သူ့ရဲ့ ချစ်ဇနီးချောလေးနဲ့ အတူ အလိုတော်ပြည့်ကျောင်းတိုက်မှာ နေဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ နေတိုး

Posted on

ပရိသတ် ကြီးရေ နေတိုး ကတော့ ပရိသတ် တွေရဲ့ အချစ်တော် အနုပညာ လောကမှာ ထိပ်တန်း မင်းသားတစ်လက် အနေနဲ့ကို အောင်မြင်မှု တွေ ရရှိထားတဲ့ မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။ မကြာသေးခင် အချိန်က ချစ်သူလေးနဲ့ ရွှေလက်တွဲ သွားခဲ့ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်နေ ခဲ့ပါ သေးတယ်။

ဒီနေ့ ဇွန်လ (၁၂)ရက်နေ့ မှာတော့ နေတိုးက သူ့ရဲ့ ဇနီးချောလေးနဲ့ အတူ အလိုတော် ပြည့်ကျောင်းတိုက်မှာ နေ့ဆွမ်းကပ်၊ ဆွမ်းဆန်းတော် လှူဒါန်းတဲ့ အလှူလေးပြုလုပ်ခဲ့ တယ်လို့ သိရှိ ရပါတယ်။ အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော် ကတော့ နေတို့တို့ ဇနီးမောင်နှံ နေ့ဆွမ်းကပ်၊ ဆွမ်းဆန်းတော် လှူဒါန်းခဲ့တဲ့ အကြောင်းကို ပြန်လည် မျှဝေ ဖော်ပြ ထားခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ် တွေနဲ့ အဆက်အသွယ် ပြတ်နေ တာကြောင့် နေတိုးကို လွမ်းနေ ကြတဲ့ ပရိသတ် တွေအတွက် လည်း နေတိုးရဲ့ ဇနီးလေးနဲ့ အတူကောင်းမှုတွေ ပြုလုပ်ကာ ဘဝကို အေးချမ်းစွာ ဖြတ်သန်း နေတဲ့ သတင်းကောင်း လေးကို နေတိုးတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေနဲ့ အတူ ပြန်လည် မျှဝေ ဖော်ပြ ပေးလိုက် ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.