ဟိုအရင်ခေတ်တုန်းက မြန်မာပြည်မှာ နာမည်ကြီးလွန်းခဲ့တဲ့ လူသားစား ဦးလာဘ တကယ်ရှိသလား

Posted on

ဦးလာဘ လို့ ဆိုလို က်တာနဲ့ လူသား စားတဲ့ ဘုန်းကြီးမှန်း မြန်မာလူမျိုး အတော်များ များ နားယဉ်ပြီးသား ဖြစ်နေကြမှာ ဧကန်မလွဲပါပဲ။ ဦးလာဘအေြ ကာင်းဟာ ဆိုရင် လူတိုင်းရဲ့ ပါးစပ်ဖျား မှာ ယခင်ကရော ယခုတွင်ပါ အထူးပင် ရေပန်းစားေ နခဲ့တာ အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ကေ လးဘဝက လူြ ကီးမိဘေ တွဟာ နေဝင်တဲ့အထိ အပြင်မှာ ဆော့မက စားကြဖို့ ပြောဆို ဆုံးမလို့မရရင် “လူသား စား ဦးလာဘ ကလေးတွေ လိုက်ဖမ်းပြီး သတ်စားနေတယ်။ အိမ်စောစော ပြန်လာကြ” ဆိုတဲ့ ခြောက်လုံးတွေနဲ့ လှန့်ခဲ့ ပြုခဲ့ကြတာ အမှတ်ရကြဦးမယ်ထ င်ပါတယ်။

အဲဒီတုန်းက ဦးလာဘ အကြောင်း ကျွန်တော်တို့က စိတ်ဝင်တ စား မေးမြန်းလိုက်ကြရင် ဦးလာဘဆိုတာ လူသားစားတဲ့ ဘုန်းကြီး ဖြစ် တယ်။ သူက သူတစ်ပါးတည်း သီတင်းသုံးနေတဲ့ ကျောင်းမှာ ဇနီးနဲ့ သားကိုပါ ခေါ်ထားတယ်။ အဲဒီဇနီးနဲ့ သားဟာ ဦးလာဘ ကျင့်ကြံနေတဲ့ လူသားစား ကျင့်စဉ်အ တွက် အချိန်မရှိ အခါမရှိ လမ်းပေါ် ဆော့ကစားနေကြတဲ့ ကလေးတွေကို ချော့တစ်ခါ ခြောက်တ စ်လှည့် ကျောင်းကို မျှားခေါ်လာေ ပးတတ်ပြီး ကလေးတွေ ကျောင်းထဲ ရောက်လာတာနဲ့ ဦးလာဘက ရက်ရက်စက်စက် သတ်ဖြတ်ပစ် တတ်တယ်။ ပြီးရင် အဲဒီကလေးအေ လာင်းတွေကို အရိုးတစ်ခြား အသားတစ်ခြား ခုတ်ထစ်ပစ်ပြီး သူ့ဇနီးသည် ကို ချက်ပြုတ်ခိုင်းလေ့ ရှိတယ်။ အဲဒီနောက်မှာ ဦးလာဘဟာ လူသားဟင်းလျာကို မြိန်ရေယှက်ရေ သုံးဆောင်ပါတယ်။

ဒီလိုနဲ့ တစ်နေ့တ စ်ခြား များများလာတဲ့ ကလေးေ ပျာက်မှုတွေကြောင့် မိဘတွေဟာ သူတို့သားသမီးတွေကို ဂရုတစိုက် ရှိလာကြချိန်မှာ ဦးလာ ဘရဲ့ ဇနီးနဲ့ သားဟာ အရင်လို ကလေးတွေ ကို မျှားခေါ်ပေးဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဦးလာဘအနေနဲ့ လူသားဟ င်းလျာ ပြတ်လပ် ငတ်မွတ် သွားခဲ့ရတယ်၊ တစ်ရက်မှာ ဦးလာဘ သားဟာ နယ်ကနေ ရန်ကုန် အလည်လာတဲ့ သူ့ရဲ့ ငယ်ပေါင်း ကြီးဖော် သူငယ်ချင်းတစ်ဦး ကို ကျောင်းက သူ့ အခန်းမှာ ခေါ်သိပ်ခဲ့ပါတယ်။

အချစ်ဆုံး သူငယ်ချင်း ဖြစ်တဲ့အပြင် အရွယ်ရော က်ပြီးသူလည်း ဖြစ်တာကြောင့် ကလေးအသားသာ စားတဲ့ သူ့အဖေ ဘုန်းကြီး ဘာအန္တရာယ်မှ ပြုမယ် မထင်မှတ် ခဲ့မိပါဘူး။ ဒါပေမယ့်လည်း သားဖြစ်သူ ထင်သလို ဖြစ်မလာခဲ့ဘဲ ဦးလာဘဟာ ကလေး အသား မစားရတာ ကြာမြင့်ခဲ့ပြီမို့လို့ လူကြီးသားပါ စားချင်လွန်းတဲ့ အာသီသ ဖြစ်ပေါ်လာခဲ့ပြီး အဆိုပါ ညမှာပဲ သူ့သားအခန်းကို လာလာချောင်းပြီး သူ့သား သူငယ်ချင်း ကို ကြည့်ကာ သွားရည်တမြားမြား ဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ ညဉ့်သန်းခေါ င်ကျော်အထိ စောင့်ကြည့်နေတဲ့ ဦးလာဘ ဟာ ကုတင်တစ်လုံးပေါ်မှာ အတူအိပ်နေကြတဲ့ သူ့သားနဲ့ သားသူင ယ်ချင်းကို အကဲခတ်ြ ကည့်ရာမှာ သားဖြစ်သူဟာ နံရံဘက် ကပ်အိပ်နေတာ ဖြစ်ပြီး၊ သားသူငယ်ချင်းကတော့ ခုတင်စွန်း ဘက်မှာ အိပ်စက်နေတာကို မှတ်သား ထားခဲ့ပါတယ်။ အဲဒီအချိန်ပဲ ထွန်းညှိထားတဲ့ ရေနံဆီမီးဟာ ကုန်ခမ်းသွား တဲ့အခါမှာ တစ်ခန်းလုံး မှောင်အတိ ကျသွားပါတော့တယ်။

ဒီအတော အတွင်းမှာ ဦးလာဘဟာ အချိန် ကျပြီဆိုပြီး မီးဖိုချောင်က ထင်းခွေတဲ့ပုဆိန်ကို သွားဆွဲယူကာ သားဖြစ်သူရဲ့ အိပ်ခန်း ထဲကို တိတ်တဆိတ် ဝင်ရောက်လာပြီး ကုတ င်စွန်းနား အိပ်စက်နေတဲ့ သားဖြစ်သူ သူငယ်ချင်းရဲ့ လည်မြိုကို မှန်းဆချိန်ရွယ် ခုတ်ပိုင်းပစ် လိုက်ပါတယ်။ သွေးပျက် ဖွယ်ရာ ဒီအခိုက်အတန့်မှာ ကုတင်ပေါ်က သွေးသံရဲရဲ ပြုတ်ကျလာတဲ့ ဦးခေါင်းပြတ်ကြီးကို ဦးလာဘက ကောက်ကိုင်ရင်း “လူသား စားရတော့မယ်ကွ” ဆိုပြီး တဟီးဟီး တဟားဟား ရယ်မောနေဆဲမှာပဲ သူ့နောက်ကနေ လူတစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။

ဦးလာဘ လည်း အရယ်ရပ်ပြီး ဘယ်သူလဲဆိုတာ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ မီးတောက်နေတဲ့ ဖယောင်းတိုင်တစ်တိုင် ကိုင်ဆောင် ထားရင်း မျက်ကလဲဆန်ပြာ ဖြစ်နေတဲ့ သားဖြစ်သူရဲ့ သူငယ်ချင်းကို တွေ့ရှိလိုက်ရ ပါတော့တယ်။ မယုံကြည်နိုင်စွာ မှင်တက် အံ့သြသွားတဲ့ ဦးလာဘ ဟာ ဒီအခါမှာပဲ သူ့လက်ထဲက ဦးခေါင်းပြတ်ကို ထင်ဟပ်နေတဲ့ ဖယောင်းတိုင်မီး အလင်းရောင်နဲ့ ပြန်ကြည့်လို က်တဲ့အခါ သူ့လက်ထဲက ဦးခေါင်းပြတ်ကြီးဟာ သားဖြစ်သူရဲ့ ဦးခေါင်းဖြစ်နေမှန်း သိလိုက်ရတဲ့အခါ ဦးလာဘဟာ ယူကြုံးမရစွာ ငိုကြွေးပါတော့တယ်။

အမှန်တက ယ်တမ်းမှာ ဦးလာဘ မသိ လိုက်တာက သူ ပုဆိန် သွားယူတဲ့အချိန် သားဖြစ်သူရဲ့ သူငယ်ချင်းဟာ အိပ်ရာကနေ နိုးလာပြီး အိမ်သာ သွားတက်နေတာ ဖြစ်ပါတယ်။ ကုတင်ေ ပါ်မှာ အိပ်ပျော်ကျန်ရစ်ခဲ့တဲ့ ဦးလာဘရဲ့ သားဟာ လူးရင်းလှိမ့်ရင်းနဲ့ ကုတင်စွန်းနား ရောက်ရှိသွား ခဲ့ရခြင်း ဖြစ်ပါတယ်။ ကံဆိုးမိုးမှောင်ကျသွားတဲ့ သားဖြစ်သူဟာ ဒီအချက်များကြောင့် ဖခင်ဖြစ်သူ ဦးလာဘရဲ့ လူမှား အသတ်ခံခဲ့ရ ပြီးနောက်မှာတော့ သားသူငယ်ချင်းလည်း ဖြစ်ကြောင်းကုန်စဉ် မြင်သွားရတဲ့အတွက် သွေးရူးသွေးတန်း ထွက်ပြေး လွတ်မြောက်သွားပြီးနောက်မှာ အနီးဝန်းကျင်တစ်ဝိုက် အကူအညီ လိုက်လံ တောင်းခံရင်း သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ်။

ညတွင်းချင်းမှာပဲ ရပ်ရွာပြည်သူနဲ့ တာဝန်ရှိသူတို့ ဝင်ရောက် စစ်ဆေး ရှာဖွေကြရာမှာ သားဖြစ်သူအလောင်းအပါအဝင် ယခင်က သူတို့ သတ်ဖြတ် ခဲ့ကြတဲ့ ကလေးတွေရဲ့ ဆံပင်မွေး များကို ခေါင်းအုံးတွေ အတွင်း ဂွမ်းစများအဖြစ် ထည့်သွင်းထားပြီ အရိုးအရင်းတွေ ကိုတော့ ကျောင်းအောက်ထဲမှာ မြေကျင်းတူးပြီး မြှုပ်နှံထားတာ တွေ့ရှိခဲ့ရပါတော့တယ်။

ညတွင်းချင်း ထွက်ပြေးသွား ကြတဲ့ ဦးလာဘတို့ လင်မယား ကိုလည်း လိုက်လံ ဖမ်းဆီးကြရာမှာ ဦးလာဘကို မမိဘဲ သူ့ဇနီးသည် ကိုသာ ဖမ်းဆီး ရရှိခဲ့ပါတယ်။ ပြဿနာကတော့ လူသားစားပြီး အလွန်တရာ သန်စွမ်းလွန်းနေတဲ့ ဦးလာဘဟာ တုတ်ပြီး ဓါးပြီးနေ တာကြောင့် ဖြစ်ပါတယ်။ အဲဒီက စပြီး ပျောက်ကွယ် သွားတဲ့ ဦးလာဘဟာ ယနေ့အချိန်အထိ ပျောက်ဆုံးနေတဲ့ ကလေးအမှုေ တွနဲ့ ဆက်စပ်နေနိုင်သေးကြောင်း၊ အဲဒါကြောင့် မိုးချုပ်တဲ့ အထိ အဆော့မက်ပြီး လူကြီးမိဘများစကား နားမထောင်ကြတဲ့ ကလေးတွေဟာ ဦးလာဘရဲ့ သားကောင် ဖြစ်နိုင်ကြောင်း စသဖြင့် ခြောက်လှန့် ပြောဆိုခဲ့ကြဖူးပါတယ်။

အခု တင်ပြခဲ့တဲ့ ဦးလာဘ အကြောင်းက အဘိုး အဘွား၊ မိဘနဲ့ ဦးလေး အဒေါ်များထံက ငယ်စဉ်ဘဝက ကျွန်တော် ပြန်ကြားရတဲ့ ပါးစပ်ပြောရာ ဇဝင်တစ်ခု ဖြစ်ပြီး ဒီပုံစံနဲ့ မတူတဲ့ အခြား မူကွဲများစွာလည်း ရှိပါသေးတယ်။

အဲဒီအထဲကမှ တစ်ပုဒ် ဟာဆိုရင် ဦးလာဘ ဆိုတာ ရှင်အဇ္ဇဂေါဏလို ဝိဇ္ဇာမျိုး ဖြစ်ဖို့အတွက် ကျင့်ကြံနေတဲ့ အယူလွဲ ဘုန်းကြီး တစ်ပါး ဖြစ်ပါတယ်။ သူဟာ သူ့တပည့် ကပ္ပိယတ စ်ယောက်နဲ့အတူ ကျောင်းဆောင်တစ်ခုမှာ သီးခြား နေထိုင်ပြီး လူအယောက် တစ်ရာတိတိရဲ့ အသား စားသောက်ရမယ့် အောက်လမ်း ကျင့်စဉ်တစ်ခုကို ကျင့်ကြံ အားထုတ်ပါတယ်။ အဲဒီ ဒိဠိကျင့်စဉ် ဟာဆိုရင် ပေါရိသာဒကျင့်စဉ် ဖြစ်တယ်လို့လည်း အဆိုရှိပါတယ်။

အဆိုပါ ကျင့်စဉ်ကို စတင် ကျင့်ကြံရာမှာ ဦးလာဘ တပည့် ကပ္ပိယဟာ သုသာန်တွေမှာ လတ်ဆတ်တဲ့ လူသေလောင်းတွေကို ဦးလာဘ အဖို့ ရှာဖွေ တူးဆွပြီး ခုတ်ထစ် ချက်ပြုတ် ကျွေးမွေးေ ပးရပါသတဲ့။ ဒီလိုနဲ့ ဦးလာဘဟာ လူသေအလောင်းတွေ စားသောက် လာတာ အယောက်တစ်ရာ ပြည့်ဖို့ နီးကပ် လာချိန်မှာ သင်္ချိုင်းက အလောင်းတွေ ပျောက်ဆုံးတာကို လူတွေ သတိထားမိ လာခဲ့ကြပါတယ်။ လက်သည် တရားခံ ဖော်ထုတ်ဖို့ရာအတွက် သုသာန် သင်္ချိုင်းမှန်သမျှကို ကင်းချ စောင့်ကြည့် လာကြပါတယ်။

အဲဒီအခါမှာ လူသား ရှာရ မလွယ်ကူ လှတော့တဲ့ ဦးလာဘနဲ့ သူ့တပည့်ဟာ ကျောင်းကို လာတဲ့ ဒကာ ဒကာမတွေကိုပါ သတ်ဖြတ် ဟင်းချက်တဲ့ အဆင့်ထိ ရောက်ရှိလာ ပါတော့တယ်။ လူပျောက်မှုတွေ ဆက်တိုက်များလာပြီး လူတွေက သူတို့ကျောင်း ကိုပါ သံသယထား စောင့်ကြည့်လာတဲ့အခါ ဦးလာဘ ဟာ လူအယောက်တစ်ရာပြည့်ဖို့ လူတစ်ယောက်ကို စားဖို့သာ ကျန်ပါတယ်။ နောက်ဆုံး တစ်ယောက်ကို စားပြီးတာနဲ့ ဦးလာဘဟာ မြေကို လျှိုးလို့ မိုးကို ပျံနိုင်တဲ့ ဝိဇ္ဇာသိဒ္ဓိအစွမ်းကို ကျင့်စဉ်ရဲ့ ပန်းတိုင်အနေ နဲ့ ရရှိသွားတော့မှာပဲ ဖြစ်ပါတယ်။

ဒီဆုလာဘ် အတွက် မအောင့်အည်း နိုင်တော့တဲ့ ဦးလာဘဟာ တစ်ဦးတည်းသော တပည့်ဆီ မျက်စပစ်လာခဲ့ပါတယ်။ ဒါကို ရိပ်စားမိသွားတဲ့ ကပ္ပိယဟာ ဦးလာဘ လက်ထဲ ကနေပြီး အသက်လု ထွက်ပြေးသွားပါတယ်။ ကိုယ်တိုင် ကြံရာပါ ဖြစ်ခဲ့တဲ့ အတွက် ကပ္ပိယဟာ ဒီအကြောင်းများကို ဘယ်သူ့ကိုမှ မဖွင့် ဟချင်ပေမယ့် ဦးလာဘအနေနဲ့ သူ့နည်းသူ့ဟန် သုံးပြီး နောက်ဆုံး လူတစ်ယောက် သတ်ဖြတ်စားသော က်ပြီးလို့ စွမ်းပကားထူးတွေ ရသွားခဲ့မယ်ဆိုရင် သေချာပေါက် သူ့ကို နှုတ်လိုက်ပိတ် မှာဖြစ်ကြောင်း တွေးတော တွက်ဆ လာခဲ့မိပါတယ်။

ဒါကြောင့် ကပ္ပိယက ဦးလာဘ ရဲ့ ကျင့်စဉ် မပြီးမြောက် မအောင်မြင်ခင် ကြိုတင်ပြီး ရဲစခန်းဆီပြေးလို့ ခံဝန်ချက်ပေး တိုင်ကြားလိုက် ပါတော့တယ်။ အဲဒီအချိန်နဲ့ တပြေးညီ ကာလမှာ ဦးလာဘရဲ့ကျောင်းဘေးမှာ ကလေးတစ်စုဟာ ဘောလုံး လာကန်ကြ ပါတယ်။ အပူအပင်ကင်းစွာ ဆော့ကစားလျက် ရှိကြတဲ့ ကလေးတွေရဲ့ ဘောလုံးဟာ တစ်ကြိမ်မှာ အရှိန်လွန်ပြီး ဦးလာဘကျောင်းဝ န်းထဲကို ရောက်ရှိသွားခဲ့ပါတယ်။

နေပျောက် မထိုးနိုင်ေ အာင် သစ်ပင်ကြီးငယ်တွေနဲ့ အုံ့ဆိုင်းမှိုင်းဝေနေတဲ့ ဦးလာဘရဲ့ ကျောင်းပုရဝုဏ်အတွင်းကို ကလေးတစ်ေ ယာက် ဘောလုံး ဝင်ကောက်ချိန် မှာ ညမှောင်ရီ ပျိုးစအ ချိန်ဖြစ်နေပါပြီ။ မိနစ်အတန်ကြာအထိ ပြန်ထွက်မလာသေးတဲ့ ကလေးငယ်ရဲ့ သူငယ်ချင်းတွေ ဟာဆိုရင်လည်း အဆိုပါ ကလေး ငယ်နာမည်ကို တကြော်ကြော် လှမ်းအော်ခေါ်လျက် ရှိနေကြပါတယ်။ ဒီအချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေဟာ တာဝန်သိပြည်သူအချို့နဲ့ ပူးပေါင်းပြီး ဦးလာဘ ကျောင်းဝန်းထဲကို အလုံးအရင်း ဝင်ရောက် စီးနင်းကြပါတော့တယ်။

အကြံအစည် အောင်မြင်လုနီးပါး လက်တစ် ကမ်းအကွာကို ရောက်ရှိခါနီးပြီ ဖြစ်တဲ့ ဦးလာဘဟာ လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ဓါးမနဲ့ သူ ဖမ်းချုပ် ထားတဲ့ ကလေးငယ်ကို ခုတ်ထစ်ဖို့ရန် ဟန်ပြင်လိုက်စဉ်မှာပဲ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ လူသားစား ကျင့်စဉ် ကျရှုံးသွားခဲ့ရတဲ့ ဦးလာဘရဲ့ ကျောင်းတစ်ဝိုက်က မြေကြီးတွေထဲ ကပ္ပိယရဲ့ ညွှန်ပြမှုနဲ့ တူးဖော် ရှာဖွေကြတဲ့အခါ မြောက်မြား စွာသော လူအရိုးစုတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဆက်လက် စစ်ကြော မေးမြန်းကြရာမှာ ဦးလာဘဟာ လူသေေ ကာင်တွေကို အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်ပြီးရင် ရာဝင်စဉ့်အိုးကြီး တစ်လုံးအတွင်း အလုံပိတ် အချဉ်သိပ်ပြီးမှ ချက်ပြုတ် စားသော က်လေ့ရှိကြောင်း သိရှိရပါတယ်။ အဲဒီနောက်မှာ ဦးလာဘဟာ သေဒဏ်အဖြစ် ကျားစာကေ ျွးခံရပြီး၊ တပည့် ကပ္ပိယကတော့ ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခံခဲ့ရပါသတဲ့။ ဟုတ်ကဲ့… ဒါကတော့ မတူညီတဲ့ ဦးလာဘ အကြောင်း မူကွဲတစ်ခုပဲ ဖြစ်ပါတယ်။

ကာလံဒေသံအလိုက်ပြောင်းပြီး နောက်ထပ် သံတူကြောင်းကွဲ ဦးလာဘ ဇာတ်လမ်းပေါ င်းများစွာလည်း ရှိကြပါသေးတယ်။ ဒဏ္ဍာရီဆန်ပြီး အတည်ပြုရ ခက်ခဲတဲ့ ဦးလာဘအေြ ကာင်း ကောလဟာလတွေဟာ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျွန်တော်တို့ အတွက် သွေးပျက် ချောက်ချားဖွယ် ကောင်းတဲ့ ညအိပ်ရာဝင် ပုံပြင်တွေအဖြစ် ယနေ့အချိန်အခါအထိ နေရာယူထားဆဲပါပဲလို့ ပြောမယ်ဆိုရင် လွန်အံ့မထင်ပါဘူး။

ဒါပေမယ့်လို့ ဦးလာဘ တကယ် ရှိခဲ့လား၊ မရှိခဲ့ဘူးလားဆိုတဲ့ ဇစ်မြစ်နောက်ကို ကျွန်တော်တို့ အထူးဂရုပြု လိုက်ကြည့်ကြတဲ့ အခါမှာ ဦးလာဘ အမှန်တကယ် တည်ရှိခဲ့ဖူးကြောင်း သက်သေ အခိုင်အလုံ အချက်အလက် အထောက်ထား အစစ်အမှန်များ ကို ထင်ရှား ကျော်ကြားခဲ့တဲ့ အမှုစီရင် ထုံးတွေ မှတ်တမ်းပြုထားတဲ့ ဥပဒေစာအုပ်ထဲကနေ တတ်သိနားလည်သူအချို့ အကူအညီနဲ့ ရှာဖွေ လေ့လာ တွေ့ရှိခဲ့ရပါတော့တယ်။

ဟုတ်ပါတယ်… လူသားစား ဦးလာဘ ဟာ တကယ် ရှိခဲ့ဖူးပါတယ်။ အခု ဆက်လက်တင်ပြမယ့် အကြောင်းအရာကတော့ ၈ ရက်၊ ၉ လ၊ ၁၉၇၇ ခုနှစ်ထုတ် ကြေးမုံသတ င်းစာမှာ ပါဝင်ခဲ့တဲ့ ဦးလာဘ မှုခင်းသတင်းနဲ့ ဦးလာဘအမှု စီရင်ထုံးကနေ ပြန်လည် အခြေခံထား တာ ဖြစ်ပါတယ်။

တောင်ဥက္ကလာပ (၅) ရပ်ကွက်၊ အမှတ် (၃) ကျောင်းဝင်း အတွင်းမှာ တစ်ချိန်က သီရိမင်္ဂလာ ကံပေါ်လို့ အမည်ရတဲ့ ကျောင်းတိုက် တစ်ခု ရှိခဲ့ဖူးပါတယ်။ သစ်သား ပျဉ်ချပ်တွေနဲ့ ခြေတံရှဉ် ပျဉ်ထောင် တစ်ထပ်ပုံစံ တည်ဆောက်ထားတဲ့ အဲဒီကျောင်း တိုက်ထဲ ဝင်သွားခဲ့မယ်ဆိုရင် ‘လနေမင်းရောင် ဆရာတော် ဦးလာဘ (အာဇာနည် သံဃာ့အဖွဲ့)’ လို့ ရေးထိုးထားတဲ့ ဆိုင်းဘုတ်ကိုေ သာ်လည်းကောင်း၊ ‘ငါးမည်တော်ရ ဆရာတော် ဦးလာဘ (သံဃာ့အဖွဲ့ချုပ်) တွေ့နိုင်သောအချိန် – နံနက် (၇) နာရီမှ နေ့လယ် (၁၂)’ လို့ ရေးထိုးထားတဲ့ ဆိုင်းဘု တ်ကိုသော်လည်းကောင်း ကျောင်းအဝင်ဝ တံခါးမပေါက်နဲ့ ကျောင်းထိုင် အခန်းတံခါး ဝ စသဖြင့်တို့မှာ တွေ့ရှိကြရမှာ ဖြစ်ပါတယ်။

မှန်ပါတယ်… ဦးလာ ဘဟာ သီရိမင်္ဂလာ ကံပေါ်ကျောင်းတိုက်ရဲ့ ကျောင်းထို င်ဘုန်းကြီး ဖြစ်ပြီး သူ့ရဲ့ လူအမည်ကတော့ ဦးရွှေမြိုင်လို့ သိရှိရပါတယ်။ ဦးလာဘရဲ့ ကျောင်းပရဝုဏ် အတွင်းမှာ သူ့ရဲ့ ခွင့်ပြုချက်နဲ့ နေထိုင်တဲ့ မတင်လှနဲ့ ဒေါ်အေးကျင်တို့ မိသားစု ရှိပါတယ်။ မတင်လှ ဆိုသူမှာ မောင်လှမြင့် (ခေါ်) ကုလား၊ မြသိန်း (ခေါ်) ကျောက်ခဲနဲ့ အောင်သန်းဆိုတဲ့ သားသုံးယောက်နဲ့ မညိုဆိုတဲ့ သမီးတစ်ယောက် ရှိပြီး အဲဒီအထဲကမှ သားသုံးယောက်ကို ကျောင်းထိုင် ဦးလာဘက သင်္ကန်းဆီးေ ပးခဲ့ပေမယ့် အကြီးဆုံး သားဖြစ်သူ မောင်လှမြင့် ဆိုသူကတော့ လူဝတ် ပြန်လဲခဲ့ပါတယ်။ ဒီအခါမှာ မောင်လှမြင့်ရဲ့ ညီတွေ ဖြစ်တဲ့ မြသိန်းနဲ့ အောင်သန်း တို့သာ ရှင်ပုညနဲ့ ရှင်ဥသြဆိုတဲ့ ဘွဲ့အမည်များကို ကိုယ်စီခံယူပြီး ကိုရင်ဝတ်ခဲ့ကြ ရပါတယ်။ အဲဒီက စပြီး ၁၉၇၆ ခုနှစ်ရဲ့ ဇူလိုင်လ ရက်တစ်ရက်မှာ ဦးဝိလာသက္က ဘွဲ့အမည်ရ ဘုန်းကြီးတစ်ပါး လာရောက် သီတင်းသုံးပြီး တစ်နှစ်ခန့်အကြာမှာ အဲဒီဘုန်းကြီးရဲ့ ညီများ ဖြစ်ကြတဲ့ မောင်သန်းမြင့်နဲ့ မောင်ပြေအေးဟု ဆိုသူများလည်း ကိုရင် လာဝတ်ကြပါတယ်။

အထက်ပါ ကာလများမှာ မတင်လှ သားကြီး မောင်လှမြင့်ထံ လာရောက် လည်ပတ်ပြီး မောင်လှမြင့်အခန်းမှာ ကိုယ့်အိမ် ကိုယ့်ယာလို သောက်စား နေထိုင်လေ့ ရှိတဲ့ မိုးကျော်ဆိုသူ လူတစ်ဦး ရှိပါတယ်။ မိုးကျော်ဟာ မောင်လှမြင့်နဲ့ ခင်မင်ရင်းနှီး လွန်းသူ ဖြစ်ပေမယ့်လည်း မောင်လှမြင့်တို့ မိသားစုအပေါ် နိုင်ထက်စီးနင်း ပြုကျင့်လေ့ ရှိသူ ဖြစ်တဲ့အပြင် တစ်ကြိမ်မှာ မောင်လှမြင့်ရဲ့ ညီမ မညိုကိုပင် စော်ကားဖို့ရန် ကြံစည်ခဲ့ဖူးပါတယ်။ ဖော်ပြပါ အချက်များကြောင့် မိုးကျော်အပေါ် မောင်လှမြင့်ဟာ ရန်ငြိုး ထားခဲ့ပါတယ်။

အဲဒီအချိန်များအတွင်း ကျောင်းထိုင် ဘုန်းကြီး ဦးလာဘဟာ မောင်လှမြင့်ထံ မိုးကျော် မကြာခဏ လာရောက်နေရခြင်းမှာ မိမိတို့ ကျောင်းရဲ့ အတွင်းရေး များကို စုံထောက်နေခြင်း ဖြစ်နိုင်တယ်လို့ သံသယပွားပြီး မိုးကျော်ကို နှုတ်ပိတ်ပစ်ဖို့ ဒေါ်အေးကျင်နဲ့ တိုင်ပင်ခဲ့ပါတယ်။ ဒါကို ဒေါ်အေးကျင်က မလုပ်သင့်ကြောင်း ငြင်းပယ် တားမြစ်ခဲ့ပေမယ့် အနီးရှိနေတဲ့ မတင်လှဟာ ဒေါ်အေးကျင် ကွယ်ရာမှာ မိုးကျော်ကို နှုတ်ပိတ်ပစ်မယ့် အကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအခါ ဦးလာဘအနေနဲ့လည်း မိုးကျော်က မတင်လှသမီး မညိုကို အဓမ္မပြုကျင့်ရန် ကြံစည်ဖူးကြောင်း သိရှိထားတာကြောင့် ဒီတစ်ခေါက် မိုးကျော် လာတဲ့အခါ သတ်ဖြတ်ပစ်ဖို့ မညိုရဲ့ မိခင်ဖြစ်သူနဲ့ မတင်လှနဲ့ အကိုဖြစ်သူ မောင်လှမြင့်တို့ အရှေ့မှာ မညိုကို ပြောကြားခဲ့ပါသေးတယ်။

ဒီလိုနဲ့ ၁၉၇၇ ခုနှစ်ရဲ့ သြဂုတ်လ ရက်တစ်ရက်မှာ မိုးကျော်ဟာ မောင်လှမြင့်ထံ အလည်လာရင်း မောင်လှမြင့်ရဲ့ အခန်းထဲ ဝင်ရောက် အိပ်စက်ခဲ့ပါတယ်။ မိုးကျော် အိပ်ပျော်သွားတာနဲ့ တစ်ပြိုင်နက် မောင်လှမြင့်ဟာ ဦးလာဘကျောင်းပေါ် တက်သွားခဲ့ပြီး မိုးကျော်ကို လုပ်ကြံမယ့်အကြောင်း ညီဖြစ်သူ မောင်အောင်သန်း တစ်ဖြစ်လဲ ရှင်ဥသြရဲ့ ရှေ့မှာ ဦးလာဘနဲ့ တစ်နာရီမျှ ကြာအောင် တိုင်ပင်ခဲ့ပြီးတဲ့နောက် ဦးလာဘ ထုတ်ပေးတဲ့ ရဲဒင်းကို ယူပြီး မိုးကျော်ကို ထုနှက် သတ်ဖြတ်ပစ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ မောင်လှမြင့်မိခင် မတင်လှဟာ ဒေါ်အေးကျင်ကို ကျောင်းပေါ် ခေါ်ခဲ့ပြီးနောက် ဒေါ်အေးကျင်အပါအဝင် ကျောင်းပေါ် ရှိနှင့်ကြသူများ ဖြစ်ကြတဲ့ ဦးဝိလာသက္ကနဲ့ သူ့ရဲ့ ညီများ ဖြစ်ကြတဲ့ ကိုရင်သန်းမြင့်၊ ကိုရင်ပြေအေးတို့ကို မိုးကျော်အား မောင်လှမြင့်မှ သတ်ဖြတ်လိုက်ခြင်းအကြောင်း ဘယ်သူ့ကိုမှ မပြောရန် ဦးလာဘက သစ္စာရေတိုက် ကျိန်ဆိုခိုင်းခဲ့ပါတယ်။ ပြီးနောက် ဘယ်လို အကြောင်းများကြောင့်ပဲ ဖြစ်ဖြစ် ကျောင်းပေါ်ကနေ ကျောင်းအောက် မဆင်းကြဖို့ ဦးလာဘက ဒေါ်အေးကျင်၊ ဦးဝိလာသက္ကနဲ့ ကိုရင်သန်းမြင့်၊ ကိုရင်ပြေအေးတို့ကို ပိတ်ပင် တားမြစ်ထားခြင်းကြောင့် အဲဒီတစ်စုဟာ ကျောင်းပေါ်မှာ တစ်နေကုန် နေခဲ့ကြရပါတယ်။ အကြောင်းကတော့ မောင်လှမြင့်တစ်ယောက် သူ့အခန်းမှာ အလောင်းကို အစဖျောက်ဖို့အတွက် ခုတ်ထစ်နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီအချိန်က အလောင်း ခုတ်ထစ်ရင်း တန်းလန်းက ဓါးတုံးသွားတာကြောင့် အဆိုပါ သွေးစွန်းနေတဲ့ ဓါးမကို ဒေါ်အေးကျင် ရှေ့မှောက်မှာ လာပြီး မိခင်ဖြစ်သူ မတင်လှကို မောင်လှမြင့်က ဓါးသွေးခိုင်းပါသေးတယ်။ ဒီနောက်မှာ ဦးလာဘနဲ့ မတင်လှ တို့ဟာ ကျန်လူများ အားလုံးကို ကျောင်းပေါ် ထားရစ်ပြီး မြို့ထဲ ထွက်သွားကြရာ ညနေပိုင်းကျမှ ကျောင်းပြန်ရောက် လာခဲ့ကြပါတယ်။ သူတို့နှစ်ဦး ပြန်လည် ရောက်ရှိလာကြချိန်မှာ ခုတ်ထစ်ပြီးတဲ့ မိုးကျော်အလောင်းကိစ္စ ဘာဆက်လုပ်ရမှန်း မသိလို့ မောင်လှမြင့် မေးမြန်းတဲ့အခါ ဦးလာဘက အသားတချို့ကို ဟင်းချက်ပြီး အချို့ကို မြေမြုပ်ပစ်ရန် ကိုရင်သန်းမြင့်ရှေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီအခါ မောင်လှမြင့်ဟာ ဦးလာဘ ခိုင်းစေတဲ့အတိုင်း တစ်စစီ ခုတ်ထစ်ပြီးတဲ့ အလောင်းရဲ့ အသားများကို စဉ့်အိုးတစ်လုံးထဲ ထည့်လို့ ကျောင်းပေါ် တင်ပေးခဲ့ပြီးနောက် ကျန်တဲ့ ခန္ဓာအစိတ်အပိုင်းများကို အချို့ မြေမှာ မြှုပ်ပြီး တချို့ကို ချောင်းထဲ ပစ်ချခဲ့ပါတယ်။

ဒီလိုနဲ့ နောက်တစ်နေ့မှာ မိုးကျော် အလောင်းရဲ့ အသားများ ချက်ပြုတ်ထားတဲ့ ဟင်းကို ဦးလာဘမှ မစားမနေရ အတင်း စားခိုင်းတာကြောင့် ဦးဝိလာသက္ကနဲ့ သူ့ရဲ့ ညီများ ဖြစ်ကြတဲ့ ကိုရင်သန်းမြင့်၊ ကိုရင်ပြေအေးတို့လည်း မဖြစ်မနေ ကြိတ်မှိတ် စားသုံးခဲ့ကြရပါတယ်။ ဒေါ်အေးကျင် တစ်ယောက်သာ ရွံရှာလို့ မစားချင်တဲ့အခါ ဇွတ်ကျွေးနေတဲ့ ဦးလာဘထံ မတင်လှက ဒေါ်အေးကျင်ဟာ ကြောက်ရွံ့တတ်သူ ဖြစ်တာကြောင့် ကျွေးဖို ့မလိုကြောင်း တားမြစ်ခဲ့ပါတယ်။ တကယ်တော့ အခုလို ကျွေးရခြင်း အကြောင်းအရင်းက မိုးကျော်ကို သတ်ဖြတ်ခဲ့ခြင်းကိစ္စ ဘယ်သူ့ကိုမှ ဖွင့်မပြောနိုင်ကြစေရန်အတွက် ဖြစ်ပါတယ်။ ဒီလူများက လွဲပြီး ကျောင်းရှိ တခြားသူများကို မကျွေးခဲ့ရခြင်းကတော့ တခြားသူများဟာ ဦးလာဘရဲ့ ကျေးဇူးမကင်းသူတွေ ဖြစ်တဲ့အပြင် ပူးပေါင်းကြံရာပါများ ဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။ ဦးလာဘ ကိုယ်တိုင်လည်း သူချက်ပြုတ်ခိုင်း၊ ကျွေးမွေးခိုင်းခဲ့တဲ့ မိုးကျော်ခန္ဓာ လူသားဟင်းလျာကို စားသုံးခဲ့ခြင်း အလျဉ်းမရှိပါဘူး။

ဒီလိုနဲ့ ဦးဝိလာသက္က တို့ ညီအကိုများဟာ ဦးလာဘရဲ့ ခြိမ်းခြောက်မှုအရ လူသားဟင်းလျာ စားသောက် ကျိန်ဆိုပြီးကြေ ပမယ့်လည်း ဦးလာဘက ဦးဝိလာသက္ကတို့ ထွက်ပြေး မှာစိုးလို့ ကျောင်းပေါ်ကနေ ကျောင်းအောက် ပေးမဆင်းခဲ့ပြန်ပါဘူး။ ဒေါ်အေးကျင် အပါအဝင် ဦးဝိလာသက္ကတို့တတွေ အပေါ့အလေး သွားဖို့ ကျောင်းပေါ်က ဆင်းရင် မောင်လှမြင့်က လိုက်လံပြီး စောင့်ကြပ် ကြည့်ရှုပါတယ်။

အဲဒီကာလ အတွင်း ဦးလာဘ ကျောင်းတည်ရှိရာ တောင်ဥက္ကလာပ (၅) ရပ်ကွက်ရဲ့ ချောင်းတစ်နေရာမှာ သောင်လာတင်တဲ့ လူ့အင်္ဂါအစိ တ်အပိုင်းအချို့ သတင်းများ ထွက်ေ ပါ်လာတာကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့များက ကွင်းဆင်း စစ်ဆေး မေးမြန်းခြင်းများ လိုက်လံ ပြုလုပ်ကြပါတယ်။ အဲဒီလို ပြုလုပ်ကြရင်း လူ့အပိုင်းအစများ မျောပါလာရာ ချောင်းတလျှောက် ခြေရာကောက်ကြည့်ကြတဲ့အခါ ရပ်ကွက်ရဲ့ သာသနာ့မြေ၊ ကျောင်းဝိုင်း အမှတ် (၃)၊ ပါရမီလမ်းမှာ တည်ရှိတဲ့ ဦးလာဘရဲ့ ကျောင်းထိ ရောက်ရှိလာခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ သာသနာ့နယ်မြေအတွင်းက ဘုန်းကြီးကျောင်းများ ပါမကျန် တာဝန်အရ စစ်မေး မေးမြန်းခြင်းများ ထပ်မံ ပြုလုပ်ကြချိန်မှာ ဦးလာဘတို့ ကျောင်းက လူများကသာ သင်္ကာမကင်းစရာ အနေအထား ရှိကြောင်း ရိပ်စားမိကြပါတယ်။ ဒါကြောင့် ရပ်ကွက်နေ ပြည်သူအချို့နဲ့ ပူးပေါင်း စောင့်ကြည့်ပြီး တစ်ရက်မှာ ဦးလာဘတို့ လူသတ်မှုကို ဖော်ထုတ်လိုက်နိုင်ပါတော့တယ်။

ဦးလာဘတို့ကို အဲဒီအချိန်က တောင်ဥက္ကလာပ ရဲစခန်း ဒုလုံခြုံရေးမှူး ဦးအောင်ကြိုင်၊ တွဲဖက် ဒုလုံခြုံရေးမှူး ဦးကျော်ခင်တို့ အဖွဲ့က ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဦးမောင်မောင်တို့ အဖွဲ့က စစ်ဆေး မေးမြန်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီနောက် ရုံးတင် စစ်ဆေးကြပြီးနောက်မှာ ဦးလာဘ (ခေါ်) ဦးရွှေမြိုင်၊ မောင်လှမြင့် (ခေါ်) ကုလား၊ မတင်လှတို့ကို တရားသူကြီး ဦးစိုးလှိုင်က သေဒဏ်အသီးသီး ကျခံစေခဲ့ပါတယ်။

အဲဒီကစလို့ အများပြည်သူလူထု အကြား ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ရတဲ့ ဦးလာဘအကြောင်းဟာ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ လူသား စားခိုင်းတဲ့ ဦးလာဘကနေ လူသားစားတဲ့ ဦးလာဘ အဖြစ် တစ်စတစ်စ အမှတ်မှားလာကြပြီး ဦးလာဘ အကြောင်းများကို သံတူကြောင်းကွဲ ချဲ့ထွင် ပြောဆိုကြရင်းက ဦးလာဘ အကြောင်းများဟာ ဖြစ်ရပ်မှန်နဲ့ ဝေးကွာခဲ့ရ ပါတော့တယ်။ တကယ်တော့ ဦးလာဘဟာ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း လူတစ်ယောက်တည်းကို သတ်ဖို့ ခိုင်းစေခဲ့ပြီး၊ အဲဒီလူသေလောင်းက အသားကို အခြားသူများကို ကျွေးခဲ့ခြင်း ဖြစ်ပြီး သူကိုယ်တိုင် လုံးဝ မစားခဲ့တဲ့အတွက် ကျွန်တော်တို့ ကြားဖူးခဲ့တဲ့ ဦးလာဘ အကြောင်းများဟာ အလွဲများသာ ဖြစ်လို့ ယခုဖော်ပြချက်များကသာ တရားဝင် အမှန်တရားများ ဖြစ်ကြောင်း ပြောကြားရင်း ‘လူသားစား ဦးလာဘ တကယ်ရှိသလား’ ဆိုတဲ့ အစီအစဉ်လေးကို ဒီတင် ရပ်နားလိုက် ရပါတယ်ခင်ဗျာ။

ကိုးကား ။ ။ ၈ ရက်၊ ၉ လ၊ ၁၉၇၇ ခုနှစ်ထုတ် ကြေးမုံသတင်းစာနှင့် ၁၉၇၉၊ ဦးလာဘ (ခ) ဦးရွှေမြိုင် ဝါ (၃) နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်။

(Burmese Scary Tales အမည်ရ Channel Page တွင် တင်ဆက်ထားသော ဆရာဇော်မင်းအောင်၏ ‘လူသားစား ဦးလာဘ တကယ်ရှိသလား’ ဆောင်းပါးအဟောင်းကို ပြန်လည် ကူးယူ တင်ပြခြင်း ဖြစ်ပါသည်။)

ဒီအကြောင်းကို သင်မဝေမျှရင် သင်တစ်ယောက်တည်းပဲ သိမယ်။ သင်ဝေမျှရင်တော့ သင့်သူငယ်ချင်းတွေပါ သိမယ်။

Leave a Reply

Your email address will not be published. Required fields are marked *