သူမရဲ့ အသက် (၃၂) ပြည့်မွေးနေ့လေးမှာ အမှတ်တရအနေနဲ့ ချစ်သူလေးကိုပါ တရားဝင်ချပြလိုက်တဲ့ မိစန္ဒီ
Posted on
ပရိသတ် ကြီးရေ မိစန္ဒီလို့ ပြောလိုက်တာနဲ့ အထာကျကျ Rap သီချင်းလေးတွေကို သီဆို တတ်ပြီး ချစ်စရာကောင်းတဲ့ အဆိုတော် မလေး တစ်ဦး အဖြစ် တန်းသိကြမှာပါ။ သူမ ကတော့ ဂီတ လောကမှာ ကိုယ်တိုင် ရေးသီချင်းလေးတွေနဲ့ အမျိုးသမီး ပရိသတ်တွေ ကြိုက်နှစ်သက်ရတဲ့ အဆိုတော် လို့လည်း ဆိုရမှာပါ။
ဒီနေ့ ကျရောက်တဲ့ ဂျွန်လ ၁၂ရက် နေ့ ကတော့ မိစန္ဒီရဲ့ ၃၂နှစ်ပြည့် မွေးနေ့ ရက်မြတ် လေးဖြစ်ပြီး သူမရဲ့ ချစ်ရတဲ့ ပရိသတ် တွေကို surprise တစ်ခု ပြုလုပ်ခဲ့တာပါ။ အကြောင်း ကတော့”ဘဝရဲ့ အကောင်းအဆိုး အချိုးအကွေ့ လောကဓံတွေ တွေ ကြား ရှင်သန် ရုန်းကန်ရင်း ဒီနေ့မှာ အသက် ၃၂ နှစ်ပြည့် ခဲ့ပါပြီ..။ အသက် ၁၉၊၂၀ သီချင်း စဆိုတဲ့ အချိန်လေးတည်းကနေ အခုအချိန်ထိ ပရိတ်သတ် တွေရှေ့မှာ သီချင်းတွေ ဖန်တီး ခွင့်ရပြီး ကြီးပျင်းခွင့် ပေးတာရော.. ချစ်ခြင်းမေတ္တာတွေ အတွက်ရော ပရိတ်သတ် တစ်ယောက်ချင်း စီတိုင်းကို ကျေးဇူး အများကြီး တင်ပါတယ်.. ။
ဒီနှစ် မွေးနေ့မှာ မိစန္ဒီ ဘဝရဲ့ အမှတ်တရ အဖြစ်ဆုံး အခိုက်အတန့် လေးတချို့ ကို ပရိတ်သတ်ကြီး ကို ဝေမျှ ခွင့်ပြုပါရှင်..ဒီနှစ် မွေးနေ့ မှာတော့ အရင်လို မိစန္ဒီ တစ်ယောက်တည်း မဟုတ်တော့ ပါဘူးလို့ 🙈🙈
မမ စျေးဗန်း သိမ်းလိုက် ပါပြီနော်❤️🐷
Yes I’m taken 🙈🙈😜 hee hee Happy 32nd birthday to me 🎂🐷❤️❤️မွေးနေ့ ဆုတောင်း ပေးကြသော ပရိတ်သတ်များ အိမ်ကို လက်ဆောင်တွေ ပေးပို့ကြသော ပရိတ်သတ် များကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင် 😘🥰🥰”ဆိုတဲ့ စာလေးနဲ့ သူမရဲ့ သတင်းထူးလေးကို ပြောပြကာ စုံတွဲပုံလေးတွေ တင်လာ ခဲ့တာပါ။ ပရိသတ် တွေလည်း မိစန္ဒီအတွက် မွေးနေ့ ဆုတောင်းနဲ့ အတူဂုဏ်ပြု စကားလေး ပြောကြားခဲ့ ပါဦးနော်။
Zawgyi
မမ ဈေးဗန်း သိမ်းလိုက် ပါပြီနော်❤️🐷
Leave a Reply
Your email address will not be published.