အနုပညာရှင်များအတွက် အစည်းအရုံးကထုတ်တဲ့ ကြော်ငြာစာကို ဖတ်ပြီး ထိမိတဲ့စကားလုံးများနဲ့ ပြန်လည်ချေပလိုက်တဲ့ မင်းမော်ကွန်းနဲ့ သည်ခေတ်နေ
Posted on
မြန်မာ့ ရုပ်ရှင် လောက ကို မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရန်၊ ဟာသ သရုပ်ဆောင်၊ လူကြမ်း သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း ရေးဆရာ အစရှိ သဖြင့် နယ်ပယ်စုံ၊ အလွှာစုံ၊ အနုပညာရှင် အသီးသီး နဲ့ ဖွဲ့စည်း တည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ နိုင်ငံရေး အခြေ အနေ အရ မြန်မာ့ ရုပ်ရှင် လောကမှာ ကွဲလွဲမှု တွေများစွာ ဖြစ်ပေါ် ခဲ့ပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ကနေ နုတ်ထွက်ခဲ့ ကျတဲ့ အနုပညာရှင် များစွာ ရှိခဲ့ ပါတယ်။ အဆိုပါ အနုပညာရှင် တွေ ထဲမှာ တစ်ဘ၀လုံးစာ နုတ်ထွက် ခဲ့တဲ့ အနုပညာရှင် နှစ်ဦး ရှိပါတယ်။ သူတို့ ကတော့ ပရိတ်သတ် တွေရဲ့ အချစ်တော် မင်းသား မင်းမော်ကွန်း နဲ့ နာမည်ကြီး ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ သည်‌ေခတ်နေ ပဲဖြစ်ပါတယ်။ ဒီလို နုတ်ထွက်ခဲ့ တာနဲ့ ပတ်သက်ပြီး မင်းသား မင်းမော်ကွန်း ကတော့ ထွက်ထား တယ်ဗျာ တစ်သက်လုံးစာ အတွက် ခင်ဗျားတို့ အစား ရှက်လို့လေ 2021 ဖေဖော်ဝါရီ တစ်လုံး သပိတ်စခန်း ဖွင့်ခဲ့တဲ့ ရုပ်ရှင် အစည်းအရုံးရဲ့ အပြောင်း အလဲမြန်မှု တွေကို အံဩလို့ပါ ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။
ဒါရိုက်တာ သည်ခေတ်နေ ကလဲ နှုတ်ထွက်ရတဲ့ အကြောင်း အရင်းကို ” ရွံလွန်းလို့…မင်းတို့လက်အောက်ဆို တစ်သက်စာပါ နှုတ်ထွက်ပေးခဲ့တယ်” လို့ သူ့ရဲ့ လူမူ့ ကွန်ယက်ပေါ်မှာ ရေးသား ထားပါတယ်။ ရုပ်ရှင် အစည်းအရုံး ကနေ နုတ်ထွက် ထားပေမယ့် ပရိသတ် တွေ ရင်ထဲမှာတော့ အမြဲတမ်း အနုပညာရှင် တွေအဖြစ် ချစ်ဆဲ နေရာ ယူထားဆဲ ဖြစ်နေတဲ့ အနုပညာ ရှင်နှစ်ဦးပါပဲနော်။
Zawgyi
Leave a Reply
Your email address will not be published.