သူမကိုယ်တိုင်ထုတ်ထားတဲ့မိတ်ကပ်ရောင်းလို့ရတဲ့ငွေနဲ့ ရှင်အပါး(၁၀၀)ကျော်အလှူပွဲကြီးကို မတည်နိုင်ခဲ့လို့ပရိသတ်တွေပါသာဓုခေါ်ဖို့ မျှဝေပေးလိုက်တဲ့ ခင်စန်းဝင်း
Posted on
ပရိသတ်ကြီးရေ မကြီးစန်း လို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ နိုင်ငံကျော် မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကတော့ အနုပညာ လောကမှာ သာမက ပရိသတ်တွေ ကြားမှာပါ မသိတဲ့သူ မရှိအောင် ကျော်ကြားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခင်စန်းဝင်းက မိတ်ကပ်ဖန်တီးရှင် တစ်ယောက်အပြင် ကြော်ငြာတွေ၊ သီချင်း MV တွေနဲ့ ရုပ်ရှင် ဇာတ်ကားကြီးနှစ်ကားမှာပါ ပါဝင် သရုပ်ဆောင် ခဲ့တာပဲ ဖြစ်ပါတယ်။ စိတ်ထား ကောင်းပြီး အလှူအတန်းတွေ မကြာခဏ ဆိုသလို လုပ်လေ့ရှိတဲ့ မိတ်ကပ် ခင်စန်းဝင်း ဟာ မြို့သာမြို့ ကုန်းသာကျေးရွာမှာ ရှင်သာမဏေအပါး ၁၀၀ စာအတွက် အလှူငွေများ မတည် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။
ပထမက မိတ်ကပ် ရောင်းရငွေ သိန်း၅၀ မတည်ပြီး အလှူလုပ်ဖို့ ရည်ရွယ်ထား ပေမယ့်လည်း မကြီးစန်းကို ချစ်ကြတဲ့ တပည့်လေးတွေ မိတ်ဆွေ လေးတွေကပါ ဒီအလှူမှာ အလှူငွေလေးတွေ ထည့်ပြီး ဝိုင်းလှူကြတော့ မထင်မှတ်ပဲ ပိုပြီး ကြီးသွားတယ် ” လို့ ဝမ်းသာ ပီတီနှင့် ပြောလာတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ အလှူုပွဲ အောင်မြင်စွာ ပြီးဆုံးသွားတဲ့ အတွက် မကြီးစန်းကတော့ ဝမ်းမြောက် ဝမ်းသာနဲ့ ပရိသတ်ကြီးအား သာဓုခေါ်ဖို့ မျှဝေလာတာပဲ ဖြစ်ပါတယ်နော်။” ကျမ​၏ အလှူပွဲကြီးအောင်မြင်စွာ ပြီးမြောက်ခဲ့ပြီးပါပြီ ..KSW Beauty မိတ်ကပ်နှင့်ပေါင်ဒါရောင်းရ ငွေထဲက..လှူတာ ဖြစ်လို့ KSWဖြစ်ပေါ်လာဖို့ ပံ့ပိုးကူညီခဲ့သူ..ရောင်းချပေးခဲ့သူ အားလုံးနှင့် ဝယ်ယူ အားပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးတုံ့ ပြန်တဲ့ အနေနဲ့ ကုသိုလ် ကောင်းမူ လုပ်ခဲ့တာပါ။
မူလက လက်ထဲမှာ လှူဖို့ ဖယ်ထားတဲ့ ငွေကြေးနဲ့ လုပ်မယ်လို့ စိတ်ကူးထားပေမယ့် မကြီးစန်းရဲ့ အလှူမှာ ပါဝင်ချင်တဲ့ ဒေသခံများရဲ့ ဆန္ဒကြောင့် မထင်မှတ်ဘဲ အလှူပွဲကြီး ဖြစ်ခဲ့ရတာပါ,ပွဲကြီးလာတဲ့အခါ ကုန်ကျငွေလဲ ပိုလာခဲ့ပါတယ် မူလ ရည်မှန်းထားတဲ့ ငွေကြေးအပြင် ဝင်လာတဲ့ ပိုက်ဆံတွေ ထဲက ၅သိန်းရလိုက် ၃သိန်းရလိုက်နဲ့ ဝင်လာသမျှကို အလှူထဲထည့်ပြီး ပိုက်ဆံမလုံလောက်မှာ စိုးရိမ်ပြီး ရင်တထိတ်ထိတ်နဲ့ ပါ ရန်ကုန်မြို့မှာ လှူသလို အလှူ လှည့်ပြီး နောက်တစ်မနက်မှာ ဧည့်ခံ ကျွေးမွေးလိုက်ရင် ပြီးတာ မဟုတ်ပါဘူး။ မဏ္ဏပ်စ‌ေဆာက်တဲ့ နေ့ ကတည်းကနေ အလှူဘိတ်သိတ် မြှောက်ပြီးတဲ့နေ့ နောက်တစ်ရက်အထိ ဧည့်ခံရတာပါ မောင်ရင်လောင်း အပါး ၆၄ပါး,နားသအပါး၃ဝနီးပါး၊၊ ရဟန်းခံ၂၅ပါးနှင့် သီလရှင်၂၂ပါး တကယ့်ကို ဘဝမှာ အမှတ်တရနဲ့ ကြည်နူးစွာ ကုသိုလ်ပြုရတာပါ။
ကံကောင်း ထောက်မစွာနဲ့ အလှူကျင်းပမယ် ဆိုကတည်းက အလှူငွေတွေ ထည့်ဝင်ကြတဲ့ မိတ်ဆွေတွေ အပေါင်းအသင်းတွေ တပည့်တွေရဲ့ အလှူငွေ များကြောင့် စိတ်ပူနေတဲ့ကြားက အဆင်ပြေချောမွေ့စွာ ပြီးမြောက်ခဲ့ပါတယ်။ ကုန်းသာရရွာမှ ဦးဇင်းနှင့် ရွာခံများရဲ့ လုပ်အား ဒါနကြောင့်လဲ့ ချိမ့်ချိမ့်သဲ အောင်မြင်စွာပြီး မြောက်ခဲ့တာပါ။ နေရေး ထိုင်ရေးက အစ လိုလေသေးမရှိအောင် ဂရုတစိုက် လုပ်ပေးကြလို့ ကျေးဇူးတင်ရပါတယ်။ မကြီးစန်း တပည့်စိုင်းလေးနှင့် မိသားစုရဲ့ ဧည့်ဝတ်ကျေပြွန်မူ အရိပ်တကြည့်ကြည့်နဲ့ လိုအပ်တာမရှိအောင် ဂရုစိုက်မူ တွေက တကယ့်အမှတ်တရပါဘဲ
အလှူပွဲကို မအားလပ်တဲ့ကြားက လူကိုယ်တိုင် လာရောက်ကြတဲ့ အပြင် အလှူမှ ာသံဃာများကို ဝတ္ထုငွေများ ကပ်လှူခြင်း ပွဲစည်အောင် ပိုက်ဆံများကြဲခြင်းများကို ပြုလုပ်ပြီး ကျမအလှူကို ကိုယ့်အလှူလို သဘောထားပြီး ထပ်တူပျော်ရွှင်စွာ ဆင်နွှဲပေးကြလို့ အတိုင်းမသိ ကျေးဇူးတင်ပါတယ်။ မကြီးစန်း ပြုလုပ်ခဲ့တဲ့ အလှူဒါ ကောင်းမူ အစုစုကို ထပ်တူ ကုသိုလ်ရအောင် အမျှပေးဝေပါတယ်။ ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ဆိုကြပါနော်ကုသိုလ်-အမျှ-အမျှ-အမျှ ယူတော်မူကြပါကုန်။
Zawgyi
Leave a Reply
Your email address will not be published.