နား ဆိုတာ အခြားသောသူတွေနဲ့ ရေလည် ရှင်းလင်းအောင်ပြောဆို တဲ့နေရာမှာ မုချ လိုအပ်သလို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြောဆိုနေကြတဲ့ အသံတွေကိုလည်း အဲ့ဒီနားရှိမှသာ ကြား သိနိုင်တာပါ။ ဒါပေမဲ့ တရုတ် အမျိုးသမီးတစ်ဦးဟာ အမျိုးသမီး အသံကိုသာကြားနိုင်ပြီး အမျိုးသားတွေရဲ့ အသံကို မကြားနိုင်တဲ့ ရှားပါး အခြေအနေ တစ်ခုကို တွေ့ရှိထားပါတယ်။
Chen လို့ခေါ်တဲ့ တရုတ် အမျိုသမီး တစ်ဦးဟာ ညအချိန် အော့အန်ခဲ့ပြီး သူမရဲ့နားထဲမှာ မြည်သံကြားနေရတာကြောင့် တစ်ခုခုတော့ မှားနေပြီဆိုပြီး သူမ သိနေခဲ့ပါတယ်။ မနက်နိုးလာတော့ သူမရဲ့ ချစ်သူကောင်လေးအသံကို မကြားနိုင်တော့ပါဘူး။
သူမချက်ချင်းဘဲ ဆေးကုသမှုခံယူပြီး ဆရာဝန်က သူမဟာ reverse-slope hearing loss ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ သူမက အသံကြယ်လောင်စွာပြောမှသာ ကြားနိုင်တော့တာပါ။ Reverse-Slope hearing loss (RSHL) ကို Low-frequency hearing loss လို့လည်းခေါ်ပါတယ်။
Dr.Lin Xiaoqing က Chenကို စစ်ဆေးခဲ့ပြီး “အဲ့ဒီ အမျိုးသမီးက ကျွန်မပြောသမျှအသံတွေကို ကြားနိုင်တယ်။ ဒါပေမဲ့ လူနာကောင်လေးတစ်ဦးရဲ့ အသံကိုတော့ သူမ မကြားနိုင်ခဲ့ပါဘူး” လို့ ဆရာဝန်က ပြောလာခဲ့ပါတယ်။
ဆရာဝန် ရဲ့ပြောဆိုချက်အရ Chen အလုပ်လုပ်နေတဲ့ အတော အတွင်းမှာ လုံလောက်စွာ အိမ်စက်ခြင်းမရှိဘဲ အလုပ်ကို အချိန်ကြာကြာလု ပ်ဆောင်ခဲ့ခြင်းကြောင့် အခုလို မျိုးခံစားရတာဖြစ်ပါတယ်။
ဆရာဝန် ကတော့ အဲ့ဒီအမျိုးသမီး ပုံမှန်အခြေအနေတစ်ခုပြန်ရောက်နိုင်ကြောင်း ယုံကြည်ထားပါတယ်။ Chen ရဲ့အခြေအနေ ကောင်းမွန်လာဖို့ အတွက် ကောင်းစွာအနားယူပြီး သူမကိုယ်တိုင် စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ လိုအပ်ပါတယ်။