သူမတို့တစ်မိသားစုလုံး သင်္ကြန်တွင်းမှာ အပန်းဖြေမဲ့ နေရာလေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ဇင်သဲနိုင်
Posted on
ဇင်သဲနိုင် ဆိုတာနဲ့ တစ်ချိန်က ပရိသတ်တွေ အားကျရတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင် ထားသူ တစ်ယောက်ပါ။ ပိုင်ဇေရဲထွန်းရဲ့ ဇနီးလေးလည်း ဖြစ်ပြီး သူတို့မိသားစုကို ကြည့်ပြီး အားကျ ခဲ့ရတာပါ။ အောင်မြင်မှုတွေ ရပြီး မကြာမီ မှာပဲ မိသားစုကိစ္စတွေကြောင့် ဝေဖန်မှုတွေ များကာ ပရိသတ် အားပေးမှု ကျဆင်း ခဲ့တာပါ။
ဒါပေမယ့်လည်း သူမဟာ မိသားစု ပုံရိပ်လေးတွေကို လူမှု ကွန်ရက်ကနေ တင်ပေးလေ့ အမြဲ ရှိပါတယ်။ လူမှု ကွန်ရက် မှာလည်း Live လေးတွေ လွှင့် စျေးရောင်းနေတာ ဖြစ်ပြီး သူ့ရဲ့ ပြောဆိုမှု တစ်ချို့ကြောင့် ထပ်ပြီး ဝေဖန်မှု တွေကြုံ ခဲ့တာပါ။ ဒါပေမယ့်လည်း ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ လုပ်စရာရှိတာတွေ လုပ်နေ တာပါ။
သူမတို့ မိသားစု လေးဟာ ကလေးလေးတွေနဲ့ တစ်ချိန်က ပျော်ရွှင် ကြည်နူးဖို့ ကောင်းတာပါ။ ခုထိတိုင် ဝေဖန်မှုတွေ ကြုံရ ပေမယ့် မိသားစုကို ပျော်ရွှင်အောင်တည်ဆောက် ထားတာပါ။ ခုမှာလည်း မကြာမီ ကျရောက်မယ့် နှစ်ကူး အတွက် သူမဟာ ကလေးတွေ အတွက် ခြံထဲမှာ ရေကစားလို့ ရအောင် ကန်ဆောက် ပေးခဲ့တာပါ။ လူကြီးတွေပါ ဆော့ကစားလို့ ရတဲ့ အထိ ကြီးမားတဲ့ သူတို့ အိမ်ရဲ့ နှစ်ကူးမယ့် ပုံရိပ်လေးကိုလည်း တင်ဆက် ပေးလိုက် ရပါတယ်။
Zawgyi
Leave a Reply
Your email address will not be published.