အရမ်းအဆော့သန်တဲ့ Pilar လေးကို ကစားနည်းအသစ်လေးထွင်ပြီး ဆော့ပေးနေရရှာတဲ့ ချမ်းချမ်း

Posted on

ပရိသတ် ကြီးရေ အဆိုတော် ချမ်းချမ်း ကိုတော့ အထူးအထွေ မိတ်ဆက် ပေးစရာ မလိုအောင် ချစ်ခင် ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်.။ ချမ်းချမ်း ကတော့ အသံပါဝါ အားကောင်းကောင်းနဲ့ အောင်မြင် ကျော်ကြားတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် တစ်ဦး ဆိုလည်း မမှားပါဘူးနော်.။

လက်ရှိ မှာတော့ ချမ်းချမ်းက ခင်ပွန်း ဖြစ်သူနဲ့ အတူ အီတလီမှာ အခြေချ နေထိုင်နေပြီး သမီးငယ်လေး ပီလာကို ထိန်းရင်း သူမရဲ့ နေ့ရက် တွေကို ပျော်ရွှင်အေး ချမ်းစွာ ဖြတ်သန်းနေ သူပဲ ဖြစ်ပါ တယ်.။ ဒီနေ့ လေးမှာ ချမ်းချမ်းက သူမရဲ့ သမီးလေး ပီလာနဲ့ ကစားနည်း အသစ်လေး အတူ ဆော့ကာ ပြုံးပျော် နေတဲ့ ဗီဒီယိုဖိုင် လေးကို “ဒီနေ့ သားအမိတွေ မေမေထွင် ပေးထားသော လှည်းနဲ့ ” ဆိုပြီး သူမရဲ့ လူမှု ကွန်ရက် စာမျက်နှာ ပေါ်မှာ တင်လာခဲ့ ပါတယ်.။

ချစ်စရာ ကောင်းပြီး အဆော့သန်သူ သမီးငယ်လေး ပီလာ အတွက် မေမေ ချမ်းချမ်း တစ်ယောက် ကစားနည်းအသစ်တွေ ထွင်ပြီး ဆော့ပေး နေရတော့ တာပါပဲနော်.။ ပရိသတ်ကြီး အတွက်လည်း ချမ်းချမ်းရဲ့ ကစားနည်း အသစ်နဲ့ သမီးကို အတူဆော့ပေးနေတဲ့ ဗီဒီယိုလေးကို ပြန်လည် မျှဝေ ပေးလိုက် ပါတယ်.။

Zawgyi




Leave a Reply

Your email address will not be published.