သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့ မိခင်ကြီးကို ကိုဗစ်ကူးစက်ခံရမှာစိုးလို့ လေယာဉ်ကြီးစီးလုံးငှားပြီး ပြန်လည်ခေါ်ဆောင်လာခဲ့တဲ့ ဂျွန်လွင်

Posted on

ပရိတ်သတ် ကြီးရေ၊ အခုတစ်ခါမှာ ဆိုရင်တော့ သရုပ်ဆောင် ဂျွန်လွင်က မိခင်ဖြစ်သူကို​ ကိုဗစ်ကူးမှာ ဆိုးလို့ ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးနဲ့ သွားရောက် ခေါ်ဆောင်ခဲ့တဲ့ အကြောင်းကို အခုလို ရေးသား ဖော်ပြ ထားပါတယ်နော်။ ဂျွန်လွင်က 21၊03၊2022၊ ကျွန်တော့်ရဲ့အမေ၊ ကျွန်တော်ကိုးကွယ်တဲ့ ဘုရားကို မဟာရန်ကုန်ဆီ ပြန်ခေါ်လာရတဲ့အခါ မှာ ပထမဆုံး ကျွန်တော်တို့ Bangkok To Yangon လေယာဉ်လက်မှတ် ဝယ်လိုက်ပါတယ်။ အဲ့ပေါ်မှာ သတင်းကြားမိတာက ဘန်ကောက်မှာအကောင်းကြီး၊ ဘန်ကောက်မှ ရန်ကုန်အပြန် လေယာဉ်မှာ ကိုဗစ်တွေ ကူးစက်ပြီးတော့ ရန်ကုန် လေဆိပ်မှာ Positive တွေဖြစ်ကြတယ် ဆိုတော့ ကျွန်တော် အရမ်းကို တုန်လှုပ် ခြောက်ခြား ခဲ့မိပါတယ်၊၊

အဲဒီအချိန်မှာ သစ္စာတစ်ခုထဲသာ ကျွန်တော် ပြုလိုက် နိုင်ပါတယ်။ ကျွန်တော် အမေရဲ့ ကျန်းမာရေးကို ထည့်စဉ်းစားမိဖြစ်ရုံမှ အပဒီလိုနဲ့ အကောင်းဆုံး စီစဉ် တစ်ခုအနေနဲ့ Private Jet၊ စီးလုံးဌား လေယာဉ်စီးပြီး ရန်ကုန်ကို ပြန်လာဖို့ ဆုံးဖြတ် ခဲ့ပါတယ်၊၊ ဆုံးဖြတ်ချက်နဲ့ အတူ သစ္စာတစ်ခု ပြုခဲ့တာ ကတော့ ကျွန်တော့်အမေနဲ့ ကျွန်တော်တို့ ကံပါသလောက် အသက်ရှည်ပါရစေ။ ရှည်သမျှ အသက်သည်လည်း ကျွန်တော့်အမေ တရားဘာဝနာ အားထုတ် သလို ကျွန်တော်သည်လည်း သူများ အမှောင်ကျရောက်တဲ့ နေ့ရက်တွေ ထဲမှ ကယ်တင်နိုင်ခဲ့တဲ့ အလုပ်ပေါင်း များစွာကို အတတ်နိုင်ဆုံး လုပ်နိုင်ခဲ့ ဖူးပါတယ်၊၊

အဲ့လို လုပ်နိုင်ခဲ့တဲ့ အလျောက် ရှေ့ဆက်မယ့် ခရီးများမှာလည်း ဆက်လက် လုပ်ဆောင် သွားမယ်လို့ သစ္စာပြုပြီးတော့ ကျွန်တော် ရဲရဲတင်းတင်းနဲ့ ထွက်လာတဲ့ နောက်မှာ ဘန်ကောက်မှ ရန်ကုန်ကို ထွက်လာခါနီး မိုးတွေရွာလို့ မုန်တိုင်းတွေ ရှိတယ်လို့ ပြောလာပါတယ်၊၊ ရာသီဥတု အခြေအနေ ဆိုးရွား နေတာကြောင့် အချိန် ခဏစောင့်ကြည့်ရမယ်လို့ ကျွန်တော့်ကို ပြောလာတဲ့ အခါ ကျွန်တော့်စိတ်တွေဟာ အရမ်းကို တုန်လှုပ်ခြောက်ခြား နေခဲ့ရပါတယ်။ မိနစ် အနည်းငယ် အကြာမှာ လေယာဉ်ထွက်လို့ ရပြီပြောတဲ့ အခါမှ နည်းနည်း စိတ်သက်သာရာ ရခဲ့ ပါတော့တယ်၊၊

ရန်ကုန် လေယာဉ်ကွင်းကို ဆင်းလာတဲ့ အခါမှာလည်း မုန်တိုင်းတွေ ရှိတယ်လို့ ကြော်ငြာထားပေမဲ့ မိုးလည်းလုံးဝမရွာ၊ လေလည်းလုံးဝ မတိုက်တဲ့ အတွက် အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်မိပါတယ်။ အခုလို မြန်မာပြည် ပြန်ရောက်ပြီး အများအကျိုးဖြစ်တဲ့ ပရဟိတအလုပ်ကို ဒီထက်ပို လုပ်ဆောင်ရင်း နေထိုင်သွားမယ်လို့ ဆန္ဒပြုလိုက်ပါတယ်၊၊ အေးချမ်းပါစေ မြန်မာပြည်ချစ်တဲ့ JohnLwin ဆိုပြီး ရေးသားဖော်ပြထားပါတယ်၊၊ စာဖတ် ပရိတ်သတ်ကြီး များအတွက် ပြန်လည် ဖော်ပြပေးလိုက် ပါတယ်နော်။

Zawgyi





Leave a Reply

Your email address will not be published.