သူ့ရဲ့ ဆန်းပြားတဲ့ ပုံသဏ္ဍာန်ေ ကြာင့် ဘူမိလောကရဲ့ အံ့ဖွ ယ်တခု အဖြစ် သတ်မှတ်ခြ င်းခံထားရ ဆာဟာရ ကန္တာရ ထဲက အာဖရိက ရဲ့ မျက်လုံး

Posted on

ရီချက် ဖွဲ့စည်းတ ည်ဆော က်ပုံ Richat Structure လို့ အမည်ရတဲ့ ဒီနေရာဟာ အာဖရိကတို က်မြော က်ပိုင်းက မော်ရီတေး နီးယား နိုင်ငံရဲ့ အနောက် အလယ်ပိုင်းမှာ တည်ရှိပါတယ်။

သူ့ရဲ့နောက် ထပ်အမည် ကတော့ အာဖရိကရဲ့ မျက်လုံး ၊ မော်ရီေ တးနီးယား ရဲ့မျက်လုံး ၊ ဆာဟာရရဲ့မျက်လုံး စတာတွေ ဖြစ်ပါတယ်။ ဒီတခါေ တာ့ ဒီနေရာရဲ့အကြောင်းကို ဝေမျှသွားပါမယ်။

စက်ပိုင်းပုံ သိသာ ထင်ရှား စွာဖြစ်နေပြီး ဆာဟာရ သဲကန္တာ ရထဲက အွာဒရိန်းမြို့အနီး အက်ဒရာ ကုန်းပြင်မြင့်မှာ ရှိနေပါ တယ်။

စက်ဝိုင်းကြီးရဲ့အချ င်းဟာ ၂၅ မိုင် ရှိပြီး ကွင်းတွေအ ထပ်ထပ်ရ စ်ပတ်ေ နသကဲ့သို့ ရှိနေကာ ကျောက်တုံးေ တွစုပုံကာ အမိုး ခုံးသဏ္ဍာန်နဲ့ ဖွဲ့စ ည်းထားပါတယ်။

ဒီနေရာ ကို ကောင်းကင် ဒါမှမဟုတ် ဂြိုဟ်တု ကနေ ကြည့်ပါက တကယ့်မျက်လုံးြ ကီးတလုံး သဖွယ် ထင်ထ င်ရှားရှား မြင်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီနေရာဟာ ဒီလိုပုံသဏ္ဍာန် ရှိနေတ ယ်ဆိုတာကို ထင်ထင် ရှားရှား သိကြတာ ဆယ်စုနှစ် လေးငါးခုေ လာက်ပဲ ရှိပါေ သးတယ်။

၁၉၆၀ ခုနှစ်ေ လာက်တု န်းက နာဆာရဲ့ Gemini ပရောဂျက်မှာ အာကာသကို သွားခဲ့ကြတဲ့ အာကာသယာ ဉ်မှူးတွေ ကနေ ကမ္ဘာကိုရိုက်ယူထားတဲ့ ဓာတ်ပုံတွေ ကတဆင့် စတင် သတိထားမိလာကြတာဖြစ်ပါတယ်။

မူလကေ တာ့ စက်ဝိုင်းပုံ သဏ္ဍာန်ဖြစ်နေတဲ့ ဖွဲ့စည်း မှုကြောင့် လွန်ခဲ့ေ သာနှစ်သန်းပေါ င်းများစွာက ကြယ်တံခွန် ဒါမှမဟုတ် ဥက္ကာခဲတွေ ပြင်းထန်စွာကျရောက်ရာကနေ ဖြစ်ပေါ်လာတယ်လို့ ထင်ခဲ့ကြပေမယ့် လေ့လာခဲ့ တဲ့အခါမှာတော့ ဒီလိုကျေ ရာက်ခဲ့တယ် ဆိုတဲ့ သက်သေအေ ထာက်အထားကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါဘူး။

ဘူမိဗေဒပညာရှင်တွေ နှစ်ပေါင်းများစွာ လေ့လာပြီး တဲ့အခါမှာတော့ ဒီပုံစံဟာ ဥက္ကာခဲနဲ့ မသက်ဆိုင်ပဲ ကမ္ဘာ့မြေကြီး ကိုသာ အခြေခံပြီး ဖြစ်လာတယ်ဆိုတာ သိလာကြပါတယ်။

ဒီနေရာမှာရှိတဲ့ ကျောက်တုံးေ တွရဲ့သ က်တမ်းကို ခွဲခြမ်းစိတ်ြ ဖာကြည့်တဲ့အ ခါမှာတော့ ဒီပုံစံအ တိုင်းရှိနေတာဟာ နှစ်ပေါင်း သန်း ၁၀၀ ထက် မနည်းတော့ဘူးလို့ ဆိုကြပါတယ်။ ဒီဖွဲ့စည်းမှု ဟာ အနည်ကျကျောက် (သလင်း နဲ့ သဲကျောက်လို) တွေသာမက မီးသင့်ေ ကျာက်တွေလည်း ပါဝင်နေတာကို တွေ့ကြရပါတယ်။

ဒါအပြင် ကမ်ဘာလိုက် ၊ ကာဘွန်တိုက် နဲ့ black basalt လို တွင်းထွက်ကျောက်တွေလည်း ပါဝင်လျက်ရှိပါတယ်။

ဘူမိဖွဲ့စ ည်းမှုအရ bullseye လို့ခေါ်တဲ့ အလ ယ်ဗဟိုကေ ကျာက်တုံးတွေဟာ အပြင် ဘက်ဝန်းရံထား တဲ့ကွင်းပုံသဏ္ဍာ န်က ကျောက်တုံးတွေထက် ပိုပြီးသက်တမ်းရင့်နေပါတယ်။ ကန္တာရသဲ မျက်နှာပြင်ထက် ဒီအခုံး နဲ့ ကွင်းတွေ ဟာ မီတာ ၂၀၀ ကနေ မီတာ ၅၀၀ ဝန်းကျင်အထိမြင့်ပါတယ်။

ကောင်းကင်ရိုက် ဓာတ်ပုံေ တွကြောင့် ဒီနေရာ ဒီလိုဆန်းပြားတဲ့ သဏ္ဍာန်ဖြစ်နေတာကို သိကြတာဖြစ်ပြီး ကိုယ်တိုင်ရော က်သွားပါက သဲပြင်တွေကြား ကုန်းမြင့်တွေ ဖြစ်နေတာကိုပဲ မြင်ကြရမှာဖြစ်ပါတယ်။

ယခုနောက် ပိုင်း အများစုလ က်ခံကြ တာကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ က ကမ္ဘာ့မြေပြင်ေ အာက်ဘ က်အနီးက မီးတောင်လှုပ်ရှားမှုတွေဟာ ဒီဒေသရဲ့မြေမျက်နှာပြင်ကို မြင့်တက် လာစေပြီးတဲ့ေ နာက် လေပွတ်တို က်အနည်ကျမှု နဲ့ ရေကြောင်းရဲ့ သယ်ဆော င်မှုတွေကြောင့် ယခုလို မျက်လုံးပုံသ ဏ္ဍာန်ဖြစ်လာစေတယ် ဆိုပြီးတော့ပါ။

အဲဒီအချိန်က ဒီဒေသဟာ ယနေ့လို ကန္တာရ မဟုတ်သေးပဲ ရေပေါများ စွာရှိတဲ့အရပ် လို့ လေ့လာေ တွ့ရှိထားကြပါတယ်။

အာဖရိက မျက်လုံး လို့ ခေါ်တဲ့ ဒီနေရာကို တချိန်က ပျောက်ဆုံး သွားခဲ့သော အတ္တလန္တိတ် မြို့တော်ြ ကီးရှိခဲ့တဲ့ နေရာအဖြစ် တချို့ကလည်း ယူဆထားကြပါတယ်။

ဂရိအတွေးအေ ခါ်ပညာရှင်ကြီး ပလေတိုပြောခဲ့တဲ့ အတ္တလန္တိတ်မြို့တော်ကြီး တည်ဆောက်ပုံ နဲ့ ယခုနေရာ ရဲ့ဖွဲ့စည်းပုံက တူညီနေ တဲ့အပြင် အတိုင်းအတာအရလည်း နီးနီးစပ်စပ် တူညီနေတာကြောင့်

ဒီလိုယူဆကြပေမယ့် လေ့လာသုတေ သနပြုမှုတွေ အရတော့ ဒီစက်ဝိုင်းဧ ရိယာအလယ်မှာ လူသူေ နထိုင်ခဲ့ပြီး မြို့ရှိခဲ့တယ်ဆိုတဲ့ အထောက်အထား တစုံတရာတော့ တွေ့ရှိခဲ့ရခြင်း မရှိပါဘူး။

ဘယ်လိုပဲဖြ စ်စေ အာဖရိက မျက်လုံးကတော့ သူ့ရဲ့ဆန်းပြားတဲ့ ပုံသဏ္ဍာန်ေ ကြာင့် ဘူမိလော ကရဲ့ အံ့ဖွ ယ်တခုအဖြစ် သတ်မှတ်ခြ င်းခံထားရပါတယ်။

ဒီနေရာကို အလည်အပတ်လာရောက်သူတွေရှိပေမယ့် အနည်းငယ်ကြမ်းတမ်းပြီး ဒေသခံကျွမ်းကျင်သူတတွ အကူအညီပါမှ သွားလို့ရတဲ့ ခရီးဖြစ်တာကြောင့် တော်ရုံသွားချင်စိတ်နဲ့တော့ လာရောက်လေ့မရှိကြပါဘူး။

ခရီးသွားလုပ်ငန်းတချို့ကတော့ အာဖရိကမျက်လုံးကို ကောင်းကင်ကနေ ကိုယ်တိုင်ကြည့်စေနိုင်ဖို့ လေယာဉ်ခရီးစဉ် ၊ မိုးပျံပူပေါင်းခရီးစဉ်တွေကို ဝန်ဆောင်မှုပေးကြပါတယ်။

အာဖရိကမျက်လုံးဟာ ခရီးသွားတွေကိုသာမက ဘူမိဗေဒပညာ ရှင်တွေ ကိုလည်း သူ့ရဲ့သွင်ပြင်ဖွဲ့စည်းပုံတွေက ဆွဲဆောင် လျက်ရှိပါတယ်။ ဒီနေရာဟာ ကန္တာရဆန်ပြီး မိုးရေချိန်အန ည်းငယ်သာ ရွာသွန်းတတ် တာကြောင့် ဒီဧရိယာထဲမှာ လူသူေ နထိုင်ခြင်း မရှိပါဘူး။ ဒီလိုမရှိတာကပဲ အာဖရိမျ က်လုံးကို သဘာဝအတိုင်းနှစ်ပေါင်း များစွာ မပျက်မစီးပဲ ကျန်ရှိနေစေတာ ပါ။

ဒါပေမယ့် ရာသီဥတုပြော င်းလဲမှုကြောင့် အလွန်ပြင်းထန်တဲ့ လေများတိုက်ခတ်တဲ့ အပြင် သဲတွေလည်း တဖြည်းဖြည်း များလာကြောင့် အနာဂါတ်မှာ အာဖရိကမျက်လုံးေ ဒသတခု လုံးကို သဲများဖုံးလွှမ်းသွားပြီး ဘူမိအံ့ဖွယ်နေ ရာတခု ပျောက်ကွ ယ်သွားမှာကတော့ စိုးရိမ်စရာတခုပဲ ဖြစ်ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *