သူမရဲ့ အိမ်ထောင်ရေးအဆင်မပြေမှုတွေကို ကြိတ်မှတ် မျိုသိပ်ပြီး ရှေ့မဆက်ချင်တော့လို့ ဆင်ဂယ်လ် Mother အဖြစ်နဲ့ ရပ်တည်ခဲ့ကြောင်းပြောပြလာတဲ့ အေဏီဇော်ရဲ့ဗီဒီယို

Posted on

ဇာတ်ပို့ သရုပ်ဆောင် အေဏီဇော် ဟာ ဆိုရင် ရုပ်ရှင် ဇာတ်ကားကြီး တွေနဲ့ ဗီဒီယို ဇာတ်ကား တွေမှာ ပါဝင် သရုပ်ဆောင် ရင်း ပရိသတ် တွေရဲ့ အားပေး မှုကို အခိုင် အမာ ရရှိခဲ့သူ တစ်ယောက် ဖြစ်ပါတယ် ။ လက်ရှိ အချိန် ထိလည်း ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက် အဖြစ် အနုပညာ လောက ထဲမှာ ရပ်တည် နေ ဆဲဖြစ် ပါတယ်နော် ။ သရုပ်ဆောင် အေဏီဇော် က တော့ ယောကျာ်း မရှိပဲ ကလေး တစ်ယောက် တိတ်တိတ် ပုန်းမွေးခဲ့ တယ်လို့ စွပ်စွဲ ကြသူတွေကို အခု လိုပဲ ပြန်လည် ဖြေရှင်းလိုက် ပါတယ်  ။

လင်မယား ခြင်း အကြောင်း မ တိုက်ဆိုင် လို့ ကလေး ငယ်ငယ် က တည်း က ကွဲထား တာပါ ။ ကလေး က  (၁၃) နှစ် ရှိပါပြီ ၊ မိန်းကလေး ပါ ။  အချို့ တွေက ကလေးရှိ တာ မသိဘူးလေ ၊ သမီးနဲ့ လဲ မျက်နှာချင်း သိပ်မတူဖူး  ၊ သမီးလေး က တရုတ် မျက်နှာပေါက် လေးပါ ။ ၂၀၀၆ ခုနှစ် မှာ လက်ထပ် ခဲ့ပြီး အချိန် ခဏလေးနဲ့ ကွဲခဲ့တာ ယူပြီးပြီး ချင်း ကွဲခဲ့တာ လို့လဲ ပြောလို့ရ ပါတယ်။ ၂၀၀၈ မှာ ကလေးမွေး ခဲ့ပြီး မိဘ တွေကပဲ သူတို့ သားအမိကို စောက်ရှောက်ခဲ့ တာပါ ။  M3 မှာ တရားဝင် မင်္ဂလာ ဆောင်ပြီး ယူထား ခဲ့တာပါ ။ ဆင်ဂယ်လ် Mother ဖြစ် ပေမယ့် စိတ်အား မငယ် ပါဘူး ။ အချို့ တွေက အတင်းပြော ကြတယ် တိတ်တိတ် ပုန်းယူထား ကြတယ်ဆိုပြီး ၊ အသိ မိတ်ဆွေတွေ က တော့ အကုန်လုံး ဖြစ်ကြောင်း ကုန်စင် ကို အားလုံး သိကြပါ တယ် ။

လင် မယားချင်း အဆင် မပြေကြတာ ကို အတင်း ကြိတ်မှတ် မျို သိပ်ပြီး ရှေ့ မဆက်ချင် တော့လို့ ၊ ပြီးတော့ ကလေး ကို စိတ်ဒဏ်ရာ မရစေချင် လို့ လမ်းခွဲ လိုက်တာပါ ။ လက်ရှိ ဖြစ်တည် နေတဲ့ ဘဝ ကိုပဲ ပျော်တယ် ၊ အား မငယ်ပါဘူး ။ ကလေးကို ချုပ်ချယ် ထားတာ တော့ မရှိဖူး အနည်းငယ် တော့ အလို လိုက်ပေးပါတယ် ။ ကလေး က မိန်းကလေး ဖြစ်တဲ့ အတွက် ပြီးတော့ ကလေး ရှေ့ရေး အတွက် နောက် အိမ်ထောင်ပြုဖို့ မရှိတော့ ပါဘူး ။ အခုထိ အားပေးတဲ့ ပရိသတ် ကြီးကိုလဲ ကျေးဇူး တင်ပါတယ် ၊ ၂၀၂၂ မှာ လဲ စိတ်၏ ကျန်းမာခြင်း ကိုယ်ရဲ့ ကျန်းမာခြင်း တို့ ပြည့်စုံ ကြပါစေ ကပ်ကြီး သုံးပါးမှ ကင်းဝေး ကြပါစေလို့ ဆုတောင်း ပေးထား ပါတယ် ။

Credit : Cele Only

Video Credit  ;  Hall  Of  Fame

zawgyi




Credit : Cele Only


Leave a Reply

Your email address will not be published.