သူကတော့လွတ်မြောက်နယ်မြေရောက်ခဲ့ပေမဲ့ အခက်အခဲတွေရင်ဆိုင်နေရတဲ့အနုပညာ ညီအစ်ကိုမောင်နှမတွေကို လွမ်းမိရင်းပုံတူလေးရေးဆွဲထားတဲ့ ကိုပေါက်

Posted on

နာမည်ကြီး အနုပညာရှင် အချို့ ကတော့ ပြည်သူတွေ ဘက်ကနေ ရပ်တည်ပြီး အာဏာရှင် ဆန့်ကျင်တဲ့ နွေဦး တော်လှန်ရေး ဆင်နွှဲခဲ့လို့ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ ရပါတယ်။ ဒါရိုက်တာ ကိုပေါက် တစ်ယောက် ကလည်း ပြည်သူတွေ ဘက်ကနေ မားမား မတ်မတ် ရပ်တည် ခဲ့တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့် ခံထား ရသူ ဖြစ်ပါတယ်။

လွတ်မြောက် နယ်မြေ တစ်နေရာ ကို ရောက်ရှိ နေတဲ့ ကိုပေါက် ကတော့ ရောက်ရာ နေရာ ကနေ တော်လှန်ရေး တိုက်ပွဲ ဆင်နွှဲနေသူ ဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက် ဟာ ဖမ်းဆီးထိန်းသိမ်း ခံထား ရတဲ့ လူမင်း၊ ပြေတီဦး၊ ပိုင်တံခွန် နဲ့ အူဝဲတို့ ရဲ့ ပုံတူကို ရေးဆွဲ ခဲ့ပြီး လွမ်းဆွတ် သတိရ နေခဲ့ ပါတယ်။

အနုပညာရှင် ညီအစ်ကို မောင်နှမ တွေ ဖြစ်ကြ ပြီး မိသားစု ဝင်တွေ လို ချစ်ခင် ရတဲ့ လူမင်း၊ ပြေတီဦး၊ အူဝဲနဲ့ ပိုင်တံခွန်ရဲ့ ပုံတူ ပန်းချီကားလေး တွေကို ကိုပေါက် တစ်ယောက် ရေးဆွဲ ခဲ့ပါတယ်။ ကိုပေါက် ကတော့ သူ ကိုယ်တိုင် ရေးဆွဲ ထားတဲ့ ပုံတူ ပန်းချီလေး တွေကို ပြည်သူတွေ ရှေ့ ချပြ လာခဲ့ ပါတယ်။

ကိုပေါက် ကတော့ ” တစ်ယောက်က အစ်ကိုလို တစ်ယောက်က သူငယ်ချင်း တစ်ယောက်က ညီမလို တစ်ယောက်က ညီလို တစ်လှေ တည်းစီး တစ်ခရီး တည်းသွား ကြရင်း ခရီး တစ်ထောက်မှာ သူတို့ တွေ ဒါဏ်ရာ ဗရပွ နဲ့ ကျန်ရစ် ခဲ့ကြတယ် ဒီနေ့ သူတို့ တွေကို လွမ်းလို့ ရေးဖြစ်တဲ့ ကောက်ကြောင်းများ ” ဆိုပြီး လူမှု ကွန်ယက် ထက်မှာ ရေးသား ထားခဲ့ တာပဲ ဖြစ်ပါတယ်။

ပရိသတ် ကြီးရေ လွတ်မြောက် နယ်မြေ တစ်နေရာ ကနေ ဒါရိုက်တာ ကိုပေါက် ရေးဆွဲ ထားခဲ့ တဲ့ ပုံတူ ပန်းချီလေး တွေကို အမှတ် တရနဲ့ ပြန်လည် ဖော်ပြ ပေးလိုက် ရပါတယ် နော်။

Zawgyi

နာမည္ႀကီး အႏုပညာရွင္ အခ်ိဳ႕ ကေတာ့ ျပည္သူေတြ ဘက္ကေန ရပ္တည္ၿပီး အာဏာရွင္ ဆန္႔က်င္တဲ့ ေႏြဦး ေတာ္လွန္ေရး ဆင္ႏႊဲခဲ့လို႔ ဖမ္းဆီး ထိန္းသိမ္းျခင္း ခံခဲ့ ရပါတယ္။ ဒါရိုက္တာ ကိုေပါက္ တစ္ေယာက္ ကလည္း ျပည္သူေတြ ဘက္ကေန မားမား မတ္မတ္ ရပ္တည္ ခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္ ျဖစ္ၿပီး ၅၀၅(က)နဲ႔ အမႈဖြင့္ ခံထား ရသူ ျဖစ္ပါတယ္။

လြတ္ေျမာက္ နယ္ေၿမ တစ္ေနရာ ကို ေရာက္ရွိ ေနတဲ့ ကိုေပါက္ ကေတာ့ ေရာက္ရာ ေနရာ ကေန ေတာ္လွန္ေရး တိုက္ပြဲ ဆင္ႏႊဲေနသူ ျဖစ္ပါတယ္။ ဒါရိုက္တာ ကိုေပါက္ ဟာ ဖမ္းဆီးထိန္းသိမ္း ခံထား ရတဲ့ လူမင္း၊ ေျပတီဦး၊ ပိုင္တံခြန္ နဲ႔ အူဝဲတို႔ ရဲ့ ပုံတူကို ေရးဆြဲ ခဲ့ၿပီး လြမ္းဆြတ္ သတိရ ေနခဲ့ ပါတယ္။

အႏုပညာရွင္ ညီအစ္ကို ေမာင္ႏွမ ေတြ ျဖစ္ၾက ၿပီး မိသားစု ဝင္ေတြ လို ခ်စ္ခင္ ရတဲ့ လူမင္း၊ ေျပတီဦး၊ အူဝဲနဲ႔ ပိုင္တံခြန္ရဲ့ ပုံတူ ပန္းခ်ီကားေလး ေတြကို ကိုေပါက္ တစ္ေယာက္ ေရးဆြဲ ခဲ့ပါတယ္။ ကိုေပါက္ ကေတာ့ သူ ကိုယ္တိုင္ ေရးဆြဲ ထားတဲ့ ပုံတူ ပန္းခ်ီေလး ေတြကို ျပည္သူေတြ ေရွ႕ ခ်ၿပ လာခဲ့ ပါတယ္။

ကိုေပါက္ ကေတာ့ ” တစ္ေယာက္က အစ္ကိုလို တစ္ေယာက္က သူငယ္ခ်င္း တစ္ေယာက္က ညီမလို တစ္ေယာက္က ညီလို တစ္ေလွ တည္းစီး တစ္ခရီး တည္းသြား ၾကရင္း ခရီး တစ္ေထာက္မွာ သူတို႔ ေတြ ဒါဏ္ရာ ဗရပြ နဲ႔ က်န္ရစ္ ခဲ့ၾကတယ္ ဒီေန႔ သူတို႔ ေတြကို လြမ္းလို႔ ေရးျဖစ္တဲ့ ေကာက္ေၾကာင္းမ်ား ” ဆိုၿပီး လူမႈ ကြန္ယက္ ထက္မွာ ေရးသား ထားခဲ့ တာပဲ ျဖစ္ပါတယ္။

ပရိသတ္ ႀကီးေရ လြတ္ေျမာက္ နယ္ေၿမ တစ္ေနရာ ကေန ဒါရိုက္တာ ကိုေပါက္ ေရးဆြဲ ထားခဲ့ တဲ့ ပုံတူ ပန္းခ်ီေလး ေတြကို အမွတ္ တရနဲ႔ ျပန္လည္ ေဖာ္ၿပ ေပးလိုက္ ရပါတယ္ ေနာ္။

Leave a Reply

Your email address will not be published.