သူမရောင်းတဲ့ Live sale မှာ ချစ်လို့ဆိုပြီးတန်ဖိုးကြီးရတနာ(၂) ခုကိုအားပေးခဲ့တဲ့မေပန်းချီကိုကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ ရတနာမိုင်

Posted on

ပရိသတ် ကြီးရေ အဆိုတော် ရတနာမိုင် ကတော့ သီချင်းကောင်းလေး တွေနဲ့ ဂီတ နယ်ပယ်မှာ အောင်မြင်မှု နေရာ တခုကို အခိုင်အမာ ရရှိ နေတာလည်း ဖြစ်ပါတယ်။ အဆိုတော် ရတနာမိုင် ကတော့ လူထု လှုပ်ရှားမှု ကြီးမှာ မပါဝင်ခဲ့လို့ ဝေဖန်မှု တချို့ ရှိပေမယ့် ဂရု မစိုက်ဘဲ အလုပ်တွေ လုပ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိ မှာတော့ အဆိုတော် ရတနာမိုင်က တန်ဖိုးကြီး ရတနာ တွေကို live လွှင့်ရောင်းချပေး နေတာလည်း ဖြစ်ပါတယ်။ ဒီနေ့ မှာတော့ သူမရဲ့ live sale လေးမှာ သရုပ်ဆောင် မေပန်းချီက ဝယ်ယူ အားပေးခဲ့ တာကြောင့် ကျေးဇူးတင်ကြောင်း ပြောလာတာလည်း ဖြစ်ပါတယ်။

အဆိုတော် ရတနာမိုင်က ချစ်ညီမလေး မေပန်းချီလေးက မိုင်လေး လွှင့်တဲ့ ပထမ ပျက်သွားတဲ့ Live sale ထဲမှာ ရွှေပင်လယ်ဦး စိန်ရွှေရတနာဆိုင် Live sale ကနေ ကိုယ့်အမ(မိုင်လေး)ကိုချစ်လို့ ဆိုပြီး ၃၅သိန်းတန် နားကပ် ၂ ရံ စုစုပေါင်း သိန်း ၇၀ ကျော်ဖိုး အားပေးသွားတဲ့ ချစ်ညီမလေး မေပန်းချီကို ကျေးဇူးအများကြီးတင်ပါတယ်။ စိတ်ထားကောင်းတဲ့ မီးလေး အောင်မြင်မှု ထိပ်ဆုံးမှာ အမြဲတမ်း တည်ရှိပါစေ။ ဒီနေ့ ဝယ်ယူ အားပေးကြတဲ့ ကျေးဇူးရှင်များ အားလုံးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင် ဆိုပြီး ပြောပြ လာတာ ဖြစ်ပါတယ်။

Zawgyi




Leave a Reply

Your email address will not be published.