သူမကြိုးစားပြီးဆောက်ထားတဲ့ အိမ်ကြီးကို ဖခင်ဆုံးပြီး ရက်ပိုင်းတွင်းမှာဘဲ့ရောင်းချတော့မယ်လို့ဆိုလာတဲ့ နန်မွေစံ

Posted on

ပုရိသ တွေရဲ့ အသည်း နှလုံးကို ဖမ်းစားထား နိုင်သူ နန်းမွေစံ ကတော့ အမိုက်စားကောက်ကြောင်း အချိုးအစား ကြောင့် နာမည်ကြီးသူ တစ်ယောက် ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ဆက်စီမော်ဒယ်လ် တစ်ယောက် အဖြစ် ရပ်တည် နေတဲ့ နန်းမွေစံဟာ သူမရဲ့ ဆရာဝန် ဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ် ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ နန်းမွေစံက သူမရဲ့ ကိုယ်ပိုင် အိမ်ကြီးကို ရောင်းချတော့ မယ်လို့ သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ ကနေ အရောင်းပိုစ့် တင်လာခဲ့ ပါတယ်။

နန်းမွေစံက “မြောက်ဒဂုံ ၃၅ ရပ်ကွက် နေရာ ကောင်းက မွေစံရဲ့ လက်ရှိ နေအိမ်ကို ပြန်ရောင်းပါမယ်🥰 ဂရံ ရှိ🤩 မွေစံရဲ့မိခင် Dr Kyu Kyu Swe နာမည်နဲ့ပါ 🤩special power က မွေစံရဲ့ နာမည်နဲ့ပါ RC ၂ ထပ် တိုကိ master 3 ခန်း single 2 ခန်း အပေါ်ထပ် အောက်ထပ် ပါကေးခင်းပီး decoration ပြင်ဆင်ပီး ခေါ်ဈေး သိန်း ၅၀၀၀ ပါပဲ အလျှော့အတင်း ရှိပါတယ်နော်” ဆိုပြီး သူမရဲ့ အိမ်ကြီးကို ရောင်းချမယ့် အကြောင်း ပြောလာ တာပဲ ဖြစ်ပါတယ်။

နန်းမွေစံ ကတော့ သူမရဲ့ အနုပညာ ဝမ်းစာနဲ့ ရှာဖွေထားတဲ့ အိမ်ကြီးကို ရောင်းချတော့မှာ ဖြစ်တယ်လို့ သိရတာပဲ ဖြစ်ပါတယ်။ နန်းမွေစံက ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သူမရဲ့ ဖခင်ကြီးကို ဆုံးရှုံးလိုက် ရတာဖြစ်ပြီး လတ်တလောမှာ ဖခင်အတွက် ရည်စူးပြီး ကုသိုလ် ကောင်းမှုတွေ ပြုလုပ် ပေးနေတာပဲ ဖြစ်ပါတယ်။

Zawgyi




Leave a Reply

Your email address will not be published.