အကြောင်းကြောင်း ကြောင့် ကားသော့ ပြဿနာကြုံခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ

Posted on

ကားေ သာ့အုံ (ခေါ်) Ignition Switch သည် ကားတစ်စီး လုံး၏ အချုပ်ဖြစ်သည်။ ကားတစ်စီးလုံး၏ လုံခြုံမှုအတွက်လ ည်းအဓိက ကျသည်။ မီးပေးစနစ် (Ignition System)၊ ဆီပို့စနစ် (Fuel System)၊ ချာဂျင် အားသွင်းစန စ်နှင့် ကားတစ်စီးလုံး ၏ အထွေထွေ လျှပ်စစ်သုံးပစ္စ ည်းကိရိယာ များကို လျှပ်စစ်ပါဝါ ထောက် ပံ့ပေးသော Master Switch လည်းဖြစ်သည်။

အင်ဂျင်စ က်စတင်နှိုးရန် Starter Motor အတွက် လျှပ်စစ်စီးေြ ကာင်း Current စီးဆင်းရာအစခ လုတ်လည်းဖြစ် သည်။ ကားသော့အုံယူနစ်တွင် Key Cylinder နှင့် Multi-contact Point များပါသော Electrical Switch တို့ကိုပေါင်းစပ် ထားခြင်းဖြစ် သည်။

Key Cylinder သော့ အိမ်ထဲသို့ ကားသော့ Key ကိုထိုးသွင်းလို က်ပါက Key တွင်ရှိသောအ သွားဘုထစ် Lock Pin ကလေးများကိုတွ န်းပို့လိုက်သည်။ Lock Pin လိုင်းများမှန်မှန် ကန်ကန်တည့် သွားပါက Key ဆလင်ဒါအုံကို ကားသော့တံ Key ဖြင့် ဘယ်/ညာလှည့်၍ ရသွားသည်။ စတီယာရင် Lock ပါပွင့်သွားသည်။

ကားသော့အုံတွင် Key Position (၄) နေရာပါ ရှိသည်- “OFF” – ကားသော့ပိတ်ထားသော“Off’ Position အနေအထားတွင် အင်ဂျင်နှင့် အခြားလျှပ်စစ် Accessoriesများကို ပါဝါပိတ်ထားသည်။ ဘက်ထရီမှ လျှပ်စစ်ပါဝါမရသဖြင့် လျှပ်စစ်ပစ္စည်း များအလုပ် မလုပ်နို င်သေးပါ။ “ACC” – ကားသော့တံ (Key)ထည့်ပြီးပ ထမတစ် ဆင့်လှည့်လိုက်လျှင် Acc Position ဖြစ်ပါ သည်။

ကား Accessories လျှပ်စစ်ကိရိ ယာများသို့ ပါဝါရော က်ပါသည်။ ရေဒီယိုနှင့် CD Player များအလုပ်လုပ် ပါသည်။ “RUN” – On position အနေအထားဖြစ် သည်။ အင်ဂျင်နှင့် Electrical Accessories များသို့ ပါဝါ ရောက်သော အခြေအနေဖြစ်သည်။ အင်ဂျင်လ ည်ပတ် ရန်နှင့် ကားမောင်းယူသွားနိုင်ေ သာခလုပ်ပွင့် ‘on’အနေအထားဖြစ်သည်။ ကားဒတ်ခ်ျ ဘုတ်မှ မီးများလင်း လာမည်။ မီတာဒိုင်ခွက်များ၊ Gauge များစတင်အလုပ် လုပ်သည်။

“START”အင်ဂျင်စက်နှိုးရန်အတွက် ကားသော့ တံကိုဆက်လှည့်လျှင် ‘Start’ အနေအထား၌စက်နှိုးမော်တာအလုပ်လုပ်သည်။ အင်ဂျင်စက်နိုးသွားပါကလက်လွှတ်လိုက်လျှင် ကားသော့သည် ‘Run’ Position အနေအထားသို့ အလိုအလျောက်ပြန်ရောက် သွားမည်။ကားသော့တံ နှင့် သောအုံ(lgnition Switch)သည် နေ့စဉ်နေ့တိုင်းသော့တံလှုပ်ရှားကစားပေးရသဖြင့် မကြာခဏ ချွတ်ယွင်းမှုပြဿနာများ ကြုံရတတ်သည်။

ကားဟောင်းများမဆိုထားနှင့် ကားသစ်များ ၌ပင် Ignition Switch ပြဿနာများပေါ်၍ ကားစီးရေသန်းချီပြီး ပြန်လည်သိမ်းယူရသောRecallသတင်းများကို (၂၀၁၄)ခုနှစ် ၌ အ ကြိမ်ကြိမ်ကြားခဲ့ရသည်။ အမေရိကန်ကားများတွင် အများဆုံးပြဿ နာတတ်ခဲ့သည်။ General Motor မှ ကားများ (၂၀၁၄) ခုနှစ်တွင် (၃)ကြိမ်ထက်မနည်း Ignition Switch ချွတ်ယွ င်းမှုများကားစီးရေ သန်းချီ၍ ဖြစ်ပေါ်ခဲ့သည်။

အဆိုးဆုံးမှာ ကားမောင်းနေစဉ် ရုတ်တရက်ကားအင်ဂျ င်စက်ထိုးရပ်သွားပြီး လျှပ်စစ်ပါဝါစတီ ယာရင်ပါ အလုပ်မလုပ်တော့ြ ခင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ Ignition Switchသည် ကားတစ်စီးလုံး၏ အရေးအကြီး ဆုံးသောပင်မအချုပ် အချာဖြစ်သည်။ ကားမောင်းနေစဉ် ဘေးကင်းလုံခြုံမှုရှိရေး (safety) အတွက်လည်းအဓိကကျသည်။ Ignition Switch များ ဖြစ်လေ့ဖြစ်ထ ရှိသော ချွတ်ယွင်းမှုြ ပဿနာပုံစံ များကိုသိရှိလေ့လာ ထားသ င့်ပါသည်။

(က) ကားသော့ (key) သွင်း၍ သော့အုံလှ ည့် မရခြင်း –

ကားသော့အုံ တွင် စတီယာကော်လံ Lock ပါရှိသည်။ ကားသော့တံ Key ထိုးမထားဘဲစတီယာရင် Wheel ကွေကိုလှည့် လိုက်ပါက Lock ကျသွားမည်။ ကားရပ်နားစဉ်ကရှေဘီးအစွန်းသည် ပလက်ဖော င်းဘော င်နှုတ်ခမ်းသား အစွန်းနှင့် ဖိမိနေလျှင် စတီယာရင် Lock ကျပြီးကျ ပ်နေမည်။

ကားသော့တံသွင်းသော် လည်းစတီယာရင် Wheel လှုပ်မရ၍ Key ဆလင်ဒါ မလည်နိုင်ခြင်းဖြစ်သည်။ ဤသို့ ခက်ခဲနေလျှင် စတီယာရင် Wheel ကိုအားစိုက်ကစားပေးပြီးကားသော့တံ Key ကိုကစားပေးပါကစတီယာရင် Lock ပြန်ပွင့်သွားတတ်သည်။ ကားသော့ (Key) တံကို ကြေးဝါသတ္တုြ ဖင့် ပြုလုပ် ထားသည်။ သော့တံရှိအထစ်ဘုသွားများသည် အကြိမ်ရေ များစွာအသုံးပြုပါ ကကြေးသတ္တုများပွ န်းစားပြီး ကားသော့ (Key) လှည့်ရာတွင် ခက်ခဲနေ တတ်သည်။

ထိုပြဿနာ မှာသော့အုံကြော င့်မဟုတ်ဘဲ သော့တံ Key စားသွား၍ ဖြစ်သည်။ သင့်ထံတွင် ကားသော့ အပိုတစ် ချောင်းမရှိပါကကားေ သာ့မိတ္တူတ စ်ချောင်းပြုလုပ်ရမည်။ ကားသော့ပြုြ ပင်ပေးသာ Key Master ကျွမ်းကျင်သူ ကိုသင့်ကားေ သာ့စား၍ တိုဝင်နေေ ကြာင်း ပြောပြပါ။ သော့ မိတ္တူပြန်ကူးရာတွင် Key မြှင့်၍ ကူးယူနိုင်ပါသည်။

တစ်ခါတစ် ရံကားေ သာ့အုံအတွင်း ၌ ဖုန်မှုန့်နှင့် အညစ်အကြေးများဝင်၍ Key Clinder ကျပ်နေတတ် သည်။ ကားသော့အုံကိုဖြုတ်၍ ဆေး ကြောသန့်ရှင်းနိုင် သည်။ သော့အုံတွင် ကားသော့တံ Key အလွယ်တကူချောမွေ့စွာ ဝင်ထွက်ကစား နိုင်ရန် ချောဆီထည့်ေ ပးရသည်။ လျှပ် စစ်မစီးနိုင်သောချောဆီ ထည့်ရမည်။

Dielectric ဆီလီကွန် (သို့မဟုတ်) Aerosol Electronic Cleaner ကဲ့သို့ ချောဆီတစ်မျိုး မျိုးထည့်ပေးလျှင် ဂျမ်းဖြစ်နေသောေ သာ့အုံချောင်သွားမည်။ နောက်ဆုံးမည်သို့မျှပြင်၍ မရလျှင် Key Cylinder နှင့် ကားသော့ (Key) အစုံလိုက် (one set) အစားထိုးလဲလှယ်လိုက် လျှင် ထိုအခက်အခဲများေြ ပလည်သွားမည်။

(ခ) ကားသော့လှည့်၍ ရသော်လည်းအင်ဂျင်စက်မလည်ခြင်း –

သော့အုံထဲသို့ ကားသော့တံ (Key) ထည့်ပြီးလှည့်၍ရသည်။ သို့သော်လည်း စက်နှိုးမော်တာ မလည်သောအခြေ အနေမျိုးဖြစ်ပါသည်။ Ignition Switch (သော့အုံခလုတ်) မကောင်း၍လား၊ စက်နှိုးမော် တာ ဆားကတ် (Starting Circuit) မှာအပြစ်အမှားတစ် ခုခုရှိနေ၍လား စဉ်းစားစရာနည်းလ မ်းနှစ်မျိုးဖြင့် ချွတ် ယွင်းချက်ကိုရှာပါ။

ကားသော့ဖွ င့်လိုက်လျှင် ဒတ်ခ်ျဘုတ်မီးများ လင်းလာရမည်။ ကားသော့ ‘On’ Position အနေအထားတွင် မည်သည့်အချက်ြ ပသတိပေးမီးများမလင်း ပါကဘက်ထရီေ ခါင်းအဆက်ချောင်းနေသ လား၊ လွတ်နေသလား၊ ဘက်ထရီလုံးဝ အားမရှိဘဲ Down သွားပြီလားသေချာအောင် မီးကြီးဖွင့်ကြည့်ပါ။ မီးလုံးဝမလင်း၊ ကားဟွန်းသံလည်းမမြည်ခဲ့လျှင် ကားဘက်ထရီ၍ ပြဿနာရှိနေသည်မှာသေချာသည်။ကားမီးကြီးလည်းလင်းသည်။ ဟွန်းလည်းမြင် သည်။ ဝိုင်ဘာလည်း အလုပ်လုပ်သည်ဆိုလျှင် ဘက်ထရီကြောင့်မဟုတ်ပါ။

Ignition Switch ဆားကတ်မှာ Fuse ပြတ်နေသလား။ Relay ဘူးမကောင်းတာလား။ Starting System မှာ ဝါယာရိန်းအပြစ်ရှိသလား အဖြေရှာကြည့်ပါ။ ကားသော့ကို “START” Position သို့ လှည့်လိုက်တိုင်း Relay ဘူးကစားနေေ သာအသံတစ် တောက်ေ တာက်နှင့် ကြားရသည်ဆိုလျှင် Igniton Switch ကောင်းသည်။ မော်တာပိုင်းသာ အမှားတစ်ခုခု ရှိနေသည်။

(ဂ) ကားသော့လှည့်သည်၊ စက်နှိုးမော်တာလည်သည်။ သို့သော် စက်မနိုးပါ –

ဤအခြေအနေ သည် စက်နှိုးမော်တာနှင့် ကားသော့အုံတွင် အပြစ်လုံး ဝမရှိတော့ပါ။ Anti-theft စနစ်၊ ဆီပို့စနစ်၊ မီးပေးစနစ်၊ အင်ဂျင်ကွန်ပျူတာတို့တွင် အမှားတစ်ခုခုရှိနေ၍ စက်မနိုးနိုင်ခြ င်းဖြစ်သည်။ ကားအင်ဂျင် စက်နှိုးရန် ဆီစနစ်၊ မီးစနစ်များမှ န်နေရမည်။ ခေတ် ဟောင်းကားများတွင် ဆီပျောက်၊ မီးပျောက်ရှာရလွယ် သည်။

ခေတ်ပေါ်ကား များတွင် နည်းပညာမြင့်၍ ရှုပ်ထွေးသည်။ ကားနည်းပညာအခြေခံမရှိလျှင် ခေတ်ပေါ်ကားများ၏ အလုပ်လုပ်ပုံကို နားလည်သဘောေ ပါက်ရန် အခက်အခဲဖြ စ်နိုင်ပါသည်။ခေတ်ပေါ် ကားများတွင် ကားသော့သည် Smart Key ဖြစ်သည်။ Smart Key တွင် ကားလုံခြုံရေးအတွ က်ပရိုဂရမ် Code ထည့်သွင်းထားသည်။ ၎င်း Code ကို Anti-theft Code ဟုခေါ်သည်။

Ignition Switch တွင်ရှိသော Receiver က Smart Key ကိုဖ တ်သည်။ Smark Key နှင့် Receiver ကြားတွင် မမြင်ရသော Signal လှိုင်းများရှိသည်။ Smart Key မကောင်းလျှ င်လည်းကွန်ပျူ တာအလုပ်မလုပ်ပါ။ ကားတစ် စီးလုံး၏ ဆီစနစ်၊ မီးစနစ်အားလုံးကို PCM (Powertrain Control Module) ခေါ် ကွန်ပျူတာကထိန်းချုပ် သည်။ ကွန်ပျူတာသည် အင်ဂျင်ဆင်ဆာ (Sensor) မျိုးစုံမှ လက်ခံရရှိေ သာသတင်းအ ချက်အလက်များကို အ ခြေခံ၍ အင်ဂျင်ကိုထိန်းချု ပ်အမိန့်ပေးခြင်းေ ဆာင်ရွက် သည်။

ဆီတိုင်ကီထဲတွင် ဆီရှိကြောင်း ဆီဂိတ်တွင် ပြ သည်။ ကားသော့ဖွင့်လိုက်လျှင် Fuel Pump လည်သော ‘buzz’ မြည်သံကြားရသည်။ Fuel Pump လည်သောအသံမကြားရပါက Injector ဆီလိုင်းများသို့ လောင်စာဆီ မရောက်ပါ။ Fuel Pump မလည်ြ ခင်းမှာ ဝါယာရိန်း ကြောင့်လား၊ Fuse ပြတ်နေသလား၊ Pump မော်တာမကောင်း၍ လားစ စ်ဆေးရမည်။ Fuel Pump လည်လျှင် Injector ဆီလိုင်းများသို့ ဆီရော က်လာမည်။ အင်ဂျင် စတင်လည်ရန် Crankshaft Position Sensor နှင့် Ignition Control Module တို့ ကောင်းရမည်။ သို့မှသာ အင်ဂျင်တိုင်မင်ကိုက် မီးပေးနိုင်မည်။

(ဃ) အင်ဂျင်စက်နှိုး၍ ရသည်။ ပုံမှန်လည် သည်။ သို့သော် ကားမောင်းနေစဉ်ရုတ်တရက်စက်သေသွားသည် –

ဤကဲ့သို့ ချွတ်ယွင်းချက်လ က္ခဏာသည် Igniton Switchမကောင်းသည့် လက္ခဏာဖြစ်သည်။ လမ်းအဆောင့်ဒဏ်တုန်ခါမှုကြောင့် Ignition Switch အတွင်းပိုင်းထိတွေ့နေရာများသည် တိုတောင်းသော အချိန်အတွင်းလွ တ်သွားတတ်သည်။ ထိုအခါ Ignition Switch မှ ပါဝါဖြတ်တော က်သွားပြီးစက်ေ သသွားခြင်း ဖြစ်သည်။ အသုံးပြုချိန်ကြာသောကားအို ကားဟော င်းများတွင် အများဆုံးဖြစ်တတ်သည်။

ကားသစ်များတွင် လည်း ဖြစ်တတ်သည်။ သာဓကအနေဖြင့် (၂၀၁၄) ခုနှစ် အတွင်းအမေရိကန် GM ကားများ Ignition Switch ပြဿနာပေါ်၍ ကားစီးရေသန်းချီပြီး ပြန်လည်သိမ်းယူ၍ ပြုပြင်ပေးခဲ့ရသည်။

(င) ကားသော့တံ (Key) ကျိုး၍ ကျန်နေခြင်း၊ သောတံနှုတ်၍ မရခြင်း

ကားေ သာ့အုံတွင် စတီယာရင် Column Lock Cylinder အတွင်း၌ Pin ချောင်းကလေးများညှပ်နေပါကကော်လံ Locking Mechanism ပျက်စီးသွားတတ် သည်။ ထိုအခါမျိုးတွင် ကားသော့ (Key) ကိုသော့အုံမှ ဆွဲထုတ်၍ မရဖြစ်တတ် သည်။

ကားသော့ကျိုးကျန်ခဲ့ပါကကားသော့ပြင်ဆိုင် Key Master တစ်ဦး၏ အကူအညီဖြင့် ကျိုးကျန်ခဲ့သော ကားသော့ကို ပြန်ဆွဲထုတ်နိုင်ရန် ကြိုးစားပါ။ ကားသော့ အုံမကောင်းပါကကားသော့နှင့် သော့အုံအစုံလိုက်လဲလှယ်ပါ။

ကားသော့တစ်ချောင်း သည် ကားတစ်စီးအတွက် အဓိကကျပြီးအရေးကြီးသောအရာလည်း ဖြစ် သည်။ ကားသော့တစ်ချောင်းအရန်ရှိထားသင့်သည်။ ဆောင့် ထားသင့်သည်။ ခေတ်ပေါ် Smart Key ဖြစ်လျှင် လည်းကွန်ပျူတာဖြင့် ပရိုဂရမ်ပြန်လည်ရေးသားပြီး Smart Key အရန်တစ်ချောင်းဆောင်ထားသင့်သည်။ Credit;

Zawgyi Version

ကားေ သာ့အုံ (ေခၚ) Ignition Switch သည္ ကားတစ္စီး လုံး၏ အခ်ဳပ္ျဖစ္သည္။ ကားတစ္စီးလုံး၏ လုံၿခဳံမႈအတြက္လ ည္းအဓိက က်သည္။ မီးေပးစနစ္ (Ignition System)၊ ဆီပို႔စနစ္ (Fuel System)၊ ခ်ာဂ်င္ အားသြင္းစန စ္ႏွင့္ ကားတစ္စီးလုံး ၏ အေထြေထြ လွ်ပ္စစ္သုံးပစၥ ည္းကိရိယာ မ်ားကို လွ်ပ္စစ္ပါဝါ ေထာက္ ပံ့ေပးေသာ Master Switch လည္းျဖစ္သည္။

အင္ဂ်င္စ က္စတင္ႏွိုးရန္ Starter Motor အတြက္ လွ်ပ္စစ္စီးေၾ ကာင္း Current စီးဆင္းရာအစခ လုတ္လည္းျဖစ္ သည္။ ကားေသာ့အုံယူနစ္တြင္ Key Cylinder ႏွင့္ Multi-contact Point မ်ားပါေသာ Electrical Switch တို႔ကိုေပါင္းစပ္ ထားျခင္းျဖစ္ သည္။

Key Cylinder ေသာ့ အိမ္ထဲသို႔ ကားေသာ့ Key ကိုထိုးသြင္းလို က္ပါက Key တြင္ရွိေသာအ သြားဘုထစ္ Lock Pin ကေလးမ်ားကိုတြ န္းပို႔လိုက္သည္။ Lock Pin လိုင္းမ်ားမွန္မွန္ ကန္ကန္တည့္ သြားပါက Key ဆလင္ဒါအုံကို ကားေသာ့တံ Key ျဖင့္ ဘယ္/ညာလွည့္၍ ရသြားသည္။ စတီယာရင္ Lock ပါပြင့္သြားသည္။

ကားေသာ့အုံတြင္ Key Position (၄) ေနရာပါ ရွိသည္- “OFF” – ကားေသာ့ပိတ္ထားေသာ“Off’ Position အေနအထားတြင္ အင္ဂ်င္ႏွင့္ အျခားလွ်ပ္စစ္ Accessoriesမ်ားကို ပါဝါပိတ္ထားသည္။ ဘက္ထရီမွ လွ်ပ္စစ္ပါဝါမရသျဖင့္ လွ်ပ္စစ္ပစၥည္း မ်ားအလုပ္ မလုပ္နို င္ေသးပါ။ “ACC” – ကားေသာ့တံ (Key)ထည့္ၿပီးပ ထမတစ္ ဆင့္လွည့္လိုက္လွ်င္ Acc Position ျဖစ္ပါ သည္။

ကား Accessories လွ်ပ္စစ္ကိရိ ယာမ်ားသို႔ ပါဝါေရာ က္ပါသည္။ ေရဒီယိုႏွင့္ CD Player မ်ားအလုပ္လုပ္ ပါသည္။ “RUN” – On position အေနအထားျဖစ္ သည္။ အင္ဂ်င္ႏွင့္ Electrical Accessories မ်ားသို႔ ပါဝါ ေရာက္ေသာ အေျခအေနျဖစ္သည္။ အင္ဂ်င္လ ည္ပတ္ ရန္ႏွင့္ ကားေမာင္းယူသြားနိုင္ေ သာခလုပ္ပြင့္ ‘on’အေနအထားျဖစ္သည္။ ကားဒတ္ခ္် ဘဳတ္မွ မီးမ်ားလင္း လာမည္။ မီတာဒိုင္ခြက္မ်ား၊ Gauge မ်ားစတင္အလုပ္ လုပ္သည္။

“START”အင္ဂ်င္စက္ႏွိုးရန္အတြက္ ကားေသာ့ တံကိုဆက္လွည့္လွ်င္ ‘Start’ အေနအထား၌စက္ႏွိုးေမာ္တာအလုပ္လုပ္သည္။ အင္ဂ်င္စက္နိုးသြားပါကလက္လႊတ္လိုက္လွ်င္ ကားေသာ့သည္ ‘Run’ Position အေနအထားသို႔ အလိုအေလ်ာက္ျပန္ေရာက္ သြားမည္။ကားေသာ့တံ ႏွင့္ ေသာအုံ(lgnition Switch)သည္ ေန႕စဥ္ေန႕တိုင္းေသာ့တံလႈပ္ရွားကစားေပးရသျဖင့္ မၾကာခဏ ခြၽတ္ယြင္းမႈျပႆနာမ်ား ႀကဳံရတတ္သည္။

ကားေဟာင္းမ်ားမဆိုထားႏွင့္ ကားသစ္မ်ား ၌ပင္ Ignition Switch ျပႆနာမ်ားေပၚ၍ ကားစီးေရသန္းခ်ီၿပီး ျပန္လည္သိမ္းယူရေသာRecallသတင္းမ်ားကို (၂၀၁၄)ခုႏွစ္ ၌ အ ႀကိမ္ႀကိမ္ၾကားခဲ့ရသည္။ အေမရိကန္ကားမ်ားတြင္ အမ်ားဆုံးျပႆ နာတတ္ခဲ့သည္။ General Motor မွ ကားမ်ား (၂၀၁၄) ခုႏွစ္တြင္ (၃)ႀကိမ္ထက္မနည္း Ignition Switch ခြၽတ္ယြ င္းမႈမ်ားကားစီးေရ သန္းခ်ီ၍ ျဖစ္ေပၚခဲ့သည္။

အဆိုးဆုံးမွာ ကားေမာင္းေနစဥ္ ႐ုတ္တရက္ကားအင္ဂ် င္စက္ထိုးရပ္သြားၿပီး လွ်ပ္စစ္ပါဝါစတီ ယာရင္ပါ အလုပ္မလုပ္ေတာ့ျ ခင္းျဖစ္သည္။ မည္သို႔ပင္ျဖစ္ေစ Ignition Switchသည္ ကားတစ္စီးလုံး၏ အေရးအႀကီး ဆုံးေသာပင္မအခ်ဳပ္ အခ်ာျဖစ္သည္။ ကားေမာင္းေနစဥ္ ေဘးကင္းလုံၿခဳံမႈရွိေရး (safety) အတြက္လည္းအဓိကက်သည္။ Ignition Switch မ်ား ျဖစ္ေလ့ျဖစ္ထ ရွိေသာ ခြၽတ္ယြင္းမႈျ ပႆနာပုံစံ မ်ားကိုသိရွိေလ့လာ ထားသ င့္ပါသည္။

(က) ကားေသာ့ (key) သြင္း၍ ေသာ့အုံလွ ည့္ မရျခင္း –

ကားေသာ့အုံ တြင္ စတီယာေကာ္လံ Lock ပါရွိသည္။ ကားေသာ့တံ Key ထိုးမထားဘဲစတီယာရင္ Wheel ေကြကိုလွည့္ လိုက္ပါက Lock က်သြားမည္။ ကားရပ္နားစဥ္ကေရွဘီးအစြန္းသည္ ပလက္ေဖာ င္းေဘာ င္ႏႈတ္ခမ္းသား အစြန္းႏွင့္ ဖိမိေနလွ်င္ စတီယာရင္ Lock က်ၿပီးက် ပ္ေနမည္။

ကားေသာ့တံသြင္းေသာ္ လည္းစတီယာရင္ Wheel လႈပ္မရ၍ Key ဆလင္ဒါ မလည္နိုင္ျခင္းျဖစ္သည္။ ဤသို႔ ခက္ခဲေနလွ်င္ စတီယာရင္ Wheel ကိုအားစိုက္ကစားေပးၿပီးကားေသာ့တံ Key ကိုကစားေပးပါကစတီယာရင္ Lock ျပန္ပြင့္သြားတတ္သည္။ ကားေသာ့ (Key) တံကို ေၾကးဝါသတၱဳျ ဖင့္ ျပဳလုပ္ ထားသည္။ ေသာ့တံရွိအထစ္ဘုသြားမ်ားသည္ အႀကိမ္ေရ မ်ားစြာအသုံးျပဳပါ ကေၾကးသတၱဳမ်ားပြ န္းစားၿပီး ကားေသာ့ (Key) လွည့္ရာတြင္ ခက္ခဲေန တတ္သည္။

ထိုျပႆနာ မွာေသာ့အုံေၾကာ င့္မဟုတ္ဘဲ ေသာ့တံ Key စားသြား၍ ျဖစ္သည္။ သင့္ထံတြင္ ကားေသာ့ အပိုတစ္ ေခ်ာင္းမရွိပါကကားေ သာ့မိတၱဴတ စ္ေခ်ာင္းျပဳလုပ္ရမည္။ ကားေသာ့ျပဳျ ပင္ေပးသာ Key Master ကြၽမ္းက်င္သူ ကိုသင့္ကားေ သာ့စား၍ တိုဝင္ေနေ ၾကာင္း ေျပာျပပါ။ ေသာ့ မိတၱဴျပန္ကူးရာတြင္ Key ျမႇင့္၍ ကူးယူနိုင္ပါသည္။

တစ္ခါတစ္ ရံကားေ သာ့အုံအတြင္း ၌ ဖုန္မႈန႔္ႏွင့္ အညစ္အေၾကးမ်ားဝင္၍ Key Clinder က်ပ္ေနတတ္ သည္။ ကားေသာ့အုံကိုျဖဳတ္၍ ေဆး ေၾကာသန႔္ရွင္းနိုင္ သည္။ ေသာ့အုံတြင္ ကားေသာ့တံ Key အလြယ္တကူေခ်ာေမြ႕စြာ ၀င္ထြက္ကစား နိုင္ရန္ ေခ်ာဆီထည့္ေ ပးရသည္။ လွ်ပ္ စစ္မစီးနိုင္ေသာေခ်ာဆီ ထည့္ရမည္။

Dielectric ဆီလီကြန္ (သို႔မဟုတ္) Aerosol Electronic Cleaner ကဲ့သို႔ ေခ်ာဆီတစ္မ်ိဳး မ်ိဳးထည့္ေပးလွ်င္ ဂ်မ္းျဖစ္ေနေသာေ သာ့အုံေခ်ာင္သြားမည္။ ေနာက္ဆုံးမည္သို႔မွ်ျပင္၍ မရလွ်င္ Key Cylinder ႏွင့္ ကားေသာ့ (Key) အစုံလိုက္ (one set) အစားထိုးလဲလွယ္လိုက္ လွ်င္ ထိုအခက္အခဲမ်ားေျ ပလည္သြားမည္။

(ခ) ကားေသာ့လွည့္၍ ရေသာ္လည္းအင္ဂ်င္စက္မလည္ျခင္း –

ေသာ့အုံထဲသို႔ ကားေသာ့တံ (Key) ထည့္ၿပီးလွည့္၍ရသည္။ သို႔ေသာ္လည္း စက္ႏွိုးေမာ္တာ မလည္ေသာအေျခ အေနမ်ိဳးျဖစ္ပါသည္။ Ignition Switch (ေသာ့အုံခလုတ္) မေကာင္း၍လား၊ စက္ႏွိုးေမာ္ တာ ဆားကတ္ (Starting Circuit) မွာအျပစ္အမွားတစ္ ခုခုရွိေန၍လား စဥ္းစားစရာနည္းလ မ္းႏွစ္မ်ိဳးျဖင့္ ခြၽတ္ ယြင္းခ်က္ကိုရွာပါ။

ကားေသာ့ဖြ င့္လိုက္လွ်င္ ဒတ္ခ္်ဘဳတ္မီးမ်ား လင္းလာရမည္။ ကားေသာ့ ‘On’ Position အေနအထားတြင္ မည္သည့္အခ်က္ျ ပသတိေပးမီးမ်ားမလင္း ပါကဘက္ထရီေ ခါင္းအဆက္ေခ်ာင္းေနသ လား၊ လြတ္ေနသလား၊ ဘက္ထရီလုံးဝ အားမရွိဘဲ Down သြားၿပီလားေသခ်ာေအာင္ မီးႀကီးဖြင့္ၾကည့္ပါ။ မီးလုံးဝမလင္း၊ ကားဟြန္းသံလည္းမျမည္ခဲ့လွ်င္ ကားဘက္ထရီ၍ ျပႆနာရွိေနသည္မွာေသခ်ာသည္။ကားမီးႀကီးလည္းလင္းသည္။ ဟြန္းလည္းျမင္ သည္။ ဝိုင္ဘာလည္း အလုပ္လုပ္သည္ဆိုလွ်င္ ဘက္ထရီေၾကာင့္မဟုတ္ပါ။

Ignition Switch ဆားကတ္မွာ Fuse ျပတ္ေနသလား။ Relay ဘူးမေကာင္းတာလား။ Starting System မွာ ဝါယာရိန္းအျပစ္ရွိသလား အေျဖရွာၾကည့္ပါ။ ကားေသာ့ကို “START” Position သို႔ လွည့္လိုက္တိုင္း Relay ဘူးကစားေနေ သာအသံတစ္ ေတာက္ေ တာက္ႏွင့္ ၾကားရသည္ဆိုလွ်င္ Igniton Switch ေကာင္းသည္။ ေမာ္တာပိုင္းသာ အမွားတစ္ခုခု ရွိေနသည္။

(ဂ) ကားေသာ့လွည့္သည္၊ စက္ႏွိုးေမာ္တာလည္သည္။ သို႔ေသာ္ စက္မနိုးပါ –

ဤအေျခအေန သည္ စက္ႏွိုးေမာ္တာႏွင့္ ကားေသာ့အုံတြင္ အျပစ္လုံး ဝမရွိေတာ့ပါ။ Anti-theft စနစ္၊ ဆီပို႔စနစ္၊ မီးေပးစနစ္၊ အင္ဂ်င္ကြန္ပ်ဴတာတို႔တြင္ အမွားတစ္ခုခုရွိေန၍ စက္မနိုးနိုင္ျခ င္းျဖစ္သည္။ ကားအင္ဂ်င္ စက္ႏွိုးရန္ ဆီစနစ္၊ မီးစနစ္မ်ားမွ န္ေနရမည္။ ေခတ္ ေဟာင္းကားမ်ားတြင္ ဆီေပ်ာက္၊ မီးေပ်ာက္ရွာရလြယ္ သည္။

ေခတ္ေပၚကား မ်ားတြင္ နည္းပညာျမင့္၍ ရႈပ္ေထြးသည္။ ကားနည္းပညာအေျခခံမရွိလွ်င္ ေခတ္ေပၚကားမ်ား၏ အလုပ္လုပ္ပုံကို နားလည္သေဘာေ ပါက္ရန္ အခက္အခဲျဖ စ္နိုင္ပါသည္။ေခတ္ေပၚ ကားမ်ားတြင္ ကားေသာ့သည္ Smart Key ျဖစ္သည္။ Smart Key တြင္ ကားလုံၿခဳံေရးအတြ က္ပရိုဂရမ္ Code ထည့္သြင္းထားသည္။ ၄င္း Code ကို Anti-theft Code ဟုေခၚသည္။

Ignition Switch တြင္ရွိေသာ Receiver က Smart Key ကိုဖ တ္သည္။ Smark Key ႏွင့္ Receiver ၾကားတြင္ မျမင္ရေသာ Signal လွိုင္းမ်ားရွိသည္။ Smart Key မေကာင္းလွ် င္လည္းကြန္ပ်ဴ တာအလုပ္မလုပ္ပါ။ ကားတစ္ စီးလုံး၏ ဆီစနစ္၊ မီးစနစ္အားလုံးကို PCM (Powertrain Control Module) ေခၚ ကြန္ပ်ဴတာကထိန္းခ်ဳပ္ သည္။ ကြန္ပ်ဴတာသည္ အင္ဂ်င္ဆင္ဆာ (Sensor) မ်ိဳးစုံမွ လက္ခံရရွိေ သာသတင္းအ ခ်က္အလက္မ်ားကို အ ေျခခံ၍ အင္ဂ်င္ကိုထိန္းခ်ဳ ပ္အမိန႔္ေပးျခင္းေ ဆာင္႐ြက္ သည္။

ဆီတိုင္ကီထဲတြင္ ဆီရွိေၾကာင္း ဆီဂိတ္တြင္ ျပ သည္။ ကားေသာ့ဖြင့္လိုက္လွ်င္ Fuel Pump လည္ေသာ ‘buzz’ ျမည္သံၾကားရသည္။ Fuel Pump လည္ေသာအသံမၾကားရပါက Injector ဆီလိုင္းမ်ားသို႔ ေလာင္စာဆီ မေရာက္ပါ။ Fuel Pump မလည္ျ ခင္းမွာ ဝါယာရိန္း ေၾကာင့္လား၊ Fuse ျပတ္ေနသလား၊ Pump ေမာ္တာမေကာင္း၍ လားစ စ္ေဆးရမည္။ Fuel Pump လည္လွ်င္ Injector ဆီလိုင္းမ်ားသို႔ ဆီေရာ က္လာမည္။ အင္ဂ်င္ စတင္လည္ရန္ Crankshaft Position Sensor ႏွင့္ Ignition Control Module တို႔ ေကာင္းရမည္။ သို႔မွသာ အင္ဂ်င္တိုင္မင္ကိုက္ မီးေပးနိုင္မည္။

(ဃ) အင္ဂ်င္စက္ႏွိုး၍ ရသည္။ ပုံမွန္လည္ သည္။ သို႔ေသာ္ ကားေမာင္းေနစဥ္႐ုတ္တရက္စက္ေသသြားသည္ –

ဤကဲ့သို႔ ခြၽတ္ယြင္းခ်က္လ ကၡဏာသည္ Igniton Switchမေကာင္းသည့္ လကၡဏာျဖစ္သည္။ လမ္းအေဆာင့္ဒဏ္တုန္ခါမႈေၾကာင့္ Ignition Switch အတြင္းပိုင္းထိေတြ႕ေနရာမ်ားသည္ တိုေတာင္းေသာ အခ်ိန္အတြင္းလြ တ္သြားတတ္သည္။ ထိုအခါ Ignition Switch မွ ပါဝါျဖတ္ေတာ က္သြားၿပီးစက္ေ သသြားျခင္း ျဖစ္သည္။ အသုံးျပဳခ်ိန္ၾကာေသာကားအို ကားေဟာ င္းမ်ားတြင္ အမ်ားဆုံးျဖစ္တတ္သည္။

ကားသစ္မ်ားတြင္ လည္း ျဖစ္တတ္သည္။ သာဓကအေနျဖင့္ (၂၀၁၄) ခုႏွစ္ အတြင္းအေမရိကန္ GM ကားမ်ား Ignition Switch ျပႆနာေပၚ၍ ကားစီးေရသန္းခ်ီၿပီး ျပန္လည္သိမ္းယူ၍ ျပဳျပင္ေပးခဲ့ရသည္။

(င) ကားေသာ့တံ (Key) က်ိဳး၍ က်န္ေနျခင္း၊ ေသာတံႏႈတ္၍ မရျခင္း

ကားေ သာ့အုံတြင္ စတီယာရင္ Column Lock Cylinder အတြင္း၌ Pin ေခ်ာင္းကေလးမ်ားညွပ္ေနပါကေကာ္လံ Locking Mechanism ပ်က္စီးသြားတတ္ သည္။ ထိုအခါမ်ိဳးတြင္ ကားေသာ့ (Key) ကိုေသာ့အုံမွ ဆြဲထုတ္၍ မရျဖစ္တတ္ သည္။

ကားေသာ့က်ိဳးက်န္ခဲ့ပါကကားေသာ့ျပင္ဆိုင္ Key Master တစ္ဦး၏ အကူအညီျဖင့္ က်ိဳးက်န္ခဲ့ေသာ ကားေသာ့ကို ျပန္ဆြဲထုတ္နိုင္ရန္ ႀကိဳးစားပါ။ ကားေသာ့ အုံမေကာင္းပါကကားေသာ့ႏွင့္ ေသာ့အုံအစုံလိုက္လဲလွယ္ပါ။

ကားေသာ့တစ္ေခ်ာင္း သည္ ကားတစ္စီးအတြက္ အဓိကက်ၿပီးအေရးႀကီးေသာအရာလည္း ျဖစ္ သည္။ ကားေသာ့တစ္ေခ်ာင္းအရန္ရွိထားသင့္သည္။ ေဆာင့္ ထားသင့္သည္။ ေခတ္ေပၚ Smart Key ျဖစ္လွ်င္ လည္းကြန္ပ်ဴတာျဖင့္ ပရိုဂရမ္ျပန္လည္ေရးသားၿပီး Smart Key အရန္တစ္ေခ်ာင္းေဆာင္ထားသင့္သည္။ Credit;

Leave a Reply

Your email address will not be published. Required fields are marked *