။

အိႏၵိယနိုင္ငံရဲ႕ ၿမိဳ႕ေတာ္ႀကီးေတြ အသီးသီးကို ေလ့လာေရး ေရာက္ခဲ့တုန္းက လမ္းေဘးမွာ ေနထိုင္သူ အမ်ားစုကို ေတြ႕ခဲ့ရဖူးပါတယ္။ တစ္ေနရာတည္းမွာပဲ ကေလးလူႀကီး စုစည္းေနၿပီး ဆင္းဆင္းရဲရဲ ေနၾကရ ထိုင္ၾကရပါတယ္။ အဲဒီလို လမ္းေဘးေန လူတန္းစားကို ေတြ႕ျမင္ရတဲ့အခါမွာလည္း ေနာက္ဘဝခံရမယ့္ ငရဲထက္ လူ႕ျပည္မွာ အသက္ရွင္လ်က္နဲ႕ ငတ္ျပတ္ဆင္းရဲ ေနရျခင္းကိုလည္း ငရဲလို႔ ေျပာနိုင္မလားဆိုတာ ေတြးမိခဲ့ျပန္ပါတယ္။

မေလးရွားေနစဥ္ ကာလတုန္းကလည္း ရာဝမ္းအရပ္ဘက္ရွိ ျမန္မာနိုင္ငံသား ေဆး႐ုံဆင္း လူနာေတြကို လက္ခံ ျပဳစု ေစာင့္ေရွာက္ထားရာ ျပန္လည္ထူေထာင္ေရးစခန္း တစ္ခုကို သြားေရာက္ လႉဒါန္းခဲ့ဖူးပါတယ္။

အဲဒီေနရာမွာ ေရာဂါအမ်ိဳးမ်ိဳးနဲ႕ ခြဲစိတ္ကုသ ခံယူထားသူေတြ၊ အျဖစ္အပ်က္မ်ိဳးစုံနဲ႕ ေျချပတ္လက္ျပတ္ေတြျဖစ္ၿပီး ခိုကိုးရာမဲ့ ျဖစ္ေနၾကသူေတြ မ်ားစြာကို ေတြ႕ခဲ့ရပါတယ္။ ကေလးမေလးတစ္ေယာက္ဆို မစင္သြားဖို႔ေနရာ မပါခဲ့လို႔ ဗိုက္ကေန ခြဲၿပီး ပိုက္ထုတ္တားရတာကိုလည္း ေတြ႕သိခဲ့ရဖူးပါတယ္။

ဒါေတြအျပင္ မိမိတို႔ ပတ္ဝန္းက်င္မွာ အဆင္မေျပမႈေတြ မ်ားစြာေၾကာင့္ ေသာကေတြ ပူေနရ၊ ပရိေဒဝမီးေတြ ေတာက္ေလာင္ေနၾကရတာေတြ၊ ကိုယ္အဂၤါခ်ိဳ႕တဲ့ၿပီး လူစင္မမီသူေတြ၊ စားရမဲ့ ေသာက္ရမဲ့ ခိုကိုးရာမဲ့ ဆင္းရဲသားေတြ အေျမာက္အမ်ားကိုလည္း ေတြ႕ျမင္ ၾကားသိေနရတဲ့အခါ ဒါသည္ပင္လွ်င္ အသက္ရွင္လ်က္ ငရဲက်ေနသူမ်ားလို႔ ခံစား နားလည္လိုက္မိပါတယ္။

ကိုယ္ျပဳသည့္ ကံ၊ ကိုယ္သာ ခံ

ဆင္းရဲႏြမ္းပါးေသာ တဲအိမ္အတြင္းမွ အဘိုးအိုသည္ မိမိကိုယ္ကို မိမိ အျပစ္တင္ျခင္းမွတပါး အျခားလုပ္ေဆာင္ဖြယ္ရာ မရွိေတာ့သလို ျဖစ္ပါလိမ့္မယ္။ အိႏၵိယစကားပုံတစ္ခုမွာ ဖတ္ဖူးတာကေတာ့ ညဘက္မွာ အိပ္မက္ေကာင္းေကာင္း မက္ေအာင္ ေန႕ခင္းဘက္မွာ အလုပ္မ်ားမ်ား လုပ္ေဆာင္ပါတဲ့။ ျမန္မာစကားပုံမွာေတာ့ ေနပူတုန္း ေကာက္ရိုးလွန္း၊ မိုး႐ြာတုန္း ေရခံ၊ လသာတုန္း ဗိုင္းငင္ စသည္ျဖင့္ ေရွးလူႀကီးေတြ ဆိုရိုးစကား ထားခဲ့တာကို ဖတ္ရႈရဖူးပါတယ္။ အသက္ႀကီးေသာအခါ ႂကြယ္ဝခ်မ္းသာ ေသာကကင္းဖို႔ဆိုရင္ ငယ္စဥ္ကတည္းက ႀကိဳးစား အလုပ္လုပ္ဖို႔ လိုတယ္ဆိုတာကို ပညာေပးခ်င္တာလို႔ နားလည္ခဲ့မိပါတယ္။

လူမိုက္နဲ႕ ပညာရွိ၊ လူခ်မ္းသာနဲ႕ လူဆင္းရဲတို႔ရဲ႕ ဘဝလမ္းခြဲဟာ ေက်ာင္းဝင္းထဲမွာ ရွိပါတယ္။ ေက်ာင္းေနေပ်ာ္၍ စာေတာ္ေအာင္ ႀကိဳးစားခဲ့သူမ်ားအေနျဖင့္ ပညာတတ္မယ္၊ ရာထူးဂုဏ္ရွိန္ စည္းစိမ္ႀကီးလို႔ ေကာင္းသည္ထက္ ေကာင္းေအာင္ လႉနိုင္တန္းနိုင္ အမ်ားအက်ိဳးေဆာင္နိုင္ကာ ဘဝအဆင့္ ျမင့္သည္ထက္ ျမင့္ၾကပါမယ္။ တဘက္မွာ ငယ္စဥ္က ပ်င္းအားႀကီး စာမႀကိဳးစားဘဲ အေဖာ္မက္ အေပ်ာ္အပ်က္ဘက္တြက္ အခ်ိန္ကုန္မ်ားခဲ့သူေတြကေတာ့ ပညာမဲ့ျဖစ္မယ္ ဆင္းရဲမယ္၊ လူေတာမတိုး လူရာမဝင္တာမ်ိဳး ဘဝအဆင့္ နိမ့္က်ေနပါမယ္။

တခ်ိဳ႕က်ေတာ့လည္း ငယ္ငယ္ကေတာ့ လိမ္မာ ရိုးသား ႀကိဳးစားခဲ့ၾကပါရဲ႕၊ အ႐ြယ္ေလးေရာက္လာေတာ့မွ အေဖာ္မေကာင္း မေကာင္းသူေတြရဲ႕ အမူအက်င့္ကို အဟုတ္ႀကီးထင္ၿပီး အတုယူလြဲမွားၾကလို႔ ပ်က္စီးသြားၾကရတာလည္း ရွိပါတယ္။ ဆိုလိုတာကေတာ့ ဒီလို ဆင္းရဲၾကမ္းတမ္းတဲ့ ေလာကဓံေတြနဲ႕ ဆုံဆည္းၿပီး၊ ပူပင္ ေသာက ဗ်ာပါဒေတြနဲ႕ အသက္ရွင္လ်က္ ငရဲခံေနၾကရသဖြယ္ ျဖစ္ေနရတာ အရင္းစစ္ေတာ့ ကိုယ္ျပဳတဲ့ ကံ၊ ကိုယ္ျပန္ခံရတာလို႔ပဲ ဆိုခ်င္ပါတယ္။

ငရဲနဲ႕ ေျခာက္၊ မေၾကာက္ၾကဘူး

အၿမဲတမ္း ဆင္းရဲဒုကၡနဲ႕သာ ခံစားေနရတဲ့ ငရဲျပည္ဆိုတာ ခဏတျဖဳတ္ အလည္ေတာင္မွ မသြားသင့္တဲ့ ေနရာတစ္ခုပါ။ အကုသိုလ္အမႈနဲ႕ ခ်မ္းသာေနသူ ေအာင္ျမင္ေနသူ တခ်ိဳ႕က်ေတာ့လည္း ငရဲဆို ခ်ိဳနဲ႕လား၊ မေၾကာက္မၿဖဳံ မယုံၾကျပန္ဘူး။ ေနာက္ဘဝ ခံရမယ့္ ငရဲဆိုတာ မယုံၾကည္ မေၾကာက္ဆိုတာ ထားလိုက္ပါဦး၊ ဒီဘဝမွာတင္ အဆင္မေျပမႈေတြ ဗလေဗြနဲ႕ ဒုကၡေတြေရာက္ၾကရ၊ ကိုယ္ဆင္းရဲ စိတ္ဆင္းရဲ ျဖစ္ၾကရတဲ့ အပူေတြ ပူျပင္းလွတယ္ဆိုတာကေတာ့ သိသာပါတယ္။

အျပင္က ရာသီဥတု ဘယ္ေလာက္ပူပူ၊ အတြင္းက ကိေလသာအပူကိုေတာ့ မမီပါဘူး။ ေလာဘေဇာတက္ၿပီး ပူရတာရွိသလို၊ ေဒါသေတြထြက္လို႔ ပူရတာလည္း ရွိပါတယ္။ သားရွိေသာသူ သားေၾကာင့္ပူရသလို၊ ကားရွိေသာသူ ကားေၾကာင့္ ပူၾကရတာပါပဲ။ ငရဲအပူ ဘယ္ေလာက္ပူသလဲ မသိေပမယ့္ ေလာကရဲ႕ ေသာကအပူ ဘယ္ေလာက္ပူတယ္ဆိုတာ ကိုယ္ေတြ႕သိသူ မ်ားပါတယ္။

ငရဲ ဘာေၾကာင့္လားရတယ္

ဒီေတာ့ ငရဲ ဘာေၾကာင့္ လားရသလဲ? ဆိုတာ ေမးစရာ ေတြးစရာ စဥ္းစားစရာ ျဖစ္ပါတယ္။ အတိုခ်ဳံးၿပီး ေျဖရရင္ေတာ့ ငရဲေရာက္ေၾကာင္း မေကာင္းမႈ အကုသိုလ္ ဒုစရိုက္ေတြကို ျပဳမိမွားလို႔ ျဖစ္တယ္ … ေျပာရပါမယ္။

အပါးလယ္လို႔ အပါယ္လားတယ္

တခ်ိဳ႕သူေတြဟာ စီးပြားေရး လူမႈေရး ဘာသာေရး စသည္ျဖင့္ အမ်ားႏွင့္ စုေပါင္းေဆာင္႐ြက္ၾကရတဲ့ အမႈကိစၥေတြမွာ အပါးခိုေနေလ့ ရွိၾကပါတယ္။ ေကာင္းမႈကုသိုလ္ျပဳရာမွာလည္း ဒီနည္းတူပါပဲ။ ေကာင္းတာ ႀကံဖို႔ ေျပာဖို႔ လုပ္ဖို႔ဆိုရင္ ဝန္ေလးေနၿပီး၊ ေသာက္စား ကစား အေပ်ာ္အပါးဆိုရင္ေတာ့ ထိပ္ဆုံးက ကြၽန္ေတာ္ ျဖစ္ေနတတ္ၾကတယ္။ ဒီလို ကုသိုလ္အပါး မဝဘဲ အကုသိုလ္အပါးဝသူေတြဟာ အပါးလယ္သူေတြျဖစ္လို႔ အပါယ္လား ငရဲသြားၾကရပါတယ္။

အမ်ိဳးအမည္ကြဲျပား ငရဲမ်ား

ငရဲဆိုတဲ့ စကားလုံးဟာ `င´နဲ႕ `ရဲ´ စကားလုံးေလးႏွစ္လုံးသာ ေပါင္းထားတဲ့ စကားလုံးေလးမွ်ပဲ။ ငရဲဘုံသို႔ က်ေစနိုင္တဲ့ မေကာင္းမႈ အကုသိုလ္ ဒုစရိုက္ေတြ ကြဲျပား ျခားနား မ်ားျပားသလို လားေရာက္ၾကရတဲ့ ငရဲ အမ်ိဳးအမည္ အမ်ိဳးအစားေတြလည္း မ်ားစြာ ကြဲျပားပါတယ္။ လူ႕ေလာက တရား႐ုံးေတြမွာ က်င့္သုံးတဲ့ ျပစ္မႈအမ်ိဳးမ်ိဳးအတြက္ ျပစ္မႈဆိုင္ရာ ဥပေဒအမ်ိဳးမ်ိဳးနဲ႕ ဆုံးျဖတ္ ျပစ္ဒက္ အမ်ိဳးမ်ိဳး က်ခံရသလိုပါပဲ။ ျပစ္မႈႀကီးလြန္းရင္ ေသဒဏ္ေပးၾကသလို အကုသိုလ္အျပစ္ ဒုစရိုက္အင္အား ႀကီးမားလြန္းရင္ အဝီစိဆိုတဲ့ ငရဲမွာ အခ်ိန္ၾကာျမင့္စြာ ဒုကၡခံစားၾကရမွာ ျဖစ္ပါတယ္။

မဟုတ္တာ အလုပ္မ်ားသူတို႔ အဟုတ္သြားရမည့္ ငရဲဘုံဆိုတာ အႀကီးနဲ႕အငယ္ ႏွစ္သြယ္ ကြဲျပားပါတယ္။ ငရဲႀကီး ရွစ္ထပ္ ရွိၿပီး၊ ငရဲႀကီးတစ္ထပ္စီရဲ႕ အရပ္ေလးမ်က္ႏွာမွာ ငရဲငယ္ ေလးထပ္စီ ၿခံရံထားပါတယ္။ ဒုစရိုက္သမားတို႔ ခံစားၾကရမယ့္ ငရဲဘုံအျပား တစ္ရာေက်ာ္ပါတယ္။

ငရဲတံခါး ဖြင့္ေနသူမ်ား

ငရဲေရာက္နိုင္သည့္ အကုသိုလ္ကံအေၾကာင္းေတြကို ေလ့လာၾကည့္တဲ့အခါ အမ်ားစုဟာ သူ႕အသက္သတ္ျခင္း စတဲ့ ငါးပါးသီလ ကိုယ္က်င့္တရား က်ဴးလြန္ ေဖာက္ဖ်က္ ခ်ိဳ႕ယြင္းၾကလို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ မျပစ္မွားသင့္ေသာ အနေႏၲာ အနႏၲငါးပါးကို ျပစ္မွား ေစာ္ကားျခင္း၊ ခင္ပြန္းႀကီးဆယ္ပါးအေပၚ ျပစ္မွားျခင္း စတဲ့ အကုသိုလ္ကံေတြေၾကာင့္ဆိုတာလည္း ေတြ႕ရပါတယ္။

ဒါတင္မက သိဂၤါေလာဝါဒသုတ္မွာ ဗုဒၶျမတ္စြာ မိန႔္မွာခဲ့တဲ့ က်င့္ဝတ္အေထြေထြကို မေက်ပြန္ရင္လည္း ငရဲလားနိုင္တာပါပဲ။ ဥပမာအားျဖင့္ တာပနငရဲဆိုတာဟာ အဂတိတရား လိုက္စားသူ၊ လင္ေယာက်္ားကို မထီမဲ့ျမင္ အေရးမထား မေလးမစားလုပ္ အနိုင္က်င့္သူ၊ ၀တၱရားမေက်ပြန္သူေတြ လားေရာက္တတ္တဲ့ ငရဲတစ္ခုျဖစ္ပါတယ္။ဒီလိုဆိုေတာ့ ငါးပါးသီလ မလုံၿခဳံသူေတြ၊ လင့္ဝတၱရား မယားဝတၱရား၊ သားသမီးဝတၱရား မေက်ပြန္သူေတြ စတဲ့သူေတြကို ငရဲတံခါး ဖြင့္ေနသူမ်ားလို႔ ဆိုခ်င္ပါတယ္။

ငရဲတံခါး ပိတ္စို႔လား

ငရဲဆိုတာ ခ်မ္းသာကင္းၿပီး အၿမဲ ဆင္းရဲ ပူေလာင္စြာ ခံစားေနရတဲ့ ေနရာ၊ ဘုံလို႔ အက်ဥ္းအားျဖင့္ နားလည္ခဲ့ပါၿပီ။ ငရဲသြားဖို႔လည္း ဘယ္သူမွ လိုလားမွာ မဟုတ္ပါဘူး။ ငရဲမေရာက္ခ်င္ရင္ ငရဲေရာက္ေစမယ့္ မေကာင္းမႈ အကုသိုလ္ ဒုစရိုက္ေတြကို မလုပ္မွ ျဖစ္မယ္။ ေရွာင္ရမယ့္ ဝါရိတၱသီလေတြကို ေစာင့္ထိန္းရသလို၊ ေဆာင္အပ္တဲ့ စာရိတၱသီလေတြျဖစ္တဲ့ ကိုယ္က်င့္တရားေတြကိုလည္း ျမႇင့္တင္ က်င့္သုံးရပါမယ္။

ေကာင္းတာကိုသာ ႀကံ၊ ေကာင္းတာေတြသာ ေျပာ၊ ေကာင္းမႈေတြသာ လုပ္ၾကရပါမယ္။ ဒါမွသာ `ငရဲမွာ အပ´၊ ငရဲမင္းက ကိုယ့္ကို အပျပဳ ဖယ္ၾကဥ္၊ ငရဲက ကင္းေဝးလို႔ ငရဲတံခါး ပိတ္ၿပီးသား ျဖစ္ေနပါလိမ့္မယ္။

မိဘဘိုးဘြား ကန္ေတာ့ၾကပါစို႔

ပူပင္ေသာက ဗ်ာပါဒေတြ ကင္းၿပီး စိတ္ေအးခ်မ္းသာ ကိုယ္က်န္းမာ လိုရာဆႏၵေတြ ျပည့္စုံရေအာင္၊ ငရဲလားနိုင္ေၾကာင္း မေကာင္းမႈေတြ ရွိခဲ့ရင္ေတာင္ ေျပေလ်ာ့ရေအာင္၊ ကုသိုလ္ေတြ တိုးပြားၿပီး မေကာင္းေဘးမ်ား ေရွာင္ရွားသြားရေအာင္ အနေႏၲာ အနႏၲငါးပါး၊ ခင္ပြန္းႀကီးဆယ္ပါးတို႔ကို ဒီလို ဝါကြၽတ္ခ်ိန္ခါမွာ ကန္ေတာ့ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။သက္႐ြယ္ႀကီးမား မိဘဘိုးဘြား ဆရာသမားေတြကို ကန္ေတာ့ျခင္းဟာ မိမိအတြက္ ကုသိုလ္ေတြ တိုးသလို ေဘးဆိုးေတြမွလည္း ကင္းေဝးေစပါတယ္။ အပါယ္ေဘးကိုေတာင္ အထိုက္အေလ်ာက္ တားဆီးေပးနိုင္ပါတယ္။

ဓမၼမိတ္ေဆြမ်ား အားလုံး ေဘးရန္ကင္းကြာ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါေစ၊ စိုးရိမ္ပူေဆြး ငိုေႂကြးျခင္းေဘးေတြကလည္း လြန္ေျမာက္နိုင္ၾကပါေစေၾကာင္း ဝါကြၽတ္ဆုမြန္ျပဳရင္း ငရဲတံခါး ပိတ္ၾကစို႔လို႔ ဆႏၵျပဳ တိုက္တြန္းလိုက္ပါတယ္။

အရွင္နႏၵဝံသ (ရမည္းသင္း) ေဇယ်သဳခ ဓမၼရိပ္သာ အမာရီလိုၿမိဳ႕၊ တကၠဆပ္ျပည္နယ္

Leave a Reply

Your email address will not be published. Required fields are marked *