သူ့ဘဝမှာ အနီးအနားမှာရှိစဉ်က တန်ဖိုးထားရကောင်းမှန်းမသိခဲ့ပေမဲ့ အခုထွက်သွားတော့မှနောင်တရပြီး ပြန်လာဖို့တောင်းဆိုလိုက်တဲ့ ခင်လှိုင်

Posted on

သရုပ်ဆောင် တစ်ယောက် လည်း ဖြစ်သလို ဒါရိုက်တာ တစ်ယောက် လည်း ဖြစ်တဲ့ ခင်လှိုင် ကတော့ အနုပညာ လောက မှာ မသိတဲ့ သူ မရှိလောက် အောင် ထင်ရှား တဲ့ အနုပညာ ရှင် တစ်ယောက် ဖြစ် ပါတယ်။ ခင်လှိုင် ကတော့ ပရိသတ်တွေ အပေါ် စေတနာ ထားပြီး အလုပ် အပေါ် ကိုလည်း သစ္စာ ရှိ တာကြောင့် တစ်နေ့ထက် တစ်နေ့ အောင်မြင် လာခဲ့ တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မ ကောင်းစွာ နဲ့ပဲ အကယ်ဒမီ ဆုကြီးနဲ့ လွဲချော် နေတဲ့ ခင်လှိုင် ကတော့ ပရိသတ် တွေ ရင်ထဲက ပေးတဲ့ အကယ်ဒမီ ဆုတွေ ကိုတော့ အကြိမ် ကြိမ် ရရှိနေ သူ တစ်ယောက် ဆိုလည်း မမှားပါဘူး။

အနုပညာ အလုပ်တွေ ရပ်နား ထားခဲ့ တာ နှစ်နဲ့ ချီကြာ မြင့်ခဲ့ ပြီ ဖြစ်တဲ့ ခင်လှိုင် ဟာ ဒီကနေ့ မှာတော့ အနားမှ ာမရှိတော့ သူတစ်ယောက် ကို သတိရ နေကြောင်း “…တမ်းတစိတ်… ငါ့အနားမှာ မင်းရှိ နေတဲ့ အချိန် တုန်းကပေါ့…တန်ဖိုး ထားရ ကောင်းမှန်း မသိခဲ့ဘူး……ငါ့အတွက် မင်းက အချိန် မရွေး ရှိနေ မယ်လို့…ရူးမိုက်စွာ တွေးထား တာလေ… တစ်ချို့သော မိတ်ဆွေကောင်းတွေ ကတော့…စေတနာ စကားတွေနဲ့ သတိပေး ပါတယ်…ကောင်လေး သတိထား,,,တစ်နေ့မှာ…သူက ထားသွား မှာတဲ့…မှန်လိုက် တဲ့စကား…အခုတော့…ကျွန်တော့် အနားမှာ သူမရှိ တော့ပါဘူး😭😭😭

နောင်တ ကြီးစွာ…တောင်းပန်ပါတယ်… ပြန်လာပါ ကွယ်…ပိုက်ဆံရယ်💰💰💴💴💵💵💶💶💷💷💸💸💰💰” လို့ဆိုကာ ခံစားချက် အပြည့်နဲ့ ကဗျာ ရေးစပ် သီကုံး ခဲ့တာကို တွေ့ရပါတယ်။ ခင်လှိုင် ကတော့ အနုပညာ အလုပ် တွေကို နှစ်နဲ့ချီ ရပ်နား ထားတာမို့ ဝင်ငွေ မရှိတော့ တဲ့အတွက် ပိုက်ဆံကို တမ်းတ သတိရကြောင်း ခံစားချက် အပြည့်နဲ့ ပြောလာ တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး ထဲမှာလည်း ခင်လှိုင်နဲ့ ခံစားချက် ချင်း ထပ်တူ ကျနေ သူတွေ အများကြီး ရှိနေမယ် ဆိုတာ သေချာပါတယ်။

Zawgyi




Leave a Reply

Your email address will not be published.