သူနေထိုင်တဲ့ အေးချမ်းသာယာလွန်းသော တောင်ပေါ်မြို့လေးကို လာလည်ဖို့ဖိတ်ခေါ်ခဲ့တဲ့ မင်းသားကောင်းခန့်……..

Posted on

တစ်ချိန်က မြန်မာရုပ်ရှင် ဇာတ်လမ်း တွေထဲ သဘာဝကျကျ သရုပ်ဆောင် ဟန်များ ၊ ကြည်လင်တောက်ပတဲ့ အသားအရည် နဲ့ ပရိတ်သတ် တွေရဲ့ အာရုံကို ဖမ်းစားခဲ့တဲ့ မင်းသား တစ်လက် ဆိုရင်တော့ မင်းသား ကောင်းခန့် ကို ဖော်ပြ ရမှာပါပဲ။ သူဟာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ တာဖြစ်ပြီး ပရိတ်သတ် တွေရဲ့ ချစ်ခင်အားပေးမှုကို အတော်လေး ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိ မှာတော့ သူဟာ အနုပညာ လောကမှ အနားယူသွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အပြင် လောကမှာ အေးချမ်း သာယာတဲ့ မိသားစု ဘဝလေးကို တည်ဆောက် ထားသူ ဖြစ်ပါတယ်။ မင်းသား ကောင်းခန့် မှာ သူ အရမ်းကို ချစ်ရတဲ့ ဇနီးနှင့်အတူ ချစ်စရာကောင်းတဲ့ သမီးလေး(၁)ဦး ပါ ပိုင်ဆိုင် ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ လက်ရှိမှာ သူအရမ်း သဘောကျရတဲ့ စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အချိန်ကုန်ဆုံး နေတာ ဖြစ်ပါတယ်။

အခု တစ်ခါမှာ ဆိုရင် သရုပ်ဆောင် မင်းသားကြီးကောင်းခန့်က အေးချမ်းတဲ့ တောင်ပေါ်မြိုလေးကို လာလည်ဖို့ ပရိတ်သတ် တွေကို အခုလို ဖိတ်ခေါ်လိုက်တာ ဖြစ်ပြီး ကောင်းခန့်က “ဆန္ဒရှိရင် လှမ်းလာခဲ့ပါ မိတ်ဆွေ၊ ရိုးသားကြိုးစားတဲ့ သူတော်ကောင်းလေး တစ်ယောက် အေးချမ်းတဲ့ တောင်ပေါ်မြို့လေး တစ်မြို့မှာ ရှိတယ်လို့၊ သတိပြုရန် ။ စာရေးသူ၏ ခန္ဓာကိုယ် အလှအား ဝေဖန်ခြင်း မပြုရ ” ဆိုပြီးရေးသား ဖော်ပြ ထားပါ တာပဲ ဖြစ်ပါတယ်။

Zawgyi




Leave a Reply

Your email address will not be published.