သူ့ကို မချီဘဲ တခြားကလေးတွေကိုချီနေတဲ့ အတွက် စိတ်ကောက်ဂျီကျနေတဲ့ အာကြီးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ချပြလာတဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ် တွေရဲ့ အချစ်တော် ခိုင်နှင်းဝေ တစ်ယောက် သူ့ရဲ့ ဂေဟာမှာ ခေါ်ယူ မွေးစားထားတဲ့ ကလေးတွေ ထဲက ခိုင်ထက်ဦးမောင်(ခ)အာကြီးကိုတော့ ပရိသတ်တွေ ပိုလို့ သတိထားမိမယ် ထင်ပါတယ်။ ဘဝ အကျိုးပေးကံ မကောင်းတာကြောင့် မေမေ ခိုင်နှင်းဝေ ကရော ပရိသတ် တွေကပါ အာကြီးကို သနားချစ်နဲ့ အချစ်ပိုနေ ကြရပါသေးတယ်။

အာကြီးကလည်း အရွယ်နဲ့ မလိုက်အောင် ချစ်ဖို့ကောင်းလွန်းလှပြီး မေမေခိုင်နှင်းဝေရော ပရိသတ်တွေပါ အချစ်ပို ရလောက်အောင်လည်း ချွဲတတ် လွန်းလှပါတယ်။ ဒီနေ့မှာလည်း မေမေခိုင်နှင်းဝေက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ သူ့ကို မချီဘဲ တစ်ခြား တစ်ယောက်ကို ချီထားတာ ကြောင့် အာကြီး တစ်ယောက် မေမေခိုင်နှင်းဝေရဲ့ အနားကို အတင်းကပ်ကာ ချွဲပြီးစိတ်ကောက် နေတဲ့ပုံကို ဗီဒီယိုလေး ရိုက်ကာ မျှဝေလာ ခဲ့တာပဲ ဖြစ်ပါတယ်။

အာကြီး ကတော့ တကယ်ကိုပဲ မေမေခိုင်နှင်းဝေ တစ်ယောက် အချစ်တွေပိုလည်း ပိုရလောက် အောင်ကို ချွဲတတ် လွန်းသူလေး လည်းဖြစ်ပါတယ်။ ပရိသတ်ကြီး တွေကိုလည်း ချစ်စရာကောင်းလောက်အောင် မေမေခိုင်နှင်းဝေ ကို ချွဲနေတဲ့ အာကြီးရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည် မျှဝေဖော်ပြပေး လိုက်ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.