သူမကိုယ်တိုင်အသက်အရွယ်ရလာတာနဲ့ အမျှ တွေ့ကြုံခံစားလာရတဲ့ စိတ်အခြေနေကို ပရိသတ်တွေကို ရင်ဖွင့်လာတဲ့ ဇင်သဲနိုင်

Posted on

တစ်ချိန်က သူတို့ မိသားစုလေး ကြည့်တိုင်း ပရိသတ်တွေ အမြဲ အားကျပြီး ချစ်ခဲ့ ရတာ ကတော့ ဇင်သဲနိုင်တို့ မိသားစုလေးပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းနဲ့ အတူတူနှစ်ယောက် တူတူကြိုးစားရင်း ပျော်ရွှင်စရာ မိသားစု ဘဝလေးကို ပိုင်ဆိုင် ထားတာပါ။ မိသားစု ကိစ္စတွေကြောင့် ပရိသတ်တွေ ဖန်မှုတွေ ခံခဲ့ရ ပေမယ့်လည်းနောက်ပိုင်းမှာ ပြန်ချစ် နေရ တာပါ။

မကြာခင် ကပဲ ဇင်သဲနိုင်ရဲ့ မွေးနေ့လေးမှာ ပိုင်ဇေရဲထွန်းရဲ့ မွေးနေ့ဆုတောင်းလေး ကြောင့် ပရိသတ်တွေ ကြည်နူး ခဲ့တာပါ။ ခုမှာတော့ ဇင်သဲနိုင်ဟာ အသက်အရွယ်လည်း ရလာတာ ကြောင့် သူမကြုံတွေ့ရတဲ့ စိတ်အခြေနေလေးကို ပြောပြ ခဲ့တာပါ။ အသက်အရွယ် တစ်ခု ရောက်လာတဲ့ အခါ…အရင်လို ပေါ့ပေါ့ပါးပါး မဟုတ်တော့ပဲ အရာရာကို serious ဖြစ်လာတယ်။

တစ်ခုခု ဝယ်တော့မယ် အရင်လို လက်မလွယ်ပဲ တကယ် လိုအပ်ရဲ့လားလို့ အခါခါ စဉ်းစားတတ် လာတယ်။ တစ်ခုခု ပြောတော့မယ်ဆို အရင်လို ပက်ခနဲ မဟုတ်ပဲ အချိန်ခဏ ယူပြီးမှ ပြောသင့် မပြောသင့် ချင့်ချိန်ပြီးမှ ပြောဖြစ် တော့တယ်။

အရင်လို လူတရုန်းရုန်းနဲ့ဆို မပျော်တတ် တော့ပဲ ကိုယ်ချစ်တဲ့ ကိုယ့်ကို ချစ်တဲ့ လူအနည်းစုနဲ့ပဲ ပျော်တတ် လာတယ်။ အလုပ် တစ်ခု လုပ်တော့မယ်ဆိုလည်း အရင်လိုလုပ်ချင်တာ တစ်ခုထဲနဲ့ အကောင်ထည် မဖော်ချင် တော့ဘူး အရင်ဆုံးရှုံးမဲ့ risk ကိုခံနိုင်ရဲ့လား အထပ်ထပ် စဉ်းစားပြီးမှ လုပ်ဖြစ် တော့တယ်..သွေးဆူ အရမ်းလွယ်တဲ့ သူက သွေးအေး လာတယ်..ဆုံးဖြတ်ချက်တွေ အရင်လို မမြန်တော့ဘူး… ။ တစ်ခုခုဆို အလေးနက်ကြီး သိပ်စဉ်းစား သိပ်တွေးပြီး အရမ်းတွေ ခံစားနေတာ အသက်တွေ ကြီးသွားလို့ များလား..ဆိုပြီး ပြောပြခဲ့ တာဖြစ်ပါတယ်။

Zawgyi

တစ္ခ်ိန္က သူတို႔ မိသားစုေလး ၾကည့္တိုင္း ပရိသတ္ေတြ အျမဲ အားက်ၿပီး ခ်စ္ခဲ့ ရတာ ကေတာ့ ဇင္သဲနိုင္တို႔ မိသားစုေလးပဲ ျဖစ္ပါတယ္။ ပိုင္ေဇရဲထြန္းနဲ႔ အတူတူႏွစ္ေယာက္ တူတူႀကိဳးစားရင္း ေပ်ာ္ရႊင္စရာ မိသားစု ဘဝေလးကို ပိုင္ဆိုင္ ထားတာပါ။ မိသားစု ကိစၥေတြေၾကာင့္ ပရိသတ္ေတြ ဖန္မႈေတြ ခံခဲ့ရ ေပမယ့္လည္းေနာက္ပိုင္းမွာ ျပန္ခ်စ္ ေနရ တာပါ။

မၾကာခင္ ကပဲ ဇင္သဲနိုင္ရဲ့ ေမြးေန႔ေလးမွာ ပိုင္ေဇရဲထြန္းရဲ့ ေမြးေန႔ဆုေတာင္းေလး ေၾကာင့္ ပရိသတ္ေတြ ၾကည္ႏူး ခဲ့တာပါ။ ခုမွာေတာ့ ဇင္သဲနိုင္ဟာ အသက္အရြယ္လည္း ရလာတာ ေၾကာင့္ သူမၾကဳံေတြ႕ရတဲ့ စိတ္အေျခေနေလးကို ေျပာၿပ ခဲ့တာပါ။ အသက္အရြယ္ တစ္ခု ေရာက္လာတဲ့ အခါ…အရင္လို ေပါ့ေပါ့ပါးပါး မဟုတ္ေတာ့ပဲ အရာရာကို serious ျဖစ္လာတယ္။

တစ္ခုခု ဝယ္ေတာ့မယ္ အရင္လို လက္မလြယ္ပဲ တကယ္ လိုအပ္ရဲ့လားလို႔ အခါခါ စဥ္းစားတတ္ လာတယ္။ တစ္ခုခု ေျပာေတာ့မယ္ဆို အရင္လို ပက္ခနဲ မဟုတ္ပဲ အခ်ိန္ခဏ ယူၿပီးမွ ေျပာသင့္ မေျပာသင့္ ခ်င့္ခ်ိန္ၿပီးမွ ေျပာျဖစ္ ေတာ့တယ္။

အရင္လို လူတ႐ုန္း႐ုန္းနဲ႔ဆို မေပ်ာ္တတ္ ေတာ့ပဲ ကိုယ္ခ်စ္တဲ့ ကိုယ့္ကို ခ်စ္တဲ့ လူအနည္းစုနဲ႔ပဲ ေပ်ာ္တတ္ လာတယ္။ အလုပ္ တစ္ခု လုပ္ေတာ့မယ္ဆိုလည္း အရင္လိုလုပ္ခ်င္တာ တစ္ခုထဲနဲ႔ အေကာင္ထည္ မေဖာ္ခ်င္ ေတာ့ဘူး အရင္ဆုံးရႈံးမဲ့ risk ကိုခံနိုင္ရဲ့လား အထပ္ထပ္ စဥ္းစားၿပီးမွ လုပ္ျဖစ္ ေတာ့တယ္..ေသြးဆူ အရမ္းလြယ္တဲ့ သူက ေသြးေအး လာတယ္..ဆုံးျဖတ္ခ်က္ေတြ အရင္လို မျမန္ေတာ့ဘူး… ။ တစ္ခုခုဆို အေလးနက္ႀကီး သိပ္စဥ္းစား သိပ္ေတြးၿပီး အရမ္းေတြ ခံစားေနတာ အသက္ေတြ ႀကီးသြားလို႔ မ်ားလား..ဆိုၿပီး ေျပာျပခဲ့ တာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.