စစ်လွန်းဝတီထက် ဆိုတာနဲ့ ပရိသတ်တွေ ချစ်နေရတဲ့ သမီးလေး တစ်ယောက် ဖြစ်ပါတယ်။ သူကတော့ နိုင်ငံကျော် မင်းသမီး တစ်ယောက် ဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့သမီးလေး ဖြစ်ပါတယ်။ အခြေနေ အမျိုးမျိုးကြောင့် မိသားစု မစုံမလင် ဖြစ်ခဲ့ ရပေမယ့် ဖခင်ရဲ့ ဘေးမှာနေ တာဖြစ်ပါတယ်။
ဖေဖေ စိုင်းလွှမ်း ကလည်းသမီးလေးကို ချစ်နေ ရတာ ဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက ဘာသာတရား ကိုင်းရှိုင်းပြီး လိမ္မာရေးခြား ရှိသူ တစ်ယောက်ပါ။ လူကြီးမိဘတွေ အပေါ်လည်း ရိုသေသူ တစ်ယောက် ဖြစ်တာကြောင့် ပရိသတ် တွေကလည်း သမီးလေးကို ချစ်မဝ ဖြစ်နေ ရတာပါ။
အခုမှာလည်း ဖေဖေအတွက် ပြင်ဆင် ပေးထားတဲ့ သမီးလိမ္မာလေး ကြောင့် ကြည်နူး စေရတာပါ။ ဖေဖေ ဖြစ်သူရဲ့ ရှုတင် အတွက်သမီးလေးက အစစအရာရာပြင်ဆင် ပေးထား တာပါ။ ပါပါး Shooting အတွက် သမီးစီစဉ်ပေးဖြစ်တယ် ပါပါး ရော Shooting တစ်ဖွဲ့လုံးရော အဆင်ပြေပါစေ ဆိုပြီး ပြင်ဆင် ပေးထားတဲ့ သမီးလေး ရဲ့video လေးကို ကြည့်ပြီး ချစ်ပေး ကြပါ ဦးနော်။
Zawgyi