သူရဲ့ထိုင်းပရိသတ်တွေကို ထိုင်းဘာသာနဲ့ ပရိသတ်တစ်ယောက်ရဲ့ အကူအညီကြောင့် နှုတ်ဆက်ခွင့်ရသွားတဲ့ ပိုင်တံခွန်
Posted on
မတရား ထောင်ဒဏ် ချမှတ် ခံထား ရတဲ့ ပိုင်တံခွန် ကတော့ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့ ကပဲ လွတ်ငြိမ်း ချမ်းသာ ခွင့်နဲ့ လွတ်မြောက် လာခဲ့ ပြီပဲ ဖြစ်ပါ တယ်။ ပိုင်တံခွန် လွတ်မြောက် လာခြင်း အတွက် သူ့ရဲ့ မိတ်ဆွေ တွေ သူငယ်ချင်း တွေက ဝမ်းသာ နေကြ ပြီး အထူး သဖြင့် သူ့ကို ချစ်ကြ တဲ့ ပြည်တွင်း ပြည်ပ ပရိသတ် တွေက ပျော်ရွှင် နေကြ တာပဲ ဖြစ် ပါတယ်။
အဲ့ဒါ ကြောင့် လည်း ပရိသတ် တွေက ပိုင်တံခွန်ကို တွေ့တိုင်း အမှတ်တရ ဓာတ်ပုံ တွေ ရိုက်ကူး ကြသလို သူတို့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာ တင်လေ့ ရှိတာ ပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် မှာလည်း နာမည် ကြီး Blogger တစ်ယောက် ဖြစ်တဲ့ It’s Me SF ပေ့ချ်က Siri ဟာလည်း ပိုင်တံခွန် နဲ့ စားသောက်ဆိုင် တစ်ခုမှာ ဆုံတွေ့ခဲ့ တယ် ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် ပေ့ချ်မှာမျှဝေ လာပါတယ်။
ပိုင်တံခွန် ဟာ Siri ရဲ့ အကူအညီ နဲ့ ထိုင်းနိုင်ငံမှာ ရှိတဲ့ သူ့ရဲ့ ထိုင်း လူမျိုး ပရိသတ် တွေကို သူတို့ရဲ့ ဘာသာ စကားနဲ့ နှုတ်ဆက်ခွင့် ရရှိခဲ့ တာကို အခု လိုပဲ တွေ့ရ ပါတယ်။ ပိုင်တံခွန်က တော့ သူ့ကို ချစ်ကြ တဲ့ ပရိသတ် တစ်ဦး တစ်ယောက် ချင်း စီတိုင်း ကို တန်ဖိုး ထားပြီး ဂရုစိုက် တတ်သူ တစ်ယောက် ဖြစ်ပါတယ်။ ထိုင်း ပရိသတ် တွေလည်း ပိုင်တံခွန်ကို ပြန်လည် မြင်တွေ့ရ လို့ အလွမ်းတွေ ပြေသွားကြမယ် ထင်ပါ တယ်နော်။
Zawgyi
Leave a Reply
Your email address will not be published.