အမှုကိစ္စတွေပြီးဆုံးသွားပြီးနောက် ဝေးကွာနေတဲ့ အနုပညာမောင်နှမတွေနဲ့ ပြန်လည်ပြီးတွေ့ခွင့်ရတဲ့အတွက် ပျော်ရွှင်နေတဲ့ ပုံလေးတွေမျှဝေလာတဲ့ အစ္စဏီ

Posted on

သီချင်း အေးအေး လေးတွေကို အသံ ချိုချို လေးနဲ့ သီဆိုတဲ့ အစ္စဏီက အဆိုတော်ကောင်း တစ်ယောက် ဖြစ်တာကြောင့် သူရဲ့ သီချင်းတွေက အခုချိန်ထိ ပရိသတ်တွေ ကြားမှာ ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ သူရဲ့ အမှား တစ်ခုကြောင့် ဖမ်းဆီး ချုပ်နှောင်ခံခဲ့ ရပြီး မကြာသေး မီကမှ လွတ်လာ တာလည်း ဖြစ်ပါတယ်။

အခုဆို ဘဝ အသစ်ကို ပြန်စရင်း အေးအေး ဆေးဆေးနဲ့ အကောင်းဆုံး ဖြတ်သန်းနေတာ ဖြစ်ပြီး သူ့ရဲ့ မိခင်နဲ့ အတူ အလုပ်တွေ ဝိုင်းကူ လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ် တွေကလည်း အစ္စဏီကို အခုချိန် အထိ ချစ်ခင် နေကြ ဆဲဖြစ်သလို အားပေး စကားတွေနဲ့ ခွန်အားတွေ ပေးလျက်ရှိပါတယ် ။

အခုလည်း အစ္စဏီက ဂီတရပ်ဝန်းက မောင်နှမတွေနဲ့ အတူ ပြန်လည် တွေ့ဆုံရလို့ အတိုင်းမသိ ပီတိ ဖြစ်ရကြောင်း တွေကို ပုံတွေနဲ့တကွ ” ဒီပွဲလေးက ကျွန်တော့် အတွက် အမှတ်တရ အဖြစ်ရဆုံး ပွဲလေး တစ်ပွဲပါပဲ❤❤❤ အရမ်းကို ဝမ်းသာ ပျော်ရွှင်ခဲ့ ရတယ် ကျွန်တော် လွမ်းနေခဲ့ ရတဲ့ သူတွေ နဲ့လဲ ဆုံခဲ့ရတယ် ❤❤။

Congratulations ပါ ညီမလေးနဲ့ ညီလေးရေ ❤❤လူဆိုတာ ကိုယ့်ကို ချစ်ခင် တန်ဖိုးထားမယ် ကိုယ့်ကလဲ ချစ်ခင်မယ် ဆိုတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရတာ နေပျော် ပါပီ ဗျာ ❤❤ ” ခုလို ရေးသား ဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှ ပေးလိုက်ပါတယ် ။

Zawgyi





Leave a Reply

Your email address will not be published.