သူမသားလေးက အင်္ဂလိပ်လိုတိရစ္ဆာန်အမည်တွေနဲ့ ပစ္စည်းအမည်တွေကိုကျွမ်းကျင်စွာပြောတတ်နေတဲ့ ဗီဒီယိုဖိုင်လေးကိုချပြလာတဲ့ ပိုးအိအိခန့်

Posted on

သရုပ်ဆောင် ပိုးအိအိခန့်က ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကားတွေ တော်တော် များများမှာ ပါဝင် သရုပ်ဆောင်ရင်း ပရိသတ် တွေရဲ့ အားပေးမှုကို ရရှိလာသူ တစ်ယောက်ပါပဲ။ ပိုးအိအိခန့်က ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်မှာပဲ မြန်မာ့ လက်ရွေးစင် ဘောလုံးသမား အောင်သူနဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က လက်ရှိမှာတော့ သူမရဲ့ အနုပညာ လုပ်ငန်းတွေကို ပြန်လည် မလုပ်ကိုင်သေးပဲ သားလေး သွင်ဦးဟန်ကိုသာ ဂရုစိုက် ထိန်းကျောင်းရင်း မိခင် တစ်ယောက် အဖြစ် ရပ်တည်နေသူ တစ်ယောက်ပါပဲ။

မိခင် တစ်ယောက်ပီပီ သားလေးရဲ့ အရွယ်ရောက် ကြီးပြင်းလာပုံကို မှတ်တမ်း တင်ထားလေ့ရှိတဲ့ ပိုးအိအိခန့်က ဒီတစ်ခါမှာလည်း တိရစ္ဆာန် အမည်တွေကို အင်္ဂလိပ်လို ပြောနေတဲ့ သားလေးရဲ့ ဗီဒီယိုလေးကို မျှဝေရင်း “အမေ ဆိုတော့လည်း ဘာလေးတတ်တတ် ပီတိဖြစ်တာပေါ့နော်။ မကောင်းတာ မတတ်ဖို့ ကောင်းတာ တတ်ဖို့ လိုက်ပြီး ပဲ့ပြင် ဆုံးမ နေရတာ မိခင်တွေ အလုပ်မလား 🥰🥰🥰” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ပိုးအိအိခန့်ကတော့ ချစ်စရာကောင်းတဲ့ သားလေး သွင်ဦးဟန်ကို ထိန်းကျောင်း ဂရုစိုက်ရင်း သူမရဲ့ မိခင်ဘဝကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ပိုးအိအိခန့်တို့ သားအမိ နှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါ တယ်နော်။

Zawgyi

သ႐ုပ္ေဆာင္ ပိုးအိအိခန႔္က ႐ုပ္ရွင္ နဲ႔ ဗီဒီယို ဇာတ္ကားေတြ ေတာ္ေတာ္ မ်ားမ်ားမွာ ပါဝင္ သ႐ုပ္ေဆာင္ရင္း ပရိသတ္ ေတြရဲ့ အားေပးမႈကို ရရွိလာသူ တစ္ေယာက္ပါပဲ။ ပိုးအိအိခန႔္က ၿပီးခဲ့တဲ့ (၂၀၁၉)ခုႏွစ္မွာပဲ ျမန္မာ့ လက္ေရြးစင္ ေဘာလုံးသမား ေအာင္သူနဲ႔ လက္ထပ္ခဲ့ၿပီး အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ သားေလး တစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီပဲ ျဖစ္ပါတယ္။ ပိုးအိအိခန႔္က လက္ရွိမွာေတာ့ သူမရဲ့ အႏုပညာ လုပ္ငန္းေတြကို ျပန္လည္ မလုပ္ကိုင္ေသးပဲ သားေလး သြင္ဦးဟန္ကိုသာ ဂ႐ုစိုက္ ထိန္းေက်ာင္းရင္း မိခင္ တစ္ေယာက္ အျဖစ္ ရပ္တည္ေနသူ တစ္ေယာက္ပါပဲ။

မိခင္ တစ္ေယာက္ပီပီ သားေလးရဲ့ အရြယ္ေရာက္ ႀကီးျပင္းလာပုံကို မွတ္တမ္း တင္ထားေလ့ရွိတဲ့ ပိုးအိအိခန႔္က ဒီတစ္ခါမွာလည္း တိရစၧာန္ အမည္ေတြကို အဂၤလိပ္လို ေျပာေနတဲ့ သားေလးရဲ့ ဗီဒီယိုေလးကို မၽွေဝရင္း “အေမ ဆိုေတာ့လည္း ဘာေလးတတ္တတ္ ပီတိျဖစ္တာေပါ့ေနာ္။ မေကာင္းတာ မတတ္ဖို႔ ေကာင္းတာ တတ္ဖို႔ လိုက္ၿပီး ပဲ့ျပင္ ဆုံးမ ေနရတာ မိခင္ေတြ အလုပ္မလား 🥰🥰🥰” ဆိုၿပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ပိုးအိအိခန႔္ကေတာ့ ခ်စ္စရာေကာင္းတဲ့ သားေလး သြင္ဦးဟန္ကို ထိန္းေက်ာင္း ဂ႐ုစိုက္ရင္း သူမရဲ့ မိခင္ဘဝကို ေက်ေက်နပ္နပ္ႀကီး ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းတဲ့ ပိုးအိအိခန႔္တို႔ သားအမိ ႏွစ္ေယာက္ရဲ့ ဗီဒီယိုေလးကို ၾကည့္ၿပီး ေက်နပ္ၾကမယ္ ထင္ပါ တယ္ေနာ္။

Leave a Reply

Your email address will not be published.