အမိုးအကာမလုံတဲ့ အိမ်လေးမှာနေပြီး အဝတ်လျှော်ကာ ဝမ်းရေးခက်ခက်ခဲခဲဖြေရှင်းနေရရှာတဲ့ အဖွားတစ်ယောက်ကို ကူညီထောက်ပံ့ခဲ့တဲ့ မေနွယ်ထွန်း (Sweet)

Posted on

ပရိသတ် ကြီးရေ မေနွယ်ထွန်း ကတော့ ပရိသတ် တွေရဲ့ ချစ်ခင် အားပေးမှုကို ရရှိ ထားတဲ့ ပရိသတ် အချစ်တော် အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရိုးသားပြီး ပွင့်လင်းတဲ့ အပြင် အလှူအတန်း ရက်ရောပြီး ခက်ခဲနေတဲ့ သူတွေ တိုင်းကို ကူညီ တတ်တဲ့ စိတ်ထားလေးကြောင့် ပရိသတ် တွေရဲ့ ချစ်ခင် မှုကို အခိုင်အမာ ရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။

ဒီနေ့ မှာလည်း Sweetက မွန်မြတ်လှတဲ့ အလှူလေး တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ မနေ့ ကတော့ Sweetက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ “အမိုးအကာမရှိ နေတာ အဝတ် လျှော်တဲ့ အဖွား တယောက် အဲ့ထဲမှာ မိသားစုတွေ ပေါင်းနေကြတာ အဲ့အဖွားက အခု အဝတ်မလျှော် နိုင်တော့လို့ ကျွန်မ ကအမြဲ အစဉ် မပြေတဲ့သူတွေ ကူနေ ကြဆိုတော့ အကူညီ လာတောင်းပါတယ်။ တစ်ပူပေါ် နှစ်ပူ ဆင့်လို့ အဲ့ထဲမှာ အရွယ် မရောက်သေးတဲ့ ကလေးကို ဦးလေး လုပ်သူက မကောင်းတာ ကြံလို့တဲ့ ရှင် အချိန်မှီ သိလိုက် ရလို့ပေါ့။ စိတ်တွေလဲ ညစ်ပါ တယ်နော်။ ကျွန်မ အဲ့တာနဲ့ အဲ့မလုံတဲ့ အိမ်ကို ပြင်လို့ ရအောင် ကိုယ်တိုင် သွားရောက် လှူတန်းမှာ ဖြစ်ပါတယ်။” ဆိုပြီး ရေးသား မျှဝေထားခဲ့ ပါတယ်။

ဒီနေ့ မှာတော့ Sweetက သူကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်း ပေးခဲ့ပြီး သွားရောက် လှူဒါန်းခဲ့ပုံကို ပါဝင် လှူဒါန်း ပေးတဲ့ အလှူရှင် တွေလည်း ပီတိ ကုသိုလ်တွေ ရရှိ စေဖို့ မျှဝေ ထားခဲ့ ပါတယ်။ ပရိသတ် ကြီးတွေ အတွက် ဒီဗီဒီယို လေးကို ပြန်လည် မျှဝေ ဖော်ပြ ပေးလိုက် ပါတယ်နော်။

Zawgyi

ပရိသတ္ ႀကီးေရ ေမႏြယ္ထြန္း ကေတာ့ ပရိသတ္ ေတြရဲ႕ ခ်စ္ခင္ အားေပးမႈကို ရရွိ ထားတဲ့ ပရိသတ္ အခ်စ္ေတာ္ အႏုပညာရွင္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ႐ိုးသားၿပီး ပြင့္လင္းတဲ့ အျပင္ အလႉအတန္း ရက္ေရာၿပီး ခက္ခဲေနတဲ့ သူေတြ တိုင္းကို ကူညီ တတ္တဲ့ စိတ္ထားေလးေၾကာင့္ ပရိသတ္ ေတြရဲ႕ ခ်စ္ခင္ မႈကို အခိုင္အမာ ရရွိထားတဲ့ သူလည္း ျဖစ္ပါတယ္။

ဒီေန႔ မွာလည္း Sweetက မြန္ျမတ္လွတဲ့ အလႉေလး တစ္ခုကို ျပဳလုပ္ခဲ့ ပါတယ္။ မေန႔ ကေတာ့ Sweetက သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာ ကေန “အမိုးအကာမရွိ ေနတာ အဝတ္ ေလွ်ာ္တဲ့ အဖြား တေယာက္ အဲ့ထဲမွာ မိသားစုေတြ ေပါင္းေနၾကတာ အဲ့အဖြားက အခု အဝတ္မေလွ်ာ္ ႏိုင္ေတာ့လို႔ ကြၽန္မ ကအၿမဲ အစဥ္ မေျပတဲ့သူေတြ ကူေန ၾကဆိုေတာ့ အကူညီ လာေတာင္းပါတယ္။ တစ္ပူေပၚ ႏွစ္ပူ ဆင့္လို႔ အဲ့ထဲမွာ အ႐ြယ္ မေရာက္ေသးတဲ့ ကေလးကို ဦးေလး လုပ္သူက မေကာင္းတာ ႀကံလို႔တဲ့ ရွင္ အခ်ိန္မွီ သိလိုက္ ရလို႔ေပါ့။ စိတ္ေတြလဲ ညစ္ပါ တယ္ေနာ္။ ကြၽန္မ အဲ့တာနဲ႔ အဲ့မလုံတဲ့ အိမ္ကို ျပင္လို႔ ရေအာင္ ကိုယ္တိုင္ သြားေရာက္ လႉတန္းမွာ ျဖစ္ပါတယ္။” ဆိုၿပီး ေရးသား မွ်ေဝထားခဲ့ ပါတယ္။

ဒီေန႔ မွာေတာ့ Sweetက သူကိုယ္တိုင္ ကိုယ္က် သြားေရာက္ လႉဒါန္း ေပးခဲ့ၿပီး သြားေရာက္ လႉဒါန္းခဲ့ပုံကို ပါဝင္ လႉဒါန္း ေပးတဲ့ အလႉရွင္ ေတြလည္း ပီတိ ကုသိုလ္ေတြ ရရွိ ေစဖို႔ မွ်ေဝ ထားခဲ့ ပါတယ္။ ပရိသတ္ ႀကီးေတြ အတြက္ ဒီဗီဒီယို ေလးကို ျပန္လည္ မွ်ေဝ ေဖာ္ျပ ေပးလိုက္ ပါတယ္ေနာ္။

Leave a Reply

Your email address will not be published.