သူမရဲ့အငယ်ဆုံးသားလေးက မောင်ဖြစ်သူဂျွန်ကိုနဲ့ စိတ်နေစိတ်ထားကအစ အရမ်းတူလို့ အံ့ဩနေတဲ့ မြသင်းခြယ်

Posted on

ပရိတ်သတ် ကြီးရေ၊ အခုတစ်ခါမှာ ဆိုရင်တော့ သရုပ်ဆောင် မြသင်းချယ်က သားအငယ်ဆုံးလေးက မောင်လေး ဖြစ်သူ ဂျွန်ကိုနှင့် စိတ်နေ စိတ်ထားရော ရုပ်ရောအကုန်တူတဲ့ အကြောင်းကို အခုလို ရင်ဖွင့် လာခဲ့ ပါတယ်နော်။ သရုပ်ဆောင်မြသင်းချယ်က အိမ်က အသက်အကြီးဆုံးလေးက သူ့မှာရှိတဲ့ ပိုက်ဆံအိတ် လေး တကိုင်ကိုင်နဲ့ ကိုကိုနဲ့မာမား ကိုယ်သား ရေခဲမုန့်ဝယ် ကျွေးမယ် တဲ့၊ သူ့ မမတွေကိုလဲ မမဆု မမသင်း ဘာမှမလုပ်နဲ့ လက်ဆေးတော့ သားရေခဲမုန် ဝယ်ကျွေးမယ် လာလာ တဲ့ သူ့မမသင်းက ငယ်ရယ် မမသင်း ရေခဲမုန့် မစားချင်ဘူး မသင်းကို သွားတိုက်ဆေး ဝယ်​ပေးနော် ဆိုပြီး မောင်နှမတွေ တိုးတိုး လုပ်နေ ကြတယ်။ အောက်ကဆိုင်ရောက်တော့ မမသင်း သွားတိုက်ဆေး ယူမှာလား ယူလေ ရေခဲ့မုန့် လဲယူ ကိုကို မာမားနဲ့ မမတို့ အားလုံး ရေခဲမုန့် မစားပဲ ရေခဲချောင်းကို (600)တန်စားကြတယ်၊၊

မမသင်းက(300)တန်ပဲ စားတယ်၊ ဆရာကြီးက ကျသင့်ငွေ ရှင်းတယ်၊အပေါ် ရောက်တော့ ရေခဲချောင်းစားကြတယ် ပေါ့လေ ၊သူ့ မမသင်း ရေခဲချောင်းက အားလုံးနဲ့ပုံစံ မတူတာ တွေ့တော့ ဘာလို့ အတူတူ မဟုတ်တာလဲလို့ သူမေးတယ် သွားတိုက်ဆေးလဲ ဝယ်တော့ မမ(600)တန်စားရင် မောင်လေး ပိုက်ဆံကုန်မှာဆိုးလို့(300)တန်ပဲ ယူလာ စားတာ လို့လဲ ပြောရော လူကြီးက ဆူတာ ဆူတာ ဆိုတာလေ၊ မပြီးနိုင်အောင်ကို ဆူခံထိတော့ တာ၊ သားကစားစေချင်တာကို ကုန်တော့ဘာဖြစ်လဲ စားရင် ကုန်မှာပေါ့ နောက်မကျွေးပဲ ထားမှ မှတ်မှာလား အများကြီးပဲ ပြောဆူနေတာ သူ့ပုံလေး ကြည့်ပြီး တယောက်ထဲသော မောင်လေး ကိုမျက်လုံး ထဲမှာမြင်နေမိတယ်။

မျက်လုံး မျက်ခုံး မျက်နှာ ဆံပင် အသားအရည်တင် တူတာ မဟုတ်ဘူး စိတ်ကလေးပါ တပုံစံထဲ လေးပါလား သားငယ်ရယ်။ သူ့ လေးလေးဂျွန်ဆိုလဲ လူတယောက်ကိုချစ်ပြီ သံယောဇဉ် ရှိပြီဆို အရှေ့မှာ အကောင်း ဘယ်တော့မှ မပြောဘူး အမြဲအပစ်ပဲ ဖြစ်နေ သလိုနဲ့ ကြိတ်ချစ်တာခု သူလေးလဲ တပုံထဲ သူ့မမတွေကို တချက်မှ အကောင်း မပြောဘူး မာမားက သူ့အမတွေကို ဆူပြီဆို ကာဆီး ကာဆီးက လုပ်သေးတာ ။ဒီနေ့ သူ့အမကိုယ် ဂရုဏာဒေါသောနဲ့ ဆူနေတာလေးကို ကြည့်ပြီး သာဓုခေါ်ပါတယ် သားလေးရယ်မင်း လေးလေးဂျွန်သာ ရှိရင် ဆိုပြီး ရေးသား ဖော်ပြ ထားပါတယ်၊၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည် ဖော်ပြ ပေးလိုက် ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.