သူမကို ဈေးသည်ဖြစ်သွားလို့ဝေဖန်တိုက်ခိုက်နေတဲ့ တစ်ချို့သောလူတွေကို စကားလုံးတစ်ချို့နဲ့ ပြတ်သားစွာချေပလိုက်တဲ့ သွန်းဆက်
Posted on
တစ်ချိန်က ယောက်ျားလေး ပရိသတ်တွေ ကြားမှာ အားပေးမှု အခိုင်အမာ ရရှိခဲ့တာ ကတော့ သရုပ်ဆောင် သွန်းဆက်ပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေဝိုင်းပြီး ချစ်ခဲ့ကြတာပါ။
သူ့ဇာတ်ကားလေး တွေကလည်း ပရိသတ် အားပေးမှု အများဆုံးနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ Video လောက ပျက်သွားပြီး နောက်မှာတော့ သူမဟာ ပရိသတ်တွေနဲ့ အနည်းငယ် ဝေးကွာသွားခဲ့ ပါတယ်။ ဒါပေမယ့်လည်း လူမှု ကွန်ရက်ကနေ သူမရဲ့ ပုံရိပ်လေးတွေ တင်ပေးလေ့ရှိပြီး ပရိသတ်တွေ ချစ်နေရတုန်းပါ။
ခု နောက်ပိုင်းမှာလည်း လူမှု ကွန်ရက် ကနေ live saleလေးတွေ ရောင်းရပြီး အားပေးမှုတွေ ပြန်လည် ရရှိနေတာ ပါ။ ဒါပေမယ့် မင်းသမီး ဘဝကနေ live လွှင့် ရောင်းလို့ မနာလိုသူ တစ်ချို့ရဲ့ ဝေဖန်မှုကို ခံနေရတာဖြစ်ပြီး သူမရဲ့ လူမှုကွန်ရက်ကနေ ခုလိုပဲ ပညာသားပါပါ ဖြေရှင်းသွားခဲ့ပါတယ်။ မသွန်းဆက် လဲ မင်းသမီးဘဝ ကနေ စျေးသည်ကြီး ဖြစ်နေပီ လို့ပြောကြတာ တွေ့လို့ပါ ။
ကျမ ပျော်ပါတယ်ရှင့် …
ကျမ မင်းသမီး ဘဝ အနုပညာရှင် ဘဝတုန်းကလဲ ပျော်ပျော်ကြီး ကားရိုက်တွေ အများကြီး ရိုက်ခဲ့ပီးပီ…
အခု live တွေစျေးတွေ ရောင်းရတော့လဲ ကျမ ပျော်ပျော်ကြီး ရောင်းပါတယ်ရှင့် … “ အလုပ်ဟူသမျှ ဂုဏ်ရှိစွ “ ပါ … ကောင်းရောင်း ကောင်းဝယ် လုပ်စားနေတာ မလို့ … ကျမ သိမ်ငယ်တယ်လို့ကို မခံစားရပါဖူးရှင့် … ကျမ ကို ထင်ချင် သလိုထင်ကြပါ… ကျမ ဘာမှမဖြစ်ပါဖူးရှင့် … အခုချိန်မှာတော့ မင်းသမီး တဖြစ်လဲ စျေးသည်လေး မသွန်းဆက်ပေါ့ရှင့် …
နောင် တချိန် အခြေအနေတွေ ကောင်းလာတဲ့ တနေ့ ကားရိုက်တွေ ပြန်ရိုက်ကူးလို့ရတဲ့ တချိန်ကျမှပဲ သေချာ ကြိုးစားပီး ပရိသတ် ရှေ့ကို ပြန်လာပါမယ်ရှင့်။ အခုတော့ ရှေ့ဆက်လဲ စျေးလေးတွေ ထပ်ရောင်း ပါအုံးမယ်ရှင့် …အားပေးကြပါအုံးရှင့် ဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပါတယ်။
Zawgyi
ကျမ ပျော်ပါတယ်ရှင့် …
အခု live တွေဈေးတွေ ရောင်းရတော့လဲ ကျမ ပျော်ပျော်ကြီး ရောင်းပါတယ်ရှင့် … “ အလုပ်ဟူသမျှ ဂုဏ်ရှိစွ “ ပါ … ကောင်းရောင်း ကောင်းဝယ် လုပ်စားနေတာ မလို့ … ကျမ သိမ်ငယ်တယ်လို့ကို မခံစားရပါဖူးရှင့် … ကျမ ကို ထင်ချင် သလိုထင်ကြပါ… ကျမ ဘာမှမဖြစ်ပါဖူးရှင့် … အခုချိန်မှာတော့ မင်းသမီး တဖြစ်လဲ ဈေးသည်လေး မသွန်းဆက်ပေါ့ရှင့် …
Leave a Reply
Your email address will not be published.