အမေရိကန် ဒေါ်လာ $100 တန် အတုအစစ် ဘယ်လို ခွဲမလဲ…?

Posted on

ဒေါ်လာဆိုတာ လူတို င်းမြင်ဖူးကြားဖူး ကြမှာပါ။ အတုအ စစ်တော့ လူတိုင်းခွဲတ က်လိမ့်မယ် မထင်ပါဘူး။တကယ်လို့များ လက်ထဲရောက် လာခဲ့ရင် စစ်ဆေးကြည့်လို့ ရအောင်ပါ။

ဒေါ်လာ $100 တန် က ပုံစံ အဟောင်းတွေ၊ အသစ်တွေ ရှိပါတယ်… အခုပြောပေးမှာက 2013 ကနေ အခုလက်ရှိထိ ထုတ်ထားတဲ့ ပိုက်ဆံ အသစ်တွေ အတွက် ဖြစ်ပါတယ်… အောက်ပါ ၅ နေရာကို စစ်ဆေးပေးရပါမယ်။

၁။ လုံခြုံရေးကြိုး

ပိုက်ဆံကို နောက်ကနေ မီးရောင် သို့မဟုတ် ဓာတ်မီး နဲ့ ထိုးကြည့်ပါ။ အထဲမှာ လုံခြုံရေးကြိုးကို တွေ့ရပါမယ်။ အဲ့ကြိုးထဲမှာ “100” ရယ်၊ “USA” ရယ်ဆိုပြီး တလှည့်ဆီ ရေးထားပါလိမ့်မယ်။ ခရမ်းလွန်ရောင်ခြည်မီး (UV Light) နဲ့ထိုးကြည့်မယ်ဆိုရင်တော့ ကြိုးက ပန်းရောင် အဖြစ်ပြောင်းသွားရပါမယ်။

၂။ ဖောင်းကြွ လုံးခြုံရေးကြိုး

သူကတော့ သိသိသာသာကို မြင်တွေ့နိုင်ပါတယ်။ ထူးခြားချက်က အဲ့ကြိုးကို စိုက်ကြည့်ပြီး ပိုက်ဆံကို ဘယ်ညာ လှုပ်ကြည့်ကြည့်ပါ။ အထဲက ခေါင်းလောင်းပုံရယ်၊ 100 စာသားလေးတွေက အပေါ်အောက် ပြေးနေကြပါမယ်။ ထို့အတူ ပိုက်ဆံကို အပေါ်အောက် လှုပ်ကြည့်မယ်ဆိုရင်တော့၊ ခေါင်းလောင်းရယ်၊ 100 ရယ်တွေက ဘယ်ညာပြေးနေကြပါလိမ့်မယ်။ နောက်ပြီး ဒီကြိုးက ပိုက်ဆံပေါ်မှာ ကပ်ထားတာမျိုးမဟုတ်ပဲ ပိုက်ဆံအသား အတွင်းမှာ မြှုတ်နေတာ ဖြစ်ရပါမယ်။

၃။ အရောင်ပြေးခေါင်းလောင်း

ပိုက်ဆံကို လှုပ်ကြည့်ရင် အဲ့ခေါင်းလောင်းက အစိမ်းရောင်လိုလို၊ ကြေးနီရောင်လိုလိုနဲ့ အရောင်ပြေးနေရပါမယ်။ သူ့ နောက်ခံ ကြေးနီရောင် (မှင်အိုးပုံ) နဲ့ ရောရောသွားပြီး၊ ခေါင်းလောင်းက ပျောက်သွားလိုက်၊ ပေါ်လာလိုက် မျိုး ဖြစ်နေရပါမယ်။

၄။ ရေစာ

ဒါကတော့ သိပ်မထူးဆန်းပါဘူး။ အလင်းရောင်ထဲ ထောင်ကြည့်ရင် ရေစာအနေနဲ့ Bamjamin ပုံပေါ်လာရပါမယ်။

၅။ အရောင်ပြေး 100

နောက်ဆုံး စစ်ခိုင်းတဲ့နေရာကတော့ အရောင်းပြေးနေတဲ့ 100 ဆိုတဲ့ စာသားပါ။ ပိုက်ဆံကို လှုပ်ကြည့်ရင် အဲ့စာသားက အစိမ်းရောင်လိုလို၊ ကြေးနီရောင်လိုလိုနဲ့ ပြေးနေရပါမယ်။ နောက် လက်နဲ့ ပွတ်ကြည့်ရင် အဲ့စာလုံးတွေ ဖောင်းကြွဖြစ်နေတဲ့ အရသာမျိုးကို ခံစားနိုင်မှာပါ။

ဒီနေ့တော့ ဘာရယ် မဟုတ်ဘူး ဒေါ်လာ အတု အစစ် ဘယ်လိုခွဲတယ် ဆိုတာ US အစိုးရ ကိုယ်တိုင် ဘယ်လို ညွှန်ကြား ထားတယ်ဆိုတာ သိချင်လာ တာနဲ့ ရှာဖတ်ြ ကည့်မိပြီး ဒီ Post လေး ရေးဖြစ်လိုက်ပါတယ်။ ပိုက်ဆံတွေ သုံးနေကြပေမယ့် ဒီလို စနစ်တကျ စစ်ဆေးပုံ ကိုတော့ အခုမှ သင်ယူမိလို့ အသုံးတည့်တယ် ထင်လို့ပါ။ အသုံးလည်းတ ည့်နိုင်ကြပါစေ။ ပညာဒါနပေါ့။

ကိုးကား https://www.uscurrency.gov/denominations/100

Zawgyi Version

ေဒၚလာဆိုတာ လူတို င္းျမင္ဖူးၾကားဖူး ၾကမွာပါ။ အတုအ စစ္ေတာ့ လူတိုင္းခြဲတ က္လိမ့္မယ္ မထင္ပါဘူး။တကယ္လို႔မ်ား လက္ထဲေရာက္ လာခဲ့ရင္ စစ္ေဆးၾကည့္လို႔ ရေအာင္ပါ။

ေဒၚလာ $100 တန္ က ပုံစံ အေဟာင္းေတြ၊ အသစ္ေတြ ရွိပါတယ္… အခုေျပာေပးမွာက 2013 ကေန အခုလက္ရွိထိ ထုတ္ထားတဲ့ ပိုက္ဆံ အသစ္ေတြ အတြက္ ျဖစ္ပါတယ္… ေအာက္ပါ ၅ ေနရာကို စစ္ေဆးေပးရပါမယ္။

၁။ လုံျခဳံေရးႀကိဳး

ပိုက္ဆံကို ေနာက္ကေန မီးေရာင္ သို႔မဟုတ္ ဓာတ္မီး နဲ႔ ထိုးၾကည့္ပါ။ အထဲမွာ လုံျခဳံေရးႀကိဳးကို ေတြ႕ရပါမယ္။ အဲ့ႀကိဳးထဲမွာ “100” ရယ္၊ “USA” ရယ္ဆိုၿပီး တလွည့္ဆီ ေရးထားပါလိမ့္မယ္။ ခရမ္းလြန္ေရာင္ျခည္မီး (UV Light) နဲ႔ထိုးၾကည့္မယ္ဆိုရင္ေတာ့ ႀကိဳးက ပန္းေရာင္ အျဖစ္ေျပာင္းသြားရပါမယ္။

၂။ ေဖာင္းႂကြ လုံးျခဳံေရးႀကိဳး

သူကေတာ့ သိသိသာသာကို ျမင္ေတြ႕နိုင္ပါတယ္။ ထူးျခားခ်က္က အဲ့ႀကိဳးကို စိုက္ၾကည့္ၿပီး ပိုက္ဆံကို ဘယ္ညာ လႈပ္ၾကည့္ၾကည့္ပါ။ အထဲက ေခါင္းေလာင္းပုံရယ္၊ 100 စာသားေလးေတြက အေပၚေအာက္ ေျပးေနၾကပါမယ္။ ထို႔အတူ ပိုက္ဆံကို အေပၚေအာက္ လႈပ္ၾကည့္မယ္ဆိုရင္ေတာ့၊ ေခါင္းေလာင္းရယ္၊ 100 ရယ္ေတြက ဘယ္ညာေျပးေနၾကပါလိမ့္မယ္။ ေနာက္ၿပီး ဒီႀကိဳးက ပိုက္ဆံေပၚမွာ ကပ္ထားတာမ်ိဳးမဟုတ္ပဲ ပိုက္ဆံအသား အတြင္းမွာ ျမႇုတ္ေနတာ ျဖစ္ရပါမယ္။

၃။ အေရာင္ေျပးေခါင္းေလာင္း

ပိုက္ဆံကို လႈပ္ၾကည့္ရင္ အဲ့ေခါင္းေလာင္းက အစိမ္းေရာင္လိုလို၊ ေၾကးနီေရာင္လိုလိုနဲ႔ အေရာင္ေျပးေနရပါမယ္။ သူ႔ ေနာက္ခံ ေၾကးနီေရာင္ (မွင္အိုးပုံ) နဲ႔ ေရာေရာသြားၿပီး၊ ေခါင္းေလာင္းက ေပ်ာက္သြားလိုက္၊ ေပၚလာလိုက္ မ်ိဳး ျဖစ္ေနရပါမယ္။

၄။ ေရစာ

ဒါကေတာ့ သိပ္မထူးဆန္းပါဘူး။ အလင္းေရာင္ထဲ ေထာင္ၾကည့္ရင္ ေရစာအေနနဲ႔ Bamjamin ပုံေပၚလာရပါမယ္။

၅။ အေရာင္ေျပး 100

ေနာက္ဆုံး စစ္ခိုင္းတဲ့ေနရာကေတာ့ အေရာင္းေျပးေနတဲ့ 100 ဆိုတဲ့ စာသားပါ။ ပိုက္ဆံကို လႈပ္ၾကည့္ရင္ အဲ့စာသားက အစိမ္းေရာင္လိုလို၊ ေၾကးနီေရာင္လိုလိုနဲ႔ ေျပးေနရပါမယ္။ ေနာက္ လက္နဲ႔ ပြတ္ၾကည့္ရင္ အဲ့စာလုံးေတြ ေဖာင္းႂကြျဖစ္ေနတဲ့ အရသာမ်ိဳးကို ခံစားနိုင္မွာပါ။

ဒီေန႔ေတာ့ ဘာရယ္ မဟုတ္ဘူး ေဒၚလာ အတု အစစ္ ဘယ္လိုခြဲတယ္ ဆိုတာ US အစိုးရ ကိုယ္တိုင္ ဘယ္လို ညႊန္ၾကား ထားတယ္ဆိုတာ သိခ်င္လာ တာနဲ႔ ရွာဖတ္ျ ကည့္မိၿပီး ဒီ Post ေလး ေရးျဖစ္လိုက္ပါတယ္။ ပိုက္ဆံေတြ သုံးေနၾကေပမယ့္ ဒီလို စနစ္တက် စစ္ေဆးပုံ ကိုေတာ့ အခုမွ သင္ယူမိလို႔ အသုံးတည့္တယ္ ထင္လို႔ပါ။ အသုံးလည္းတ ည့္နိုင္ၾကပါေစ။ ပညာဒါနေပါ့။

ကိုးကား https://www.uscurrency.gov/denominations/100

Leave a Reply

Your email address will not be published. Required fields are marked *