သူ့ရဲ့လက်နှင့် တစ်ချက်ရိုက်ရုံဖြင့် လူအသက်သေစေနိုင်လောက်အောင် ခွန်အားကြီးတဲ့ ရာဇဝင်ထဲက မင်းလက်ဝါး အကြောင်း

Posted on

မင်းလက်ဝါး ကို သမိန်ထော ရာဇာဘွဲ့ခံ ပုသိမ်မြို့ဝန် မဟာသမိ န်ထောနှင့် ရေကင်းသူ မမကြီးတို့က ၁၈၂၃-ခုနှစ်တွင် မွေးဖွားသ ည်။ မွေးချင် ၂-ဦးအနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ မောင်လတ်ဖြစ်သည်။

မင်းလက်ဝါး ၏ အနွယ်ရင်း ဖြစ်သော သူ၏ အဘ၊ အဘိုး၊ အဘေးများသည် အလောင်းမင်းတ ရားလက်ထက်မှစ၍ အစဉ်အဆက် အမှုထမ်းလာကြသော မွန်တိုင်းရင်း သားများ ဖြစ်ကြသည်။ မင်း လက်ဝါးသည် ကုန်းဘောင်ဆက် မင်းတုန်းမင်းနှင့် သီပေါ မင်းတို့ လက်ထက်တွင် နှစ်ပေါင်း ၃၀-ခန့် အမှုထမ်းခဲ့သည်။

မင်းတုန်းမ င်းသည် မင်းလ က်ဝါးအား အမြင့်ငါးမြို့ဝန်၊ မဟာသမိန်ဘရမ်း၊ မင်းကြီးမင်းခေါင်သူရိန်၊ မင်းကြီးမဟာသက်တော်ရှည် ဘွဲ့များချီးမြှင့်ခဲ့သည်။ သီပေါမင်းက မက္ခရာမြို့စား၊ လက် ဝဲတော်မှူး၊ မင်းကြီးသူရ မဟာမင်းခေါင် သမိန်ဘရမ်းနှင့် အောက်မြ စ်စဉ် ခရိုင်မင်းကြီးဘွဲ့များ ချီးမြှင့်ခဲ့သည်။

မောင်လတ်၏ ဖခင်သည် ငယ်စဉ်က ပင် ဆုံးသွားခဲ့သည်။ မိခင်၊ အမများနှင့်လည်း ကွဲကွာခဲ့ရပြီး ရေကင်းဘုန်းကြီး ကျောင်းတွင် ခိုလှုံကာ ဘုန်းကြီးထံ၌ စာပေပညာများကို သင်ယူခဲ့ သည်။ ဘုန်းတော်ကြီးက လူရေးလူရာ လိမ္မာယဉ်ကျေးစေရန် ဆုံးမသွန်သ င်ပေးသည်။

လူပျိုအရွယ်ေ ရာက်လာေ သာအခါ ဒေသအလိုက် သစ်ခုတ်၊ လယ်လုပ်ခြင်းဖြင့် အသက်မွေးရသည်။ မောင်လတ်သည် သစ်ခုတ်ရင်း သစ်ငုတ် ထိုး မိသော ဒဏ်ရာကြောင့် ဝဲမျက်လုံး တဖက် ကွယ်သွားေ လသည်။ ထို့နောက် တောင်သူကြီးတစ်ဦး၏ သမီးနှင့် အိမ်ထောင်ကျပြီး ယော က္ခမအိမ်သို့ လိုက်ပါနေထို င်လျက် တောင်သူလုပ်ငန်းကို ပင်ပန်းကြီးစွာ လုပ်ကိုင် စားသော က်ရသည်။ မောင်လတ်သ ည် လယ်ယာလုပ်ငန်း၌ စိတ်မဝင်စား။ မကျွမ်းကျင်၍ ယောက္ခမက ၎င်းအား လူပျင်း၊ လူအဟု အထင်အမြင်သေးကာ ငြူစူလာသည်။ ဇနီးသ ည်ကပင် အထင်အ မြင်သေး၍ မထီမဲ့မြင် ပြုလာသည်။

မောင်လတ်သည် ယော က္ခမနှင့် မိန်းမဖြစ်သူ၏ ငြိုငြင်မှုကို ခံနေရချိန်တွင် အမဖြစ်သူ ခင်ခင်ကြီးမှာ ရာဇဌာနီ မင်းနေပြည် အမရပူရမြို့တော်၌ သူရဲဝန်ကေ တာ်ဖြစ်လျက် ကောင်း စားနေကြောင်း သတင်း ကောင်းကြားလာရသည်။ မောင်လတ်သည် အသက် ၃၁-နှစ်အရွယ်ခန့်၊ ၁၈၄၄-ခုနှစ်တွင် ဇနီးသည် ကိုထားခဲ့၍ အမရပူရမြို့တော်သို့ လှည်းတတန်၊ လှေတတန်၊ ခြေကျင်တတန်ဖြင့် တစ်လ နီးပါးအထိ ခရီးနှင်လာခဲ့သည်။

မောင်လတ်သည် သူရဲဝန်မ င်းအိမ်ကို အလွယ်တကူ ရှာတွေ့သည်။ အမခင်ခင်ကြီးသည် မောင်ငယ်ကို မမျှော်လင့်ဘဲ တွေ့ရ၍ ဝမ်းသာပြီး ရှိုက်ကြီးတ ငင် ငိုရှာသည်။ သူရဲမင်း ဦးေ ရွှလုံးသည် ယောက်ဖဖြစ် သူ မောင်လတ် အားတစေ့တစောင်း အကဲခတ်သည်။ လက်ရုံးတဆူကဲ့ သို့ အားကိုးစိတ်ချ ရမည့်သူဖြစ်ကြောင်း ယုံကြည် သဖြင့် အစစအရာရာ မင်းမှူးစိုးတာ နန်းတွင်းေ ရးရာမှစ၍ သွန်သင်ဆုံး မသည်။

အခါအ ခွင့်ရတိုင်း ဓားခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီးတို့ကို ကျွမ်းကျင်အောင် သင်ကြားပေးသည်။ သူရဲဝန်မင်းသည် မောင်လတ် အား မင်းတုန်းမင်းကြီး၏ ရှေ့တော်သို့ ဝင်ရောက်ခ စားစေသည်။ မင်းတုန်းမင်းသည် မောင်လတ်၏ အရည်အသွေးကို အကဲခတ်ရင်း အပါးတော် ၌ ခစားစေသည်။ ထို့နောက် ချောင်းဦး ဆယ်ရွာကို စားစေပြီး မင်းမှုထမ်းစေသည်။ မောင်လတ်သည် မိမိတာဝန်များကို မလစ်ဟင်းရလေေ အာင် ကြိုးစားထမ်းေ ဆာင်သည်။ မင်းတုန်းမင်းသည် မောင်လတ်၏ စွမ်းရည်ကို နှစ်သက်၍ အမြင့်မြို့ဝ န်ရာထူး တိုးမြင့်ခန့်အပ်တော်မူသည်။

ဦးလတ်သည် မိမိတာဝန်ထမ်းေ ဆာင်ရာ မြို့ရွာများတွင် သူ၏အမိန့် စည်းကမ်းများကို မလေးမခန့် ပြုသူ၊ ဆိုးသွမ်းသူများကို ကိုယ်တိုင် လက်ဝါးနှင့်ရို က်၍ ဆုံးမလေ့ရှိသည်။ ဦးလတ်မှာ အသားဖြူဝင်း စိုပြည် လျက် ထွားကျိုင်းသန်မာ၍ အံ့သြလော က်သော ကာယဗလရှိပြီး တိုင်းရင်းသား မွန် များတွင် ထင်ရှားလှသည်။ လေးတောင်ပြည့် အရပ်အမောင်းနှင့် လိုက်ဖက်အောင် အလုံးအထည် ကြံ့ခိုင်သူ လည်းဖြစ်သည်။ ထို့ကြောင့် သူ၏ ရိုက်ချက်မှာ အားကောင်းမောင်းသန်လှသဖြင့် ပြင်းပြင်းအ ရိုက်ခံရသူမှာ တချက်တည်းနှင့် စင်းစ င်းသေရေ လတော့သည်။ ဦးလတ်၏ တမူထူးခြားသော သူ၏စရိုက်နှင့် စွမ်းအား တို့ကြောင့် အမြင့်မြို့နယ်တခွင်တွင် မင်းလက်ဝါး-ဟု ပြည်သူများက ခေါ်ဆိုကြလေသည်။

မင်းလက်ဝါးအု ပ်ချုပ်သော နယ်အ တွင်း ခိုးသားဓားပြများ လုံးဝက င်းစင်ကာ အေးချမ်းလှသည်။ ထိုကဲ့သို့သော မင်းလက်ဝါး၏ ဂုဏ်သတင်းကို မင်းတုန်းမင်း ကြားသောအခါ အပါးတော်သို ့ခေါ်ယူပြီး သူ၏မျိုးရိုး ဇာတိကို မေးမြန်းတော်မူသည်။ သူရသတ္တိသွေး မျိုးရှိသူဖြစ်ကြောင်း သေချာ စွာသိတော်မူ၍ အသက် ၃၃-နှစ်အရွယ် ၁၈၅၆-ခုနှစ်တွင် မဟာသမိန်ဘရမ်း-ဟု ဘွဲ့တော်ကိုပေးလျက် အမြင့်ငါးမြို့ဝန်ရာထူး တိုးမြှင့်ခန့်အပ်လေသည်။

မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းနောက်ပိုင်း ပန်းထိမ်မင်းသားပုန်ကန်မှုကို နှိမ်နင်းရန် မင်းတုန်းမင်းသည် မင်းလက်ဝါးကို အမြင့်မြို့မှခေါ်ယူပြီး မြစ်စဉ်တလျှောက်မှ နယ်များကို ငြိမ်ဝပ်ပိပြားမှုရှိစေရန် တာဝန် ခံဗိုလ်ချုပ်ကြီး ခန့်အပ်တာဝန်ပေးသည်။ မင်းလက်ဝါးသည် သူရဲသူခက် လက်နက်အင်ခွင်တို့ကို ဖွဲ့စည်းစုဆောင်း၍ ပန်းထိမ်မင်းသား ပုန်ကန်မှုကို နှိမ်နှင်းအော င်မြင်ခဲ့သည်။ ပုန်ကန်သူများတွင် ပါဝင်သော မိမိ သားကိုပင် အဆုံးစီရင် လေသည်။

မင်းတုန်းမင်းသည် မင်းလက် ဝါးအား မဟာသမိန်ဘရမ်းဘွဲ့တွင် ထပ်လောင်းလျက် မင်းကြီးမင်းခေါင်သူရိန်-ဟူသော ဘွဲ့တော်ကို ချီးမြှင့်ေ လသည်။ ၎င်းပြင် ရတနာကိုးပါး စီ ခြယ်သော သီလဝင်ရွှေဓားကို ပေးအပ်ချီူမြှင့်လျက် မင်းကြီးမဟာ သက်တော်ရှည်ဘွဲ ့ထူးကို ၁၈၇၄-ခုနှစ်တွင် ထပ်ဆင့်အ ပ်နှင်းတော်မူသည်။ ထို့နောက် ဗလကောင်းသော အင်္ဂလိပ်ကြီးနှင့် စွမ်းအားပြိုင်ရာ တွင်လည်း အနိုင်ရ၍ ဘုရင်မင်းမြတ်က မင်းလ က်ဝါးကို ဆုတော်ငွေများ ပေးသနားတော်မူလေသည်။

သီပေါမင်းလက်ထက်တွင် မင်းလက်ဝါးအား မက္ခရာမြို့ကို အပိုင်စားပေးသည့်အပြင် မင်းကြီးသူရမဟာမင်းခေါင် သမိန်ဘရမ်း-ဟူသော ဘွဲ့အမည်နှင့် လက်ဝဲဝင်းတော်မှူးရာထူးကို ခန့်အပ်ခံသည်။ ဧရာဝတီမြစ်၏ ဝဲယာမြို့များတဝိုက်ကို အောက်မြစ်စဉ် ၇-ခရိုင် သတ်မှတ်ပိုင်းခြားလျက် မင်းလက်ဝါးအား အုပ်ချုပ်စေသည်။ မင်းလက်ဝါးသည် အောက်မြစ်စဉ် ၇-ခရိုင်မင်းကြီးဟူသော အမည်ဖြင့် ထင်ရှားလာသည်။

၁၈၈၅-ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် ဗိုလ်ချုပ်ကြီး လှေသင်း အတွင်းဝန် ဦးရွှေမောင်နှင့် ဗိုလ်ချုပ်မင်းလက်ဝါးတို့ တူအရီးနှစ်ဦးသည် မြင်းခြံနှင့် မင်းလှမြို့များတလျှောက် ကွပ်ကဲ တိုက်ခိုက်ကြ သည်။ ထို့ပြင် မင်းလှခံတပ်ကြီးကို ဦးစီးကွပ်ကဲ၍ နယ်ချဲ့တို့အား အပြင်းအထန် ခုခံတိုက်ခိုက်ကြသည်။ ၁၈၈၅-ခုနှစ် နိုဝင်ဘာလ ၁၇-ရက်နေ့ ညနေတွင် မင်းလှခံတပ် ကျဆုံးသွားသည်။ မင်းလက်ဝါးကြီး သည် ခံတပ်၏ မလွယ်ပေါက်မှ ထွက်ခွါလွတ်မြောက်လာသည်။ သူနှင့်အတူပါလာသော ရဲမက်များနှင့် မျိုးချစ်မြန်မာများကို အင်အားစုစည်း၍ ဗြိတိသျှတို့အား တော်လှန်ရန် ကြိုးစားသည်။ သို့သော် မြန်မာ လွှတ်တော်မှ မေတ္တာရပ်ခံသဖြင့် လက်နက်ချခဲ့ရသည်။

မင်းကြီးတွင် ဝန်ကတော် ၈-ဦးနှင့် သား ၂၀၊ မြေး ၁၀-ယောက်ရှိသည်။ မင်းကြီးသည် မန္တလေးမြို့ တနေရာတွင် မိသားစုနှင့်အတူ နေထိုင်၏။ ဗြိတိသျှတို့က ငွေကြေး၊ ရာထူးတို့ဖြင့် စည်းရုံးသိမ်းသွင်း သော်လည်း လက်မခံခဲ့ပေ။ မင်းကြီးသည် ၁၈၉၃-ခုနှစ်လောက်တွင် နယ်ချဲ့တော်လှန်ရေးများ ငြိမ်းအေးသွားသောအခါ မန္တလေးမှ အမြင့်မြို့သို့ ပြောင်းရွှေနေထိုင်ခဲ့သည်။

မင်းလက်ဝါးသည် အစားအသောက် လွန်စွာစားနိုင်သည်။ နံနက် ဆန် နို့ဆီဗူး လေးလုံး၊ ညနေ ဆန် နို့ဆီဗူး လေးလုံး ကုန်အောင် စားနိုင်သည်။ ထမင်းစားပြီး ဖီးကြမ်းငှက်ပျောသီး တစ်ဖီး ကုန်အောင် စားနိုင်သည်။ မင်းလက်ဝါးသည် ၁၉၀၃-ခုနှစ် အသက် ၈၀-တွင် လူကြီးရောဂါဖြင့် အမြင့်မြို့၌ ကွယ်လွန်ခဲ့လေသည်။

ကိုးကား ဦးမြင့်စော (သမိုင်းပါမေက္ခ-ပုသိမ်တက္ကသိုလ်) (မင်္ဂလာမောင်မယ် ၂၀၀၉-ခု မေလ)

Zawgyi Version

မင္းလက္ဝါး ကို သမိန္ေထာ ရာဇာဘြဲ႕ခံ ပုသိမ္ၿမိဳ႕ဝန္ မဟာသမိ န္ေထာႏွင့္ ေရကင္းသူ မမႀကီးတို႔က ၁၈၂၃-ခုႏွစ္တြင္ ေမြးဖြားသ ည္။ ေမြးခ်င္ ၂-ဦးအနက္ အငယ္ျဖစ္သည္။ ငယ္မည္မွာ ေမာင္လတ္ျဖစ္သည္။

မင္းလက္ဝါး ၏ အႏြယ္ရင္း ျဖစ္ေသာ သူ၏ အဘ၊ အဘိုး၊ အေဘးမ်ားသည္ အေလာင္းမင္းတ ရားလက္ထက္မွစ၍ အစဥ္အဆက္ အမႈထမ္းလာၾကေသာ မြန္တိုင္းရင္း သားမ်ား ျဖစ္ၾကသည္။ မင္း လက္ဝါးသည္ ကုန္းေဘာင္ဆက္ မင္းတုန္းမင္းႏွင့္ သီေပါ မင္းတို႔ လက္ထက္တြင္ ႏွစ္ေပါင္း ၃၀-ခန႔္ အမႈထမ္းခဲ့သည္။

မင္းတုန္းမ င္းသည္ မင္းလ က္ဝါးအား အျမင့္ငါးၿမိဳ႕ဝန္၊ မဟာသမိန္ဘရမ္း၊ မင္းႀကီးမင္းေခါင္သူရိန္၊ မင္းႀကီးမဟာသက္ေတာ္ရွည္ ဘြဲ႕မ်ားခ်ီးျမႇင့္ခဲ့သည္။ သီေပါမင္းက မကၡရာၿမိဳ႕စား၊ လက္ ဝဲေတာ္မႉး၊ မင္းႀကီးသူရ မဟာမင္းေခါင္ သမိန္ဘရမ္းႏွင့္ ေအာက္ၿမ စ္စဥ္ ခရိုင္မင္းႀကီးဘြဲ႕မ်ား ခ်ီးျမႇင့္ခဲ့သည္။

ေမာင္လတ္၏ ဖခင္သည္ ငယ္စဥ္က ပင္ ဆုံးသြားခဲ့သည္။ မိခင္၊ အမမ်ားႏွင့္လည္း ကြဲကြာခဲ့ရၿပီး ေရကင္းဘုန္းႀကီး ေက်ာင္းတြင္ ခိုလႈံကာ ဘုန္းႀကီးထံ၌ စာေပပညာမ်ားကို သင္ယူခဲ့ သည္။ ဘုန္းေတာ္ႀကီးက လူေရးလူရာ လိမၼာယဥ္ေက်းေစရန္ ဆုံးမသြန္သ င္ေပးသည္။

လူပ်ိဳအရြယ္ေ ရာက္လာေ သာအခါ ေဒသအလိုက္ သစ္ခုတ္၊ လယ္လုပ္ျခင္းျဖင့္ အသက္ေမြးရသည္။ ေမာင္လတ္သည္ သစ္ခုတ္ရင္း သစ္ငုတ္ ထိုး မိေသာ ဒဏ္ရာေၾကာင့္ ဝဲမ်က္လုံး တဖက္ ကြယ္သြားေ လသည္။ ထို႔ေနာက္ ေတာင္သူႀကီးတစ္ဦး၏ သမီးႏွင့္ အိမ္ေထာင္က်ၿပီး ေယာ ကၡမအိမ္သို႔ လိုက္ပါေနထို င္လ်က္ ေတာင္သူလုပ္ငန္းကို ပင္ပန္းႀကီးစြာ လုပ္ကိုင္ စားေသာ က္ရသည္။ ေမာင္လတ္သ ည္ လယ္ယာလုပ္ငန္း၌ စိတ္မဝင္စား။ မကၽြမ္းက်င္၍ ေယာကၡမက ၎အား လူပ်င္း၊ လူအဟု အထင္အျမင္ေသးကာ ျငဴစူလာသည္။ ဇနီးသ ည္ကပင္ အထင္အ ျမင္ေသး၍ မထီမဲ့ျမင္ ျပဳလာသည္။

ေမာင္လတ္သည္ ေယာ ကၡမႏွင့္ မိန္းမျဖစ္သူ၏ ၿငိဳျငင္မႈကို ခံေနရခ်ိန္တြင္ အမျဖစ္သူ ခင္ခင္ႀကီးမွာ ရာဇဌာနီ မင္းေနျပည္ အမရပူရၿမိဳ႕ေတာ္၌ သူရဲဝန္ေက တာ္ျဖစ္လ်က္ ေကာင္း စားေနေၾကာင္း သတင္း ေကာင္းၾကားလာရသည္။ ေမာင္လတ္သည္ အသက္ ၃၁-ႏွစ္အရြယ္ခန႔္၊ ၁၈၄၄-ခုႏွစ္တြင္ ဇနီးသည္ ကိုထားခဲ့၍ အမရပူရၿမိဳ႕ေတာ္သို႔ လွည္းတတန္၊ ေလွတတန္၊ ေျခက်င္တတန္ျဖင့္ တစ္လ နီးပါးအထိ ခရီးႏွင္လာခဲ့သည္။

ေမာင္လတ္သည္ သူရဲဝန္မ င္းအိမ္ကို အလြယ္တကူ ရွာေတြ႕သည္။ အမခင္ခင္ႀကီးသည္ ေမာင္ငယ္ကို မေမၽွာ္လင့္ဘဲ ေတြ႕ရ၍ ဝမ္းသာၿပီး ရွိုက္ႀကီးတ ငင္ ငိုရွာသည္။ သူရဲမင္း ဦးေ ရႊလုံးသည္ ေယာက္ဖျဖစ္ သူ ေမာင္လတ္ အားတေစ့တေစာင္း အကဲခတ္သည္။ လက္႐ုံးတဆူကဲ့ သို႔ အားကိုးစိတ္ခ် ရမည့္သူျဖစ္ေၾကာင္း ယုံၾကည္ သျဖင့္ အစစအရာရာ မင္းမႉးစိုးတာ နန္းတြင္းေ ရးရာမွစ၍ သြန္သင္ဆုံး မသည္။

အခါအ ခြင့္ရတိုင္း ဓားခုတ္၊ လွံထိုး၊ ဆင္စီး၊ ျမင္းစီးတို႔ကို ကၽြမ္းက်င္ေအာင္ သင္ၾကားေပးသည္။ သူရဲဝန္မင္းသည္ ေမာင္လတ္ အား မင္းတုန္းမင္းႀကီး၏ ေရွ႕ေတာ္သို႔ ဝင္ေရာက္ခ စားေစသည္။ မင္းတုန္းမင္းသည္ ေမာင္လတ္၏ အရည္အေသြးကို အကဲခတ္ရင္း အပါးေတာ္ ၌ ခစားေစသည္။ ထို႔ေနာက္ ေခ်ာင္းဦး ဆယ္ရြာကို စားေစၿပီး မင္းမႈထမ္းေစသည္။ ေမာင္လတ္သည္ မိမိတာဝန္မ်ားကို မလစ္ဟင္းရေလေ အာင္ ႀကိဳးစားထမ္းေ ဆာင္သည္။ မင္းတုန္းမင္းသည္ ေမာင္လတ္၏ စြမ္းရည္ကို ႏွစ္သက္၍ အျမင့္ၿမိဳ႕ဝ န္ရာထူး တိုးျမင့္ခန႔္အပ္ေတာ္မူသည္။

ဦးလတ္သည္ မိမိတာဝန္ထမ္းေ ဆာင္ရာ ၿမိဳ႕ရြာမ်ားတြင္ သူ၏အမိန႔္ စည္းကမ္းမ်ားကို မေလးမခန႔္ ျပဳသူ၊ ဆိုးသြမ္းသူမ်ားကို ကိုယ္တိုင္ လက္ဝါးႏွင့္ရို က္၍ ဆုံးမေလ့ရွိသည္။ ဦးလတ္မွာ အသားျဖဴဝင္း စိုျပည္ လ်က္ ထြားက်ိဳင္းသန္မာ၍ အံ့ၾသေလာ က္ေသာ ကာယဗလရွိၿပီး တိုင္းရင္းသား မြန္ မ်ားတြင္ ထင္ရွားလွသည္။ ေလးေတာင္ျပည့္ အရပ္အေမာင္းႏွင့္ လိုက္ဖက္ေအာင္ အလုံးအထည္ ႀကံ့ခိုင္သူ လည္းျဖစ္သည္။ ထို႔ေၾကာင့္ သူ၏ ရိုက္ခ်က္မွာ အားေကာင္းေမာင္းသန္လွသျဖင့္ ျပင္းျပင္းအ ရိုက္ခံရသူမွာ တခ်က္တည္းႏွင့္ စင္းစ င္းေသေရ လေတာ့သည္။ ဦးလတ္၏ တမူထူးျခားေသာ သူ၏စရိုက္ႏွင့္ စြမ္းအား တို႔ေၾကာင့္ အျမင့္ၿမိဳ႕နယ္တခြင္တြင္ မင္းလက္ဝါး-ဟု ျပည္သူမ်ားက ေခၚဆိုၾကေလသည္။

မင္းလက္ဝါးအု ပ္ခ်ဳပ္ေသာ နယ္အ တြင္း ခိုးသားဓားျပမ်ား လုံးဝက င္းစင္ကာ ေအးခ်မ္းလွသည္။ ထိုကဲ့သို႔ေသာ မင္းလက္ဝါး၏ ဂုဏ္သတင္းကို မင္းတုန္းမင္း ၾကားေသာအခါ အပါးေတာ္သို ့ေခၚယူၿပီး သူ၏မ်ိဳးရိုး ဇာတိကို ေမးျမန္းေတာ္မူသည္။ သူရသတၱိေသြး မ်ိဳးရွိသူျဖစ္ေၾကာင္း ေသခ်ာ စြာသိေတာ္မူ၍ အသက္ ၃၃-ႏွစ္အရြယ္ ၁၈၅၆-ခုႏွစ္တြင္ မဟာသမိန္ဘရမ္း-ဟု ဘြဲ႕ေတာ္ကိုေပးလ်က္ အျမင့္ငါးၿမိဳ႕ဝန္ရာထူး တိုးျမႇင့္ခန႔္အပ္ေလသည္။

ျမင္းကြန္း ျမင္းခုံတိုင္ အေရးအခင္းေနာက္ပိုင္း ပန္းထိမ္မင္းသားပုန္ကန္မႈကို ႏွိမ္နင္းရန္ မင္းတုန္းမင္းသည္ မင္းလက္ဝါးကို အျမင့္ၿမိဳ႕မွေခၚယူၿပီး ျမစ္စဥ္တေလၽွာက္မွ နယ္မ်ားကို ၿငိမ္ဝပ္ပိျပားမႈရွိေစရန္ တာဝန္ ခံဗိုလ္ခ်ဳပ္ႀကီး ခန႔္အပ္တာဝန္ေပးသည္။ မင္းလက္ဝါးသည္ သူရဲသူခက္ လက္နက္အင္ခြင္တို႔ကို ဖြဲ႕စည္းစုေဆာင္း၍ ပန္းထိမ္မင္းသား ပုန္ကန္မႈကို ႏွိမ္ႏွင္းေအာ င္ျမင္ခဲ့သည္။ ပုန္ကန္သူမ်ားတြင္ ပါဝင္ေသာ မိမိ သားကိုပင္ အဆုံးစီရင္ ေလသည္။

မင္းတုန္းမင္းသည္ မင္းလက္ ဝါးအား မဟာသမိန္ဘရမ္းဘြဲ႕တြင္ ထပ္ေလာင္းလ်က္ မင္းႀကီးမင္းေခါင္သူရိန္-ဟူေသာ ဘြဲ႕ေတာ္ကို ခ်ီးျမႇင့္ေ လသည္။ ၎ျပင္ ရတနာကိုးပါး စီ ျခယ္ေသာ သီလဝင္ေရႊဓားကို ေပးအပ္ခ်ီူျမႇင့္လ်က္ မင္းႀကီးမဟာ သက္ေတာ္ရွည္ဘြဲ ့ထူးကို ၁၈၇၄-ခုႏွစ္တြင္ ထပ္ဆင့္အ ပ္ႏွင္းေတာ္မူသည္။ ထို႔ေနာက္ ဗလေကာင္းေသာ အဂၤလိပ္ႀကီးႏွင့္ စြမ္းအားၿပိဳင္ရာ တြင္လည္း အနိုင္ရ၍ ဘုရင္မင္းျမတ္က မင္းလ က္ဝါးကို ဆုေတာ္ေငြမ်ား ေပးသနားေတာ္မူေလသည္။

သီေပါမင္းလက္ထက္တြင္ မင္းလက္ဝါးအား မကၡရာၿမိဳ႕ကို အပိုင္စားေပးသည့္အျပင္ မင္းႀကီးသူရမဟာမင္းေခါင္ သမိန္ဘရမ္း-ဟူေသာ ဘြဲ႕အမည္ႏွင့္ လက္ဝဲဝင္းေတာ္မႉးရာထူးကို ခန႔္အပ္ခံသည္။ ဧရာဝတီျမစ္၏ ဝဲယာၿမိဳ႕မ်ားတဝိုက္ကို ေအာက္ျမစ္စဥ္ ၇-ခရိုင္ သတ္မွတ္ပိုင္းျခားလ်က္ မင္းလက္ဝါးအား အုပ္ခ်ဳပ္ေစသည္။ မင္းလက္ဝါးသည္ ေအာက္ျမစ္စဥ္ ၇-ခရိုင္မင္းႀကီးဟူေသာ အမည္ျဖင့္ ထင္ရွားလာသည္။

၁၈၈၅-ခုႏွစ္ တတိယ အဂၤလိပ္-ျမန္မာ စစ္ပြဲတြင္ ဗိုလ္ခ်ဳပ္ႀကီး ေလွသင္း အတြင္းဝန္ ဦးေရႊေမာင္ႏွင့္ ဗိုလ္ခ်ဳပ္မင္းလက္ဝါးတို႔ တူအရီးႏွစ္ဦးသည္ ျမင္းၿခံႏွင့္ မင္းလွၿမိဳ႕မ်ားတေလၽွာက္ ကြပ္ကဲ တိုက္ခိုက္ၾက သည္။ ထို႔ျပင္ မင္းလွခံတပ္ႀကီးကို ဦးစီးကြပ္ကဲ၍ နယ္ခ်ဲ႕တို႔အား အျပင္းအထန္ ခုခံတိုက္ခိုက္ၾကသည္။ ၁၈၈၅-ခုႏွစ္ နိုဝင္ဘာလ ၁၇-ရက္ေန႔ ညေနတြင္ မင္းလွခံတပ္ က်ဆုံးသြားသည္။ မင္းလက္ဝါးႀကီး သည္ ခံတပ္၏ မလြယ္ေပါက္မွ ထြက္ခြါလြတ္ေျမာက္လာသည္။ သူႏွင့္အတူပါလာေသာ ရဲမက္မ်ားႏွင့္ မ်ိဳးခ်စ္ျမန္မာမ်ားကို အင္အားစုစည္း၍ ၿဗိတိသၽွတို႔အား ေတာ္လွန္ရန္ ႀကိဳးစားသည္။ သို႔ေသာ္ ျမန္မာ လႊတ္ေတာ္မွ ေမတၱာရပ္ခံသျဖင့္ လက္နက္ခ်ခဲ့ရသည္။

မင္းႀကီးတြင္ ဝန္ကေတာ္ ၈-ဦးႏွင့္ သား ၂၀၊ ေျမး ၁၀-ေယာက္ရွိသည္။ မင္းႀကီးသည္ မႏၲေလးၿမိဳ႕ တေနရာတြင္ မိသားစုႏွင့္အတူ ေနထိုင္၏။ ၿဗိတိသၽွတို႔က ေငြေၾကး၊ ရာထူးတို႔ျဖင့္ စည္း႐ုံးသိမ္းသြင္း ေသာ္လည္း လက္မခံခဲ့ေပ။ မင္းႀကီးသည္ ၁၈၉၃-ခုႏွစ္ေလာက္တြင္ နယ္ခ်ဲ႕ေတာ္လွန္ေရးမ်ား ၿငိမ္းေအးသြားေသာအခါ မႏၲေလးမွ အျမင့္ၿမိဳ႕သို႔ ေျပာင္းေရႊေနထိုင္ခဲ့သည္။

မင္းလက္ဝါးသည္ အစားအေသာက္ လြန္စြာစားနိုင္သည္။ နံနက္ ဆန္ နို႔ဆီဗူး ေလးလုံး၊ ညေန ဆန္ နို႔ဆီဗူး ေလးလုံး ကုန္ေအာင္ စားနိုင္သည္။ ထမင္းစားၿပီး ဖီးၾကမ္းငွက္ေပ်ာသီး တစ္ဖီး ကုန္ေအာင္ စားနိုင္သည္။ မင္းလက္ဝါးသည္ ၁၉၀၃-ခုႏွစ္ အသက္ ၈၀-တြင္ လူႀကီးေရာဂါျဖင့္ အျမင့္ၿမိဳ႕၌ ကြယ္လြန္ခဲ့ေလသည္။

ကိုးကား ဦးျမင့္ေစာ (သမိုင္းပါေမကၡ-ပုသိမ္တကၠသိုလ္) (မဂၤလာေမာင္မယ္ ၂၀၀၉-ခု ေမလ)

Leave a Reply

Your email address will not be published. Required fields are marked *