သူများ တန်ဖိုးထားမြတ်နိုးရတဲ့ အရာမျိုးကို မှတမ်းတမ်းစွဲလိုချင်ကြတဲ့ စနိုက်ကြော်မိန်းကလေးတွေကို ထိမိသောစကားလုံးတွေနဲ့ ဒဲ့ပြောချလိုက်တဲ့မေနွယ်ထွန်းရဲ့ဗီဒီယို

Posted on

သရုပ်‌ဆောင် မေနွယ်ထွန်း ဟာ MNTV ကထုတ်လွှင့် ပြသတဲ့ ဇာတ်လမ်းတွဲ တစ်ခု ဖြစ်တဲ့ အိမ်မက်များ မိုးထားတဲ့ အိမ် ဇာတ်လမ်းတွဲ မှာ ပါဝင် သရုပ်ဆောင်ခဲ့ ပြီး နာမည်ကြီး လူသိ များလာခဲ့ သူ ဖြစ်ပါတယ်။ သူမ ကိုယ်တိုင် Single Mom ဖြစ်ပြီး ၁၁ နှစ်အရွယ် သားလေး တစ်ယောက် ကို မျက်နှာ မငယ်အောင် စောက်ရှောက် ပေးနေတာ ပဲ ဖြစ်ပါတယ်။ တစ်ဦးတည်း သော သားလေး အတွက်ပဲ အလုပ်တွေကို ကြိုးစား လုပ်ကိုင် နေတာ ဖြစ်ပြီး စိတ်ဓာတ် ကိုလဲ ခိုင်မာ အောင် ထားပါ တယ်တဲ့။ သူမ ကတော့ Single Mother တွေ ဆိုတာ ကဲ့ရဲ့ စရာ၊ နှိမ်စရာ လူတန်းစား တွေ မဟုတ်ပါဘူး လို့ ပြောထားသူ တစ်ယောက်လဲ ဖြစ်ပါ တယ်။ သရုပ်ဆောင် မေနွယ်ထွန်း ဟာ လက်ရှိမှာ Live sale ရောင်းနေ ပါတယ်။

ဒီကာလ မှာ အဆင် တကယ် မပြေတဲ့ သူတွေ များတာ ကြောင့် တစ်လကိုနှစ်ယောက်နှုန်းနဲ့ သူတို့ရဲ့ကုန်ပစ္စည်းတွေကို တစ်ရက်လောက်အချိန်ပေးပြီး အနုပညာကြေးမယူပဲ တစ်နိုင်သလောက်ကူညီပြီးလိုက်ရောင်းပေးတယ်။ Live Sale မှရတဲ့ ငွေတွေကို တစ်လကို ကလေး အယောက်၂ဝစာ နို့မုန့်ဗူး လှူဖြစ်ပါသေးတယ်။ အခုခေတ်က စနိုက်ကြော် အရမ်းများ လာပြီလို့ သူမဟာ ထပ်မံ ပြောပြ လိုက်ပါတယ်။ သူများ တန်ဖိုးထား သော အရာကိုမှ လိုချင်ကြ သောမိန်းမများ၊ သူများက ချစ်ပါတယ် သူများက တန်ဖိုးထား ပါတယ်ဆိုမှ လိုချင်တာ လွတ်နေတဲ့သူကို မလိုချင်ကြဘူး။ အဲဒီမလွတ်မလပ်ကိုမှ ကြိုက်တာ၊ အဲ့လိုမိန်းမတွေ ဆိုတာ တလွဲ ဆံပင်ကောင်း နေတာလို့ ခေါ်တယ်။

ဒီယောက်ကျား က နင့်ထက် ငါကို ပိုချစ်တယ် ဆိုတာကို ဂုဏ်ဖော် နေတာ ဒါဟာတော်တော်ကို ဆိုးဝါးတဲ့ စိတ်ဓာတ်ပဲ သူများ တန်ဖိုး ထားတဲ့ အရာကို ယူလိုက် တော့ရော သူတို့ အတွက် ဘာ ကောင်းလို့လဲ ….သူများ တန်ဖိုးထားတဲ့ အသီးကိုမှ စားချင်ကြ တဲ့ မိန်းမမျိုးတွေ ပေါလာတယ် စားချင်ရင် ဝယ်စားကြပါ။ လက်ထပ်ခါနီး အမျိုးသမီးလေးတွေ ကိုလဲ အကြံပေး လိုက်ပါသေးတယ်။ လက်ထပ် ခါနီးမှ ဖောက်ပြန်လို့ ရှက်ပြီး ငြိမ်ခံ မနေကြ ပါနဲ့ သူတောင် ဖောက်ပြန်ရဲ တာပဲ တစ်ခါထဲ ဆဲချ လိုက်လို့ အကြံပေး ထားပါတယ်။

ဗမာ မိန်းကလေး တွေက စည်းနဲ့ ဘောင်နဲ့ နေရ တော့ ခံရတာ များလာတယ် ရိုင်းခိုင်း တာ မဟုတ်ဖူး စည်းထဲကပဲ သွားခိုင်းတာ ဘောင်ထဲ ကပဲ လုပ်ခိုင်းတာ၊ ဒီခေတ်မှ ာဖောက်ပြန်ဖို့ အကောင်းဆုံးက social media ပါပဲ Facebook password ပေးထားရုံနဲ့ မဖောက်ပြန်ဖူး မထင်ပါနဲ့ အခြား App တွေ အများကြီး ပါပဲ ဒါကြောင့် ဖောက်ပြန်ချင်တဲ့ ယောက်ကျားတစ်ယောက်က ဖောက်ပြန် နေမှာပါပဲ ယုံကြည်မူ့ဆိုတာ Possword တောင်းတယ် ဆိုတာနဲ့ မပြီးပါဘူး တစ်ယောက်နဲ့ တစ်ယောက် လေးလေးစားစား တည်ဆောက် ရတာပါ။ ငါ့ကိုပဲ ချစ်ပါ လို့လဲ သွားပြောလို့ မရပြန်ဖူး၊ ရေစက်ရှိသလောက် ပေါ့ရှင် လို့ ပြောသွားပါတယ်။

Zawgyi

သ႐ုပ္‌ေဆာင္ ေမႏြယ္ထြန္း ဟာ MNTV ကထုတ္လႊင့္ ျပသတဲ့ ဇာတ္လမ္းတြဲ တစ္ခု ျဖစ္တဲ့ အိမ္မက္မ်ား မိုးထားတဲ့ အိမ္ ဇာတ္လမ္းတြဲ မွာ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ ၿပီး နာမည္ႀကီး လူသိ မ်ားလာခဲ့ သူ ျဖစ္ပါတယ္။ သူမ ကိုယ္တိုင္ Single Mom ျဖစ္ၿပီး ၁၁ ႏွစ္အရြယ္ သားေလး တစ္ေယာက္ ကို မ်က္ႏွာ မငယ္ေအာင္ ေစာက္ေရွာက္ ေပးေနတာ ပဲ ျဖစ္ပါတယ္။ တစ္ဦးတည္း ေသာ သားေလး အတြက္ပဲ အလုပ္ေတြကို ႀကိဳးစား လုပ္ကိုင္ ေနတာ ျဖစ္ၿပီး စိတ္ဓာတ္ ကိုလဲ ခိုင္မာ ေအာင္ ထားပါ တယ္တဲ့။ သူမ ကေတာ့ Single Mother ေတြ ဆိုတာ ကဲ့ရဲ့ စရာ၊ ႏွိမ္စရာ လူတန္းစား ေတြ မဟုတ္ပါဘူး လို႔ ေျပာထားသူ တစ္ေယာက္လဲ ျဖစ္ပါ တယ္။ သ႐ုပ္ေဆာင္ ေမႏြယ္ထြန္း ဟာ လက္ရွိမွာ Live sale ေရာင္းေန ပါတယ္။

ဒီကာလ မွာ အဆင္ တကယ္ မေျပတဲ့ သူေတြ မ်ားတာ ေၾကာင့္ တစ္လကိုႏွစ္ေယာက္ႏႈန္းနဲ႔ သူတို႔ရဲ့ကုန္ပစၥည္းေတြကို တစ္ရက္ေလာက္အခ်ိန္ေပးၿပီး အႏုပညာေၾကးမယူပဲ တစ္နိုင္သေလာက္ကူညီၿပီးလိုက္ေရာင္းေပးတယ္။ Live Sale မွရတဲ့ ေငြေတြကို တစ္လကို ကေလး အေယာက္၂ဝစာ နို႔မုန႔္ဗူး လႉျဖစ္ပါေသးတယ္။ အခုေခတ္က စနိုက္ေၾကာ္ အရမ္းမ်ား လာၿပီလို႔ သူမဟာ ထပ္မံ ေျပာၿပ လိုက္ပါတယ္။ သူမ်ား တန္ဖိုးထား ေသာ အရာကိုမွ လိုခ်င္ၾက ေသာမိန္းမမ်ား၊ သူမ်ားက ခ်စ္ပါတယ္ သူမ်ားက တန္ဖိုးထား ပါတယ္ဆိုမွ လိုခ်င္တာ လြတ္ေနတဲ့သူကို မလိုခ်င္ၾကဘူး။ အဲဒီမလြတ္မလပ္ကိုမွ ႀကိဳက္တာ၊ အဲ့လိုမိန္းမေတြ ဆိုတာ တလြဲ ဆံပင္ေကာင္း ေနတာလို႔ ေခၚတယ္။

ဒီေယာက္က်ား က နင့္ထက္ ငါကို ပိုခ်စ္တယ္ ဆိုတာကို ဂုဏ္ေဖာ္ ေနတာ ဒါဟာေတာ္ေတာ္ကို ဆိုးဝါးတဲ့ စိတ္ဓာတ္ပဲ သူမ်ား တန္ဖိုး ထားတဲ့ အရာကို ယူလိုက္ ေတာ့ေရာ သူတို႔ အတြက္ ဘာ ေကာင္းလို႔လဲ ….သူမ်ား တန္ဖိုးထားတဲ့ အသီးကိုမွ စားခ်င္ၾက တဲ့ မိန္းမမ်ိဳးေတြ ေပါလာတယ္ စားခ်င္ရင္ ဝယ္စားၾကပါ။ လက္ထပ္ခါနီး အမ်ိဳးသမီးေလးေတြ ကိုလဲ အႀကံေပး လိုက္ပါေသးတယ္။ လက္ထပ္ ခါနီးမွ ေဖာက္ျပန္လို႔ ရွက္ၿပီး ၿငိမ္ခံ မေနၾက ပါနဲ႔ သူေတာင္ ေဖာက္ျပန္ရဲ တာပဲ တစ္ခါထဲ ဆဲခ် လိုက္လို႔ အႀကံေပး ထားပါတယ္။

ဗမာ မိန္းကေလး ေတြက စည္းနဲ႔ ေဘာင္နဲ႔ ေနရ ေတာ့ ခံရတာ မ်ားလာတယ္ ရိုင္းခိုင္း တာ မဟုတ္ဖူး စည္းထဲကပဲ သြားခိုင္းတာ ေဘာင္ထဲ ကပဲ လုပ္ခိုင္းတာ၊ ဒီေခတ္မွ ာေဖာက္ျပန္ဖို႔ အေကာင္းဆုံးက social media ပါပဲ Facebook password ေပးထား႐ုံနဲ႔ မေဖာက္ျပန္ဖူး မထင္ပါနဲ႔ အျခား App ေတြ အမ်ားႀကီး ပါပဲ ဒါေၾကာင့္ ေဖာက္ျပန္ခ်င္တဲ့ ေယာက္က်ားတစ္ေယာက္က ေဖာက္ျပန္ ေနမွာပါပဲ ယုံၾကည္မူ႔ဆိုတာ Possword ေတာင္းတယ္ ဆိုတာနဲ႔ မၿပီးပါဘူး တစ္ေယာက္နဲ႔ တစ္ေယာက္ ေလးေလးစားစား တည္ေဆာက္ ရတာပါ။ ငါ့ကိုပဲ ခ်စ္ပါ လို႔လဲ သြားေျပာလို႔ မရျပန္ဖူး၊ ေရစက္ရွိသေလာက္ ေပါ့ရွင္ လို႔ ေျပာသြားပါတယ္။

Leave a Reply

Your email address will not be published.