သူမကိုရုပ်ရည်နဲ့ပတ်သတ်ပြီး ဝေဖန်နေတဲ့တစ်ချို့သောလူတွေကြောင့် အမြဲသိမ်ငယ်ခဲ့ရကြောင်းရင်ဖွင့်ပြောပြလာတဲ့ ပက်ထရစ်ရှာ

Posted on

နိုင်ငံခြားသူလေး တစ်ယောက်လို စွဲဆောင်မှု အပြည့်နဲ့ အရမ်းလှတဲ့ မင်းသမီးလေး ပတ်ထရစ်ရှာက ဆယ်ကျော်သက် အရွယ်ကတည်းက မော်ဒယ် တစ်ယောက် အဖြစ် အနုပညာလောက ထဲကို ဝင်ရောက် လာခဲ့ပြီး ယနေ့ ထက်တိုင် အောင်မြင်မှု ရရှိ နေတာ ဖြစ်ပါတယ်။ သူမရဲ့ ဘိုဆန်တဲ့ ဝတ်စား ဆင်ယင်မှုနဲ့ အပြင်အဆင်တွေကြောင့် လူငယ် ပရိသတ်တွေရဲ့ အာရုံစိုက်မှု ခံနေရသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ ပရိသတ် တွေက အရမ်းလှတယ်လို့ သက်မှတ်ခံ ထားရတဲ့ ပတ်ထရစ်ရှာဟာ သူမကိုယ် သူမတော့ ရုပ်ရည်နဲ့ ပတ်သက်ပြီး အမြဲသိမ်ငယ်ရတဲ့ အကြောင်းကို အခုလိုပဲ ရင်ဖွင့် လာပါတယ်။

“တစ်ခါမှတော့ ဖွင့်မပြောခဲ့ဖူးဘူး။ ရှာရှာဆို မျက်နှာ symmetry မညီလို့ ကိုယ့်ရုပ်ရည် နဲ့ ပတ်သက်ပြီး အမြဲသိမ်ငယ် ရတယ်။ လူတွေကို မျက်နှာချင်းဆိုင် မကြည့်ရဲတာမျိုး ဘယ်သူ့ကိုမှ မကြည့်ပဲ မျက်လွှာချ ထားတာမျိုး မျက်နှာလွှဲလိုက်တာ မျိုးတွေကြောင့် လူအများရဲ့ မာနကြီးတယ်လို့ ထင်မှတ်ခြင်းကို တောက်လျှောက် ခံလာရတာ။ ဒီကိစ္စက ရှာရှာ့ အတွက် sensitive အဖြစ်ဆုံး ဆိုတာကို သိနေ ကြလေ တော့ ရှာရှာ့ကို ချိုးချင် ဖဲ့ချင် မုန်းတီး အမြင်ကပ်နေတဲ့ လူတွေက ဒီ weakness ကို လက်ကိုင် ထားပြီး ရှာရှာ့ကို စိတ်အနှောက်အယှက် အမျိုးစုံ ပေးကြတာ တွေပါ ကိုယ်တိုင် ခံစားခဲ့ရတာ။

လောကမှာ အလုံးစုံ ပြည့်စုံတဲ့ လူဆိုတာ မရှိပါဘူး။ သူများကို bully လုပ်တဲ့ လူတွေ ကိုယ်တိုင်မှာလည်း သိမ်ငယ် ရတဲ့ flaws တွေကိုယ်စီ ရှိနေကြ ပါလျှက်နဲ့ ဘာလို့များ သူတစ်ပါးကို ဒီလိုလုပ်ရပ်တွေကို လုပ်ကြတာလဲ မသိဘူး” ဆိုပြီး ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။ ပတ်ထရစ်ရှာ ကတော့ မျက်နှာ မညီတာကြောင့် လူတွေကို မျက်နှာချင်းဆိုင် မကြည့် ရတာမျိုး ဘယ်သူ့ကိုမှ မကြည့်ရဲ တာမျိုးတွေထိပါ ဖြစ်ဖူးပြီး ကိုယ့်ရုပ်ရည် ကိုကိုယ် အမြဲသိမ်ငယ် ရဖူးတယ်လို့ ရင်ဖွင့် လာခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi

နိုင္ငံျခားသူေလး တစ္ေယာက္လို စြဲေဆာင္မႈ အျပည့္နဲ႔ အရမ္းလွတဲ့ မင္းသမီးေလး ပတ္ထရစ္ရွာက ဆယ္ေက်ာ္သက္ အရြယ္ကတည္းက ေမာ္ဒယ္ တစ္ေယာက္ အျဖစ္ အႏုပညာေလာက ထဲကို ဝင္ေရာက္ လာခဲ့ၿပီး ယေန႔ ထက္တိုင္ ေအာင္ျမင္မႈ ရရွိ ေနတာ ျဖစ္ပါတယ္။ သူမရဲ့ ဘိုဆန္တဲ့ ဝတ္စား ဆင္ယင္မႈနဲ႔ အျပင္အဆင္ေတြေၾကာင့္ လူငယ္ ပရိသတ္ေတြရဲ့ အာ႐ုံစိုက္မႈ ခံေနရသူ တစ္ေယာက္ဆိုလည္း မမွားပါဘူး။ ပရိသတ္ ေတြက အရမ္းလွတယ္လို႔ သက္မွတ္ခံ ထားရတဲ့ ပတ္ထရစ္ရွာဟာ သူမကိုယ္ သူမေတာ့ ႐ုပ္ရည္နဲ႔ ပတ္သက္ၿပီး အျမဲသိမ္ငယ္ရတဲ့ အေၾကာင္းကို အခုလိုပဲ ရင္ဖြင့္ လာပါတယ္။

“တစ္ခါမွေတာ့ ဖြင့္မေျပာခဲ့ဖူးဘူး။ ရွာရွာဆို မ်က္ႏွာ symmetry မညီလို႔ ကိုယ့္႐ုပ္ရည္ နဲ႔ ပတ္သက္ၿပီး အျမဲသိမ္ငယ္ ရတယ္။ လူေတြကို မ်က္ႏွာခ်င္းဆိုင္ မၾကည့္ရဲတာမ်ိဳး ဘယ္သူ႔ကိုမွ မၾကည့္ပဲ မ်က္လႊာခ် ထားတာမ်ိဳး မ်က္ႏွာလႊဲလိုက္တာ မ်ိဳးေတြေၾကာင့္ လူအမ်ားရဲ့ မာနႀကီးတယ္လို႔ ထင္မွတ္ျခင္းကို ေတာက္ေလၽွာက္ ခံလာရတာ။ ဒီကိစၥက ရွာရွာ့ အတြက္ sensitive အျဖစ္ဆုံး ဆိုတာကို သိေန ၾကေလ ေတာ့ ရွာရွာ့ကို ခ်ိဳးခ်င္ ဖဲ့ခ်င္ မုန္းတီး အျမင္ကပ္ေနတဲ့ လူေတြက ဒီ weakness ကို လက္ကိုင္ ထားၿပီး ရွာရွာ့ကို စိတ္အေႏွာက္အယွက္ အမ်ိဳးစုံ ေပးၾကတာ ေတြပါ ကိုယ္တိုင္ ခံစားခဲ့ရတာ။

ေလာကမွာ အလုံးစုံ ျပည့္စုံတဲ့ လူဆိုတာ မရွိပါဘူး။ သူမ်ားကို bully လုပ္တဲ့ လူေတြ ကိုယ္တိုင္မွာလည္း သိမ္ငယ္ ရတဲ့ flaws ေတြကိုယ္စီ ရွိေနၾက ပါလၽွက္နဲ႔ ဘာလို႔မ်ား သူတစ္ပါးကို ဒီလိုလုပ္ရပ္ေတြကို လုပ္ၾကတာလဲ မသိဘူး” ဆိုၿပီး ရင္ဖြင့္လာတာပဲ ျဖစ္ပါတယ္။ ပတ္ထရစ္ရွာ ကေတာ့ မ်က္ႏွာ မညီတာေၾကာင့္ လူေတြကို မ်က္ႏွာခ်င္းဆိုင္ မၾကည့္ ရတာမ်ိဳး ဘယ္သူ႔ကိုမွ မၾကည့္ရဲ တာမ်ိဳးေတြထိပါ ျဖစ္ဖူးၿပီး ကိုယ့္႐ုပ္ရည္ ကိုကိုယ္ အျမဲသိမ္ငယ္ ရဖူးတယ္လို႔ ရင္ဖြင့္ လာခဲ့တာပဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.