“ အဖေ့ရဲ့လက်တွေ သားကိုပြပါလား ”

Posted on

တခါက ကုမ္ပဏီကြီး တစ်ခုတွင် မန်နေဂျာ ရာထူးအတွက် လူတွေ့စစ်ဆေးပွဲကို ကျင်းပပြုလုပ်နေသည်။

လူငယ်လေး တစ်ယောက်ကို ဒါရိုက်တာအဖွဲ့က နောက်ဆုံးအဆင့် အနေဖြင့် အင်တာဗျူးရန် ခေါ်တွေ့သည်။ ဒါရိုက်တာတစ်ဦးက လူငယ်လေး၏ စီဗွီဖောင်အား ဖတ်လိုက်ပြီး သဘောကျသွားသည်။

ထိုလူငယ်လေး၏ ပညာအ ရည်အချင်းနဲ့ ကြိုးစားအားထုတ်ခဲ့မှုများမှာ ဘာမှ အပြစ်ပြောစရာမရှိ။ အလယ်တန်း အဆင့်မှသည် ဘွဲ့ရပြီးသည့်တိုင် သူ၏ ပညာအရည်အချင်းက ထိပ်တန်းအဆင့်တွင် ရှိနေခဲ့သည်။ ဒါရိုက်တာကြီးတစ်ဦးက..

“ ဒါနဲ့ မောင်ရင်က ပညာတော်တော့ ပညာသင်ဆုတွေ ဘာတွေများ ရခဲ့ဖူးလား၊ ထောက်ပံ့ကြေးတွေ ဘာတွေ ရခဲ့ဖူးလား၊ မင်းတင်ပြထားတဲ့ အချက်တွေထဲမှာ အဲဒါတွေ မပါလို့”

“ ကျနော် ထောက်ပံ့ကြေးတွေ တစ်ခါမှ မရခဲ့ဖူးပါဘူး ခင်ဗျာ”

“ ဒါဆို.. မင်း အဖေက ချမ်းသာလို့လား.. ဒီမှာတော့ အလုပ်သမားလို့ပဲ တွေ့တယ်။ သူက ဘာလုပ်လဲ။ ဘွဲ့ရပြီးတဲ့အထိ သူကပဲ မင်းကို ထောက်ပံ့ခဲ့တာပေါ့ ”

“ ဟုတ်ပါတယ်ဗျ.. အမေ ဆုံးသွားပြီးကတည်းက အဖေကပဲ ထောက်ပံ့ပြီး ကျောင်းထားခဲ့တာပါ ”

“ မင်း အဖေက ဘာလုပ်သလဲ”

“ ပန်းရံဆရာ တစ်ယောက်ပါ ”

ထိုစဉ် ဒါရိုက်တာ တစ်ဦးက..

“ ဒီရှေ့ကို ခဏလောက် လာပါအုံး ” ဟုပြောလိုက်သည်။ လူငယ်လေးက ဒါရိုက်တာအဖွဲ့ထံ သွားလိုက်သည်။

“ မင်းလက်ကို ခဏလောက် ပြစမ်းပါကွာ ”

လူငယ်လေးက သူ့လက်တွေကို ဖြန့်ပြလိုက်သည်။

“ ဟုတ်ပြီ သွားပြန်ထိုင်တော့ ”

သူပြန်ထိုင်ပြီးချိန်တွင် ဒါရိုက်တာတစ်ဦးက..

“ မင်း အဖေအလုပ်က ပြန်လာတဲ့အခါမှာ သူ့လက်တွေကို ကိုင်ကြည့်ဖူးသလား ”

“ ဟင့်အင်း.. မကိုင်ကြည့်ဖူးပါဘူး ”

“ ဒါဆို သူ့လက်တွေကိုရော.. ဆေးပေးဖူးသလား ”

“ မဆေးပေး ဖူးပါဘူး”

“ အေး.. မင်းက ငါတို့ကြိုက်တဲ့ အရည်အချင်းတွေနဲ့ အားလုံး ပြည့်စုံတဲ့သူပါ ။ ဒါပေမဲ့ တစ်ခုပဲ လိုတော့တယ် ။ အဲဒါဘာလဲ ဆိုတော့ မင်းဘက်က တစ်ခု လုပ်ပေးဖို့ပဲ ”

“ ဟုတ်ကဲ့.. ဘာများ လုပ်ပေးရမလဲခင်ဗျာ ”

“ ဒီကနေ အိမ်ပြန်ရောက်ပြီး ညစာစားရင် မင်းအဖေရဲ့ လက်တွေကို ဆေးပေးပါရစေ လို့ တောင်းဆိုပြီး ဆေးပေးပါလား ။

အေး.. ဆေးပေးပြီးရင် ပြီးပါပြီ။ မနက်ဖြန် ဒီကို ပြန်လာပြီး.. မင်းအတွေ့အကြုံလေး ပြောပြပေါ့.. ဟုတ်ပီလား ”

“ ဟုတ်ကဲ့ ”

သို့ဖြင့် ကောင်လေးက အိမ်ပြန်ရောက်သည့်အခါတွင် ထမင်း၊ ဟင်းများ ချက်ပြီး သူ့အဖေ ပြန်အလာကို စောင့်နေသည်။

ဖခင်က အလုပ်မှ ပြန်လာပြီး ဦးထုပ်ကို ချွတ်ကာ ချိတ်လိုက်သည်။

“ အဖေ ”

“ အေး.. ဘာလဲသား.. အလုပ်ခန့်ပြီလား ၊ အဆင်ပြေခဲ့ရဲ့လား”

“ ဒီကို ခဏလောက် လာပါအုံးအဖေ ”

“ ဘာလုပ်မလို့လဲကွ ”

“ ဒီခုံမှာ ခဏလောက် ထိုင်ပေးပါလား ”

“ ဘာများလဲကွာ ”

“ အဖေ့ရဲ့လက်တွေ သားကိုပြပါလား ”

“ ဘာလုပ်မလို့လဲ ”

“ ပြပါအဖေရယ် ”

အဖေဖြစ်သူက သူ့လက်တွေကို ပေးလိုက်သည်။ သားဖြစ်သူက လက်တွေကို ဆွဲယူကာ ကြည့်လိုက်သည်။

လက်ဝါးပြင်ကြီးတွေမှာ ကျွဲပခုံးထသလို အဖုအထစ်တွေနှင့် ဖြစ်နေသည်။ သူက သူ့လက် ဖြူဖြူနုနုလေးနှင့် ပွတ်ကြည့်မိသည်။

ကော်ပတ်ကြမ်းကြီးကို လက်နှင့် ပွတ်သလို ခံစားနေရသည်။ သူ့မျက်ရည်တွေ တစ်ပေါက် ပေါက် ကျလာသည်။

“ ဘာဖြစ်တာလဲ သား ”

“ အလုပ်က သားကို အဖေ့လက်ကို ကိုင်ကြည့်ဖူးသလားတဲ့.. ပြီးတော့ အဖေ့လက်တွေကို ဆေးပေး ဖူးသလားတဲ့ ”

“ ဘာလုပ်မလို့လဲ ”

“ သူတို့ ဘာလုပ်လုပ်ပါ အဖေရယ်.. သားတစ်သက်လုံး အဖေ့လက်တွေကို သတိမထားမိတာ နောင်တရ လိုက်တာ ။

ဘာဖြစ်လို့ အဖေ့လက်လေးတစ်ချက်တောင် ကိုင်ကြည့်ဖို့ စိတ်မကူးမိတာလဲ ၊ ဘာဖြစ်လို့ အဖေ့ လက်လေးတွေကို ဆေးပေးဖို့ စိတ်ကူးထဲ မဖြစ်ခဲ့တာလဲ ”

“ မလိုမှ မလိုတာ သားရယ်.. အဖေက ကိုယ့်လက်ကို ကိုယ်ဆေးနိုင်တာပဲ ဒီလက်တွေက အကောင်းကြီးပဲ ။ ဒီလက်တွေနဲ့ အဖေ အလုပ်တွေ အများကြီး လုပ်နိုင်တာပဲ ”

သားက အဆင့်ပြင်ထားသည့် ရေဇလုံထဲတွင် အဖေ့လက်ကလေးကို နှစ်ခိုင်းလိုက်ပြီး ဆပ်ပြာနှင့်ပွတ်ကာ ဆေးပေးလိုက်သည်။

ထို့နောက် မျက်နှာသုတ်ပဝါနှင့် ပွတ်ပေးကာ

“ အဖေရယ်.. အဖေအများကြီး ပင်ပန်းခဲ့မှာပဲ”

“ ဒါများ အထူးအဆန်းလုပ်လို့ သားရယ်.. သားက ပညာတတ်ကြီးဖြစ်ပြီး ခုဆို အလုပ်နဲ့ အကိုင်နဲ့ ဖြစ်တော့မှာပဲ.. အဖေ ဖြစ်စေချင်တာ အဲဒါပဲကွ.. အဲဒီလို ဖြစ်အောင် အဖေလုပ်နေတာလေ ”

“ အဖေရယ် ”သူက အဖေ့လက်လေးကို ကိုင်ပြီး ငိုနေမိသည်။

“ ဟေ့ကောင် ယောက်ျား ဆိုတာ ဘယ်သူ့ကိုမှ မျက်ရည် မကျပြနဲ့ကွ.. မင်းပျော့ညံ့တာ လူသိသွားလိမ့်မယ် ”

“ အဖေ့ရှေ့မှာ ငိုတာပါ”

“ အဖေ့ရှေ့မှာ မင်းကပိုတောင် မငိုသင့်သေးတယ် ။ မင်းက လိမ္မာ ကြိုးလည်း ကြိုးစားလို့ ဒီလို ဖြစ်ခဲ့တာ မဟုတ်လား ”

“ အဖေသာ မထောက်ပံ့ခဲ့ရင် ဒီလိုအခြေအနေ ရောက်မှာ မဟုတ်ပါဘူးအဖေရာ”

“ အေးလေ.. ရောက်ပြီဆို.. ရှေ့ဆက်ကွာ.. တွေဝေမနေနဲ့.. ထလိုက်.. အဖေထမင်းဆာနေပြီ”

နောက်တစ်နေ့တွင် လူငယ်လေးက ကုမ္ပဏီကို ပြန်ရောက်လာသည်။ ယနေ့တော့ ဒါရိုက်တာကြီး တစ်ဦးကိုသာ သူ တွေ့ဆုံရသည်။

“ မနေ့က အိမ်ပြန်ရောက်တော့ မင်းအဖေလက်ကို ဆေးပေးခဲ့သလား ”

“ ဟုတ်ကဲ့ ”

“ မင်းစိတ်ထဲမှာ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာ ပြောပြစမ်းကွာ ”

“ ကျွန်တော့် စိတ်ထဲမှာ ဖြစ်ခဲ့တာတွေလား ”

“ အေးလေ ”

နံပါတ် ၁.. ကျွန်တော်ခုမှ အဖေ့တန်ဖိုးကို ပိုသိသွားတယ်လို့ ထင်ပါတယ်။ အဖေသာ မရှိခဲ့ရင် ဒီနေ့ ကျွန်တော် ဒီနေရာမှာ ရပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

နံပါတ် ၂.. တစ်ညလုံး တွေးမိတာက အဖေဘာကြောင့် ကျွန်တော့်အတွက်ပဲ လုပ်ခဲ့ပြီး သူ့အတွက် ဘာတစ်ခုမှ မလုပ်ခဲ့သလဲဆိုတာပဲ။

နံပါတ် ၃.. မိသားစုဆိုတာ ဘယ်လို သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ထားတယ် ဆိုတာ ကျွန်တော် ခုမှ ပိုပြီး နားလည် ခဲ့ရပါတယ်။

ဒါရိုက်တာကြီးက သူ့ကို ပြုံးပြီးကြည့်နေလိုက်သည်။ ထို့နောက်

“ ငါတို့ ရှာနေတဲ့ မန်နေဂျာဆိုတာ အဲဒီလို အသိအမြင် အတွေးရှိသူမျိုးပဲကွ ” ဟု ပြောလိုက်သည်။

ထို့နောက် ဆက်ပြောသည်မှာ

“ ပညာတွေ အများကြီး တတ်ထားရုံနဲ့ မပြီးဘူးကွ ။ သူတစ်ပါးအပေါ် နားလည်ခံစားတတ်တဲ့ လူမျိုးတွေလည်း လိုအပ်တယ်။

ကိုယ့်မိသားစုထဲမှာ ကိုယ့်မိဘအပေါ်တောင် နားမလည်နိုင်တဲ့ လူတစ်ယောက်ဟာ အဖွဲ့အစည်း တစ်ခုမှာ မိဘတစ်ယောက်လို ပြန်ပြီးတော့ အုပ်ချုပ်နိုင်ဖို့ ဆိုတာ မလွယ်ဘူး။ ငါတို့က ရင့်ကျက်တဲ့ စိတ်ထား ရှိသူတွေကိုပဲ လိုတယ်။ ပညာတတ်ပြီး နို့နံ့မပျောက်သေးတဲ့ နို့သက်ခံစို့နေသူတွေကို မလိုချင်ဘူး။

ကိုယ့် အဖေရဲ့ ဘဝတစ်ခုကို ပြန်ပြီးခံစားနိုင်ရဲ့လား ဆိုတာကို မင်းကို စစ်ဆေးလိုက်တာ အောင်မြင်ပါတယ်။ မင်းကို ငါတို့ ကုမ္ပဏီက ကြိုဆိုပါတယ် ”

( My Father is a Mason ကို မြန်မာမှုပြုပါသည်။ ) တင်ညွန့်

Zawgyi Version

တခါက ကုမၸဏီႀကီး တစ္ခုတြင္ မန္ေနဂ်ာ ရာထူးအတြက္ လူေတြ႕စစ္ေဆးပြဲကို က်င္းပျပဳလုပ္ေနသည္။

လူငယ္ေလး တစ္ေယာက္ကို ဒါရိုက္တာအဖြဲ႕က ေနာက္ဆုံးအဆင့္ အေနျဖင့္ အင္တာဗ်ဴးရန္ ေခၚေတြ႕သည္။ ဒါရိုက္တာတစ္ဦးက လူငယ္ေလး၏ စီဗြီေဖာင္အား ဖတ္လိုက္ၿပီး သေဘာက်သြားသည္။

ထိုလူငယ္ေလး၏ ပညာအ ရည္အခ်င္းနဲ႕ ႀကိဳးစားအားထုတ္ခဲ့မႈမ်ားမွာ ဘာမွ အျပစ္ေျပာစရာမရွိ။ အလယ္တန္း အဆင့္မွသည္ ဘြဲ႕ရၿပီးသည့္တိုင္ သူ၏ ပညာအရည္အခ်င္းက ထိပ္တန္းအဆင့္တြင္ ရွိေနခဲ့သည္။ ဒါရိုက္တာႀကီးတစ္ဦးက..

“ ဒါနဲ႕ ေမာင္ရင္က ပညာေတာ္ေတာ့ ပညာသင္ဆုေတြ ဘာေတြမ်ား ရခဲ့ဖူးလား၊ ေထာက္ပံ့ေၾကးေတြ ဘာေတြ ရခဲ့ဖူးလား၊ မင္းတင္ျပထားတဲ့ အခ်က္ေတြထဲမွာ အဲဒါေတြ မပါလို႔”

“ က်ေနာ္ ေထာက္ပံ့ေၾကးေတြ တစ္ခါမွ မရခဲ့ဖူးပါဘူး ခင္ဗ်ာ”

“ ဒါဆို.. မင္း အေဖက ခ်မ္းသာလို႔လား.. ဒီမွာေတာ့ အလုပ္သမားလို႔ပဲ ေတြ႕တယ္။ သူက ဘာလုပ္လဲ။ ဘြဲ႕ရၿပီးတဲ့အထိ သူကပဲ မင္းကို ေထာက္ပံ့ခဲ့တာေပါ့ ”

“ ဟုတ္ပါတယ္ဗ်.. အေမ ဆုံးသြားၿပီးကတည္းက အေဖကပဲ ေထာက္ပံ့ၿပီး ေက်ာင္းထားခဲ့တာပါ ”

“ မင္း အေဖက ဘာလုပ္သလဲ”

“ ပန္းရံဆရာ တစ္ေယာက္ပါ ”

ထိုစဥ္ ဒါရိုက္တာ တစ္ဦးက..

“ ဒီေရွ႕ကို ခဏေလာက္ လာပါအုံး ” ဟုေျပာလိုက္သည္။ လူငယ္ေလးက ဒါရိုက္တာအဖြဲ႕ထံ သြားလိုက္သည္။

“ မင္းလက္ကို ခဏေလာက္ ျပစမ္းပါကြာ ”

လူငယ္ေလးက သူ႕လက္ေတြကို ျဖန႔္ျပလိုက္သည္။

“ ဟုတ္ၿပီ သြားျပန္ထိုင္ေတာ့ ”

သူျပန္ထိုင္ၿပီးခ်ိန္တြင္ ဒါရိုက္တာတစ္ဦးက..

“ မင္း အေဖအလုပ္က ျပန္လာတဲ့အခါမွာ သူ႕လက္ေတြကို ကိုင္ၾကည့္ဖူးသလား ”

“ ဟင့္အင္း.. မကိုင္ၾကည့္ဖူးပါဘူး ”

“ ဒါဆို သူ႕လက္ေတြကိုေရာ.. ေဆးေပးဖူးသလား ”

“ မေဆးေပး ဖူးပါဘူး”

“ ေအး.. မင္းက ငါတို႔ႀကိဳက္တဲ့ အရည္အခ်င္းေတြနဲ႕ အားလုံး ျပည့္စုံတဲ့သူပါ ။ ဒါေပမဲ့ တစ္ခုပဲ လိုေတာ့တယ္ ။ အဲဒါဘာလဲ ဆိုေတာ့ မင္းဘက္က တစ္ခု လုပ္ေပးဖို႔ပဲ ”

“ ဟုတ္ကဲ့.. ဘာမ်ား လုပ္ေပးရမလဲခင္ဗ်ာ ”

“ ဒီကေန အိမ္ျပန္ေရာက္ၿပီး ညစာစားရင္ မင္းအေဖရဲ႕ လက္ေတြကို ေဆးေပးပါရေစ လို႔ ေတာင္းဆိုၿပီး ေဆးေပးပါလား ။

ေအး.. ေဆးေပးၿပီးရင္ ၿပီးပါၿပီ။ မနက္ျဖန္ ဒီကို ျပန္လာၿပီး.. မင္းအေတြ႕အႀကဳံေလး ေျပာျပေပါ့.. ဟုတ္ပီလား ”

“ ဟုတ္ကဲ့ ”

သို႔ျဖင့္ ေကာင္ေလးက အိမ္ျပန္ေရာက္သည့္အခါတြင္ ထမင္း၊ ဟင္းမ်ား ခ်က္ၿပီး သူ႕အေဖ ျပန္အလာကို ေစာင့္ေနသည္။

ဖခင္က အလုပ္မွ ျပန္လာၿပီး ဦးထုပ္ကို ခြၽတ္ကာ ခ်ိတ္လိုက္သည္။

“ အေဖ ”

“ ေအး.. ဘာလဲသား.. အလုပ္ခန႔္ၿပီလား ၊ အဆင္ေျပခဲ့ရဲ႕လား”

“ ဒီကို ခဏေလာက္ လာပါအုံးအေဖ ”

“ ဘာလုပ္မလို႔လဲကြ ”

“ ဒီခုံမွာ ခဏေလာက္ ထိုင္ေပးပါလား ”

“ ဘာမ်ားလဲကြာ ”

“ အေဖ့ရဲ႕လက္ေတြ သားကိုျပပါလား ”

“ ဘာလုပ္မလို႔လဲ ”

“ ျပပါအေဖရယ္ ”

အေဖျဖစ္သူက သူ႕လက္ေတြကို ေပးလိုက္သည္။ သားျဖစ္သူက လက္ေတြကို ဆြဲယူကာ ၾကည့္လိုက္သည္။

လက္ဝါးျပင္ႀကီးေတြမွာ ကြၽဲပခုံးထသလို အဖုအထစ္ေတြႏွင့္ ျဖစ္ေနသည္။ သူက သူ႕လက္ ျဖဴျဖဴႏုႏုေလးႏွင့္ ပြတ္ၾကည့္မိသည္။

ေကာ္ပတ္ၾကမ္းႀကီးကို လက္ႏွင့္ ပြတ္သလို ခံစားေနရသည္။ သူ႕မ်က္ရည္ေတြ တစ္ေပါက္ ေပါက္ က်လာသည္။

“ ဘာျဖစ္တာလဲ သား ”

“ အလုပ္က သားကို အေဖ့လက္ကို ကိုင္ၾကည့္ဖူးသလားတဲ့.. ၿပီးေတာ့ အေဖ့လက္ေတြကို ေဆးေပး ဖူးသလားတဲ့ ”

“ ဘာလုပ္မလို႔လဲ ”

“ သူတို႔ ဘာလုပ္လုပ္ပါ အေဖရယ္.. သားတစ္သက္လုံး အေဖ့လက္ေတြကို သတိမထားမိတာ ေနာင္တရ လိုက္တာ ။

ဘာျဖစ္လို႔ အေဖ့လက္ေလးတစ္ခ်က္ေတာင္ ကိုင္ၾကည့္ဖို႔ စိတ္မကူးမိတာလဲ ၊ ဘာျဖစ္လို႔ အေဖ့ လက္ေလးေတြကို ေဆးေပးဖို႔ စိတ္ကူးထဲ မျဖစ္ခဲ့တာလဲ ”

“ မလိုမွ မလိုတာ သားရယ္.. အေဖက ကိုယ့္လက္ကို ကိုယ္ေဆးနိုင္တာပဲ ဒီလက္ေတြက အေကာင္းႀကီးပဲ ။ ဒီလက္ေတြနဲ႕ အေဖ အလုပ္ေတြ အမ်ားႀကီး လုပ္နိုင္တာပဲ ”

သားက အဆင့္ျပင္ထားသည့္ ေရဇလုံထဲတြင္ အေဖ့လက္ကေလးကို ႏွစ္ခိုင္းလိုက္ၿပီး ဆပ္ျပာႏွင့္ပြတ္ကာ ေဆးေပးလိုက္သည္။

ထို႔ေနာက္ မ်က္ႏွာသုတ္ပဝါႏွင့္ ပြတ္ေပးကာ

“ အေဖရယ္.. အေဖအမ်ားႀကီး ပင္ပန္းခဲ့မွာပဲ”

“ ဒါမ်ား အထူးအဆန္းလုပ္လို႔ သားရယ္.. သားက ပညာတတ္ႀကီးျဖစ္ၿပီး ခုဆို အလုပ္နဲ႕ အကိုင္နဲ႕ ျဖစ္ေတာ့မွာပဲ.. အေဖ ျဖစ္ေစခ်င္တာ အဲဒါပဲကြ.. အဲဒီလို ျဖစ္ေအာင္ အေဖလုပ္ေနတာေလ ”

“ အေဖရယ္ ”သူက အေဖ့လက္ေလးကို ကိုင္ၿပီး ငိုေနမိသည္။

“ ေဟ့ေကာင္ ေယာက္်ား ဆိုတာ ဘယ္သူ႕ကိုမွ မ်က္ရည္ မက်ျပနဲ႕ကြ.. မင္းေပ်ာ့ညံ့တာ လူသိသြားလိမ့္မယ္ ”

“ အေဖ့ေရွ႕မွာ ငိုတာပါ”

“ အေဖ့ေရွ႕မွာ မင္းကပိုေတာင္ မငိုသင့္ေသးတယ္ ။ မင္းက လိမၼာ ႀကိဳးလည္း ႀကိဳးစားလို႔ ဒီလို ျဖစ္ခဲ့တာ မဟုတ္လား ”

“ အေဖသာ မေထာက္ပံ့ခဲ့ရင္ ဒီလိုအေျခအေန ေရာက္မွာ မဟုတ္ပါဘူးအေဖရာ”

“ ေအးေလ.. ေရာက္ၿပီဆို.. ေရွ႕ဆက္ကြာ.. ေတြေဝမေနနဲ႕.. ထလိုက္.. အေဖထမင္းဆာေနၿပီ”

ေနာက္တစ္ေန႕တြင္ လူငယ္ေလးက ကုမၸဏီကို ျပန္ေရာက္လာသည္။ ယေန႕ေတာ့ ဒါရိုက္တာႀကီး တစ္ဦးကိုသာ သူ ေတြ႕ဆုံရသည္။

“ မေန႕က အိမ္ျပန္ေရာက္ေတာ့ မင္းအေဖလက္ကို ေဆးေပးခဲ့သလား ”

“ ဟုတ္ကဲ့ ”

“ မင္းစိတ္ထဲမွာ ဘယ္လိုျဖစ္ခဲ့တယ္ ဆိုတာ ေျပာျပစမ္းကြာ ”

“ ကြၽန္ေတာ့္ စိတ္ထဲမွာ ျဖစ္ခဲ့တာေတြလား ”

“ ေအးေလ ”

နံပါတ္ ၁.. ကြၽန္ေတာ္ခုမွ အေဖ့တန္ဖိုးကို ပိုသိသြားတယ္လို႔ ထင္ပါတယ္။ အေဖသာ မရွိခဲ့ရင္ ဒီေန႕ ကြၽန္ေတာ္ ဒီေနရာမွာ ရပ္နိုင္ခဲ့မွာ မဟုတ္ပါဘူး။

နံပါတ္ ၂.. တစ္ညလုံး ေတြးမိတာက အေဖဘာေၾကာင့္ ကြၽန္ေတာ့္အတြက္ပဲ လုပ္ခဲ့ၿပီး သူ႕အတြက္ ဘာတစ္ခုမွ မလုပ္ခဲ့သလဲဆိုတာပဲ။

နံပါတ္ ၃.. မိသားစုဆိုတာ ဘယ္လို သံေယာဇဥ္ေတြနဲ႕ ေႏွာင္ဖြဲ႕ထားတယ္ ဆိုတာ ကြၽန္ေတာ္ ခုမွ ပိုၿပီး နားလည္ ခဲ့ရပါတယ္။

ဒါရိုက္တာႀကီးက သူ႕ကို ၿပဳံးၿပီးၾကည့္ေနလိုက္သည္။ ထို႔ေနာက္

“ ငါတို႔ ရွာေနတဲ့ မန္ေနဂ်ာဆိုတာ အဲဒီလို အသိအျမင္ အေတြးရွိသူမ်ိဳးပဲကြ ” ဟု ေျပာလိုက္သည္။

ထို႔ေနာက္ ဆက္ေျပာသည္မွာ

“ ပညာေတြ အမ်ားႀကီး တတ္ထား႐ုံနဲ႕ မၿပီးဘူးကြ ။ သူတစ္ပါးအေပၚ နားလည္ခံစားတတ္တဲ့ လူမ်ိဳးေတြလည္း လိုအပ္တယ္။

ကိုယ့္မိသားစုထဲမွာ ကိုယ့္မိဘအေပၚေတာင္ နားမလည္နိုင္တဲ့ လူတစ္ေယာက္ဟာ အဖြဲ႕အစည္း တစ္ခုမွာ မိဘတစ္ေယာက္လို ျပန္ၿပီးေတာ့ အုပ္ခ်ဳပ္နိုင္ဖို႔ ဆိုတာ မလြယ္ဘူး။ ငါတို႔က ရင့္က်က္တဲ့ စိတ္ထား ရွိသူေတြကိုပဲ လိုတယ္။ ပညာတတ္ၿပီး နို႔နံ႕မေပ်ာက္ေသးတဲ့ နို႔သက္ခံစို ႔ေနသူေတြကို မလိုခ်င္ဘူး။

ကိုယ့္ အေဖရဲ႕ ဘဝတစ္ခုကို ျပန္ၿပီးခံစားနိုင္ရဲ႕လား ဆိုတာကို မင္းကို စစ္ေဆးလိုက္တာ ေအာင္ျမင္ပါတယ္။ မင္းကို ငါတို႔ ကုမၸဏီက ႀကိဳဆိုပါတယ္ ”

( My Father is a Mason ကို ျမန္မာမႈျပဳပါသည္။ ) တင္ၫြန႔္

Leave a Reply

Your email address will not be published. Required fields are marked *