သူ့ရဲ့ သိမ့်ချစ်ရတဲ့ ဇနီးလေးနဲ့ ပတ်သတ်ပြီး ခံစားချက်လေးတွေကို ပီတိဖြစ်စွာပြောပြလာတဲ့ နိုင်းဝမ်း

Posted on

အဆိုတော် နိုင်းဝမ်း ကတော့ လူငယ် ပရိသတ် တွေရဲ့ အခိုင်အမာ အားပေးဝန်းရံမှု ကို ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။ ကိုယ်ပိုင် သံစဉ်၊ ကိုယ်ပိုင် စာသားတွေကို ဖန်တီးပြီး သီချင်းကောင်းကောင်း လေးတွေမှ ရေးစပ် သီဆို လေ့ရှိတဲ့ နိုင်းဝမ်း က ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ ထိပ်ဆုံးမှာ ရပ်တည် နေရတာပဲ ဖြစ်ပါတယ်။

နိုင်းဝမ်းရဲ့ ထွက်ရှိခဲ့ သမျှ သီချင်းတော်တော် များများ ကလည်း ပရိသတ်တွေ ကြားမှာ ရေပန်းစားပြီး အောင်မြင် နေတာ ဖြစ်ပါတယ်။ သူများနဲ့ မတူဘဲ ကွဲပြားနေတဲ့ အသံနဲ့ ဆန်းသစ်တဲ့ သီဆို ဟန်တွေ ကာရံတွေကို အချိတ်အဆက် မိမိ ရေးစပ်နိုင်တာ တွေကြောင့် စီနီယာ အနုပညာ အချို့ကတောင် လေးစားချစ်ခင် နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူရဲ့ သာယာ အေးချမ်းတဲ့ အိမ်ထောင်ရေး လေးကိုလည်း အားလုံးက အားကျနေ ကြတာပါ ။ လတ်တလော မှာလည်း ချစ်ရတဲ့ ဇနီးလေးနဲ့ ပတ်သက်ပြီး သူရဲ့ ရင်တွင်း ခံစားချက်လေးတွေကို ” ကိုယ်အချစ်ရ ဆုံးချစ်သူဟာ ကိုယ်သေတဲ့ အချိန်ထိ လက်တွဲ သွားရမယ့် ဘဝလက်တွဲ ဖော်ဖြစ် ရခြင်းက ဘာနဲ့ တူလဲဆိုတော့.. ဘာနဲ့မှ ကို မတူပါဘူး 😇 ကမ္ဘာမှာ အချမ်းသာဆုံးသူ ဖြစ်နေရင်တောင် အဲ့ဒီခံစားချက်ကို ရချင် မှရမယ် ” ခုလို ရေးသားဖော်ပြ ထားရာ ပြန်လည် ဝေမျှပေးလိုက် ပါတယ် ။

Zawgyi




Leave a Reply

Your email address will not be published.