” သူမရဲ့ပထမဆုံးလက်ဝတ်ရတနာlive sale မှာ သိန်းရာချီအထိ ရောင်းထွက်ခဲ့ကြောင်း ဝမ်းသာစွာပြောပြလာတဲ့မျိုးစန္ဒီကျော်”
Posted on
ပရိသတ်ကြီး​ေရ မျိုးစန္ဒီကျော် ကတော့ တစ်ခေတ် တစ်ခါ ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ရတဲ့ မင်းသမီး တစ်လက်ပါ။ ဒါ့အပြင် အခုချိန်မှာ သမီးလေးကို တာဝန်ယူကာ ပျော်ရွှင်စရာ အိမ်ထောင်သစ် တစ်ခုကို တည်ထောင်ကာ အေးချမ်းစွာ ဖြတ်သန်း နေတာပါ။ အလှူတွေ ရရင် ရသလို ပြုလုပ်နေပြီး Live sale လေးစတင်ရောင်းချ လျက်ရှိတာပါ။
သူမရဲ့ ပထမဆုံးlive saleနဲ့ ပတ်သက်ပြီး”မနေ့ ညက ဂျိုး ရဲ့ ပထမဆုံး Live Sales မှာ အရောင်း ပြီး တဲ့ ပိတ်တဲ့ အထိ သိန်းသုံးရာ ကျော်ဖိုး အထိ ရောင်းရတဲ့အပြင် အခုချိန်ထိ orderတွေ တက်နေဆဲ ဖြစ်ကြောင်းကို ညီမလေး ခိုင်ထက်ကျော်က ဝမ်းသာစရာ သတင်းကို ပြောပြ လာတယ်။ မနေ့ညက Liveမှာ အားပေး ဝန်းရံခဲ့တဲ့ အစ်မတွေ ညီမတွေ မောင်တွေ အကိုတွေ ကိုလည်း ဒီသတင်း ဝမ်းသာရအောင်လို့ ပြောပေး ရပါတယ်။ အထူးသဖြင့် မရောင်းတတ် ဝယ်တတ်သေးတဲ့ ဂျိုးကို စိတ်ရှည်လက်ရှည် နဲ့စောင့်ဆိုင်း ဝယ်ပေးသူ အယောက်တိုင်း ကိုလည်း အထူး ကျေးဇူးတင်ကြောင်း လေးလေးနက်နက် ပြောချင် ပါတယ်ရှင် 🥰နောက်ထပ်ဂျိုး အထူးအထူး ကျေးဇူးတင် ချင်တာက အခု Liveအတွက် အစစအရာရာ စီစဉ်ညွန်းပေးခဲ့တဲ့ ဂျိုးရဲ့ ညီမလေး ခိုင်ထက်ကျော်နဲ့ မိသားစု ဝင်အားလုံးကို ကျေးဇူးအရမ်းတင် မိပါတယ် 😍။
Liveတွေကို ဂရုတွေ သိရအောင် ကိုယ့်စရိတ် ကိုယ်စိုက်ပြီး ဂရုပေါင်း များစွာ မှာ ရှယ်ပေးခဲ့ ကြတဲ့ ဂျိုးကို ချစ်တဲ့ သူတော်ကောင်း အပေါင်းကိုလည်း ကျေးဇူးမမေ့ပါရှင်။ နောက် Live တိုငိးမှာလည်း အခုလို ဆက်လက် စောင့်ရှောက် ပေးပါလို့ မှာပါရ စေနော် 🥰ပြီးတော့ အခုလာမယ့် 11.6.2022 စနေနေ့မှာ အားလုံးပြန်ဆုံ ချင်ပါတယ် ။ ပြတဲ့ အထည်တိုင်း ကြိုက်အောင် ပြပေးပြီး မေးရုံနဲ့ ဝယ်ရတဲ့ အထိ ရောင်းနိုင်အောင် ဂျိုးဘက်က အစွမ်းကုန် ရောင်းနိုင် အောင် ကြိုးစား ရောင်းမယ်လို့ ကတိပေး ပါရစေ။ နောက်Liveမှာလည်း အခုဝယ်သူ အဟောင်းအပြင် နောက်ဝယ်မယ့် မိတ်သစ်တွေလည်း ခေါ် လာစေချင် ပါတယ်။ အားလုံး အာလုံး ကံစမ်းမဲ ပေါင်းများစွာ ဖောက်ရင်း ဝယ်ယူသူ တိုင်းအတွက် ထပ်ဆင့် အထူးကံစမ်းမဲ လက်ဝတ် ရတနာများကို ကံထူးရင်ခုန်ရင်း ပြန်တွေ့ရ အောင်ပါရှင်”ဆိုကာ ကျေးဇူးတင်စကားဆိုလာခဲ့တာပါ။ ပရိသတ် တွေလည်း မျိုးစန္ဒီကျော်ရဲ့ live sale လေးတွေကို အားပေးဝန်းရံ ကြဖို့ ဖော်ပြ ပေးလိုက် ပါတယ်နော်။
Zawgyi
Leave a Reply
Your email address will not be published.