အရမ်းရှက်တတ်တဲ့ချစ်သူဒေါက်တာလေးရဲ့ မထင်မှတ်ထားတဲ့ လုပ်ရပ်တစ်ခုကြောင့် အံ့ဩဝမ်းသာနေတဲ့ မေမီကိုကို

Posted on

ပရိသတ် တွေ ချစ်ခင် အားပေး ရတဲ့ သရုပ်ဆောင် မေမီကိုကို ကတော့ mrtv 4 ဇာတ်လမ်းတွဲ ကနေ လူသိများ လာခဲ့ပြီး အောင်မြင်နေတဲ့ သူတစ်ယောက်ပါ။ပျားရည်အိုင် ဇာတ်လမ်းတွဲမှာ မြိုင်အနေနဲ့ သရုပ်ဆောင် ထားပြီး ပရိသတ်တွေ အကြိုက် တွေ့နေတာ လည်း ဖြစ်ပါတယ်။ မေမီကိုကို ကတော့ မကြေးစည်ဇာတ်လမ်းတွဲ ကနေ ပရိသတ်တွေရဲ့ အားပေးမှု အပြည့်အဝ ထပ်မံ ရရှိခဲ့ တာဘဲ ဖြစ်ပါတယ်။

မကြာသေး မီကဘဲ သရုပ်ဆောင် မေမီကိုကို ကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြ ထားတာဘဲ့ ဖြစ်ပါတယ်။ သူမရဲ့ချစ်သူ ကတော့ ဆရာဝန် တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ကျော်ဇော်ဟိန်းနဲ့ ချစ်သူတွေ ဖြစ်နေ ကြပြီး ချစ်သူ သက်တမ်း နှစ်နှစ် ပြည့်ပြီလည်း ဖြစ်ပါတယ်။

ဒီနေ့ မှာတော့ တခုခုဆို အရမ်း ရှက်တတ်တဲ့ ချစ်သူ ဒေါက်တာ လေးက စုံတွဲပုံလေးတွေ တင်လာတာ ကြောင့် သရုပ်ဆောင် မေမီကိုကိုက ဝမ်းသာနေတာ ဘဲ့ဖြစ်ပါတယ်။ မေမီကိုကိုက ” တစ်ခုခုဆို အရမ်း ရှက်တတ် သူလေး ပုံတွေ တင်နေပြီပေါ့ ဆိုတဲ့ စာလေးနဲ့ အတူ ချစ်သူလေး တင်ထားတဲ့ ပုံလေးကို ပြသလာခဲ့ တာပဲ ဖြစ်ပါ တယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.