အဖေ့ရဲ့ မွေးနေ့လေးကို ကျင်းပရင်း ချစ်သူလေးကို ရို့မန့်တစ်ဆန်ဆန်လေးနဲ့ လက်ထပ်ခွင့်တောင်းလိုက်တဲ့ နေရဲ ရဲ့ ဗီဒီယိုဖိုင်
Posted on
ပရိသတ် ကြီးရေ သဇင်ထူးမြင့် နဲ့ နေရဲ တို့နှစ်ယောက် ကတော့ ဇာတ်ပို့ ဟာသ သရုပ်ဆောင် ခင်လှိုင်ရဲ့ သားသမီးတွေ ဖြစ်ပါတယ်။ နေရဲ ကတော့ ​အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ပါ ရိုက်ကူးနေပြီ ဖြစ်တာ တွေ့ရ ပါတယ်။ သရုပ်ဆောင် တစ်ယောက် အဖြစ် ရပ်တည် နေပေမယ့် အဆိုပိုင်း ကိုလည်း ဝါသနာပါ တဲ့နေရဲ ကတော့ အဖေဖြစ်သူ ခင်လှိုင် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးခဲ့တဲ့ ချိုးရုပ် ဇာတ်ကားကြီး မှာလည်း ဇာတ်ဝင် သီချင်းကို နေရဲ သီဆို ခဲ့တာပဲ ဖြစ်ပါ တယ်။
ဒါ့အပြင် မိန်းကလေး ပရိသတ် တွေမက ယောကျာ်းလေး ပရိသတ် တွေရဲ့ အားပေး ဝန်းရံခံရ သူပါ။ ဒီကနေ့ မှာဆိုရင်လည်း နေရဲက သူ အရမ်းချစ်ရတဲ့ ချစ်သူကောင်မလေးကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ ဗီဒီိယိုလေးကို ပြသ လာခဲ့ တာပဲဖြစ်ပါတယ်နော်။ နေရဲက “ကျွန်တော့် ဘဝရဲ့ အမှတ်တရ အဖြစ်ဆုံးနေ့ ကျွန်တော်အရောက်ချင်ဆုံးနေ့……(17.4.2022)ချစ်သူသက်တမ်း ၁၃နှစ်ပြည့် ပြီးနောက်….She said “Yes”💍 ✨ ❤️” ဆိုတဲ့ စာသားလေးနဲ့ အတူ လက်ထပ်ခွင့် တောင်းတဲ့ဗီဒီယို လေးကို ပြသ လာခဲ့ တာပဲ ဖြစ်ပါ တယ်နော်.။
ချစ်သူလေးကို လက်ထပ် ခွင့် တောင်းနေတဲ့ နေရဲကို ကြည့်ပြီး ဦးခင်လှိုင်တို့ မိသားစုဝင် တွေအားလုံး မျက်ရည်ကျတဲ့ အထိ ဝမ်းသာ ပီတိ ဖြစ်နေတာ ကိုလည်း ကြည် နုူးစရာတွေ့မြင် ရပါတယ်နော်။ ချစ်တဲ့ ပရိတ်သတ် တွေ အားကျရအောင် နေရဲတို့ ချစ်သူနှစ်ဦးရဲ့ ဗီဒီယိုလေးကို အခုလိုပဲ တစ်ဆင့် ကူးယူ တင်ဆက်ပေးလိုက် ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာ ပျော်ရွှင်ဖွယ် ကောင်းတဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ပါစေ…။
Zawgyi
Leave a Reply
Your email address will not be published.