အရွယ်ရောက်ပီးတဲ့ အမျိုးသမီးတိုင်း သိထားသင့်တဲ့ ရင်သားနာကျင်ခြင်း အကြောင်း
Posted on
အမျိုး သမီးတိုင်း အမျိုးသ မီးတိုင်းမှာ ရင်သား အလှဟာ ဆန့်ကျင်ဘ က်လိင်ကို စွဲဆောင် တဲ့နေရာမှာ အလွန်အ သုံးဝင်ပါတယ်။ ဒါကြောင့် အပျိုဖော်ဝင်ပြီဆို ကတည်းက ရင်သားအလှကို ဂရုစိုက်တ တ်ကြပြီး၊ တစ်ခါတလေ ရင်သား ရဲ့ တစ်နေရာရာက သို့မဟုတ်၊ အသီးေ လးတွေမှာ နာကျင်ခံ ရခက်တာမျိုး ဖြစ်တတ်ပါတယ်။
တစ်ချို့ ရင်သားနာကျ င်ခြင်းကတော့ ပြဿ နာမ ရှိပေမယ့် တစ်ချို့တွေကတော့ အမျိုးသမီးတွေ အ သက်တမျှ အရေးပါပါတယ်။ ဒီတော့အမျိုးသမီးတွေ ရင်သားနာကျင်ခြင်းကို အကြောင်းအရင်းနဲ့ ဆေး ကုသဖို့ လိုအပ်တဲ့ အခြေအေ နတွေကို အသိပေး ဖော်ပြလိုက်ပါတယ်။
(၁) ဓမ္မတာလာသည့်အချိန်
ဓမ္မတာလာ သည့်အချိန်မှာ သင့်ရဲ့ နို့သီးခေါင်းလေးေ တွ နာတာမျိူး ကြုံဖူးပါလိမ့်မယ်၊ ဒီနာကျင် မှုဟာ တစ်ခါတေ လ စူးစူးဝါးဝါး ဖြစ်တတ်ပါတယ်။ ဒီအခြေအနေဟာ အမျိုးသမီးတစ်ဦး ချင်းဆီမှာ ဖြစ်တဲ့ အလေ့အ ထနဲ့ပဲ ဆိုင်ပြီး စိုးရိမ်ဖို့တော့ မရှိပါဘူး။ ဓမ္မတာလာသ ည့်ရက် ကျော်သွားရင်တော့ နာကျင်မှု ပျောက်သွားတတ်ပါတယ်။
(၂) ကိုယ်ဝန်ဆောင်သည့်အချိန်
ရင်သား/ နို့သီးခေါ င်းလေးတွေ နာကျင်မှုဖြစ်စေတဲ့ ဒုတိယအကြောင်း အရင်ကတော့ ကိုယ်ဝန်ဆော င်တဲ့ အချိန်ပါ။ ဒီအချိန်မှာ Pre-period Hormone တွေက ရင်သား/နို့သီးနာကျင်မှုကို ဖြစ်စေပါတယ်။
ဒါ့အပြင် ဒီဟိုမုန်း ဓာတ်တွေကပဲ ဗိုက်ထဲက ကလေးငယ် ကို ဘေးကင်းအောင်၊ ကျန်းမာစွာ ဖွံ့ဖြိုးအောင် တစ်ဖက်တစ်လမ်းက ထောက်ပံ့မှုတွေ ပေးပါတယ်။ ဒါပေမယ့် ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတွေပါ တွဲလျှက်ပါလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
(၃) ရင်သားအကြိတ်/အခဲ/အဆီဖုများ
ရင်သားအ တွင်းပိုင်းမှာ အကြိတ်/အခဲ/အဆီဖု/ပြည်တ ည်နာ စတဲ့အရာတွေ ရှိတယ်ဆို ရင်လည်း ရင်သားကို နာကျင်မှုတွေ ပေးပါတယ်။ တစ်ချို့ကတော့ စမ်းကြည့်ရုံနဲ့ သိနိုင်တဲ့ အနေအထားမ ဟုတ်ကြပါဘူး။ ဒါကြောင့် အထက်ပါ အကြောင်းရင်းနှစ်ခုနဲ့ မတိုက်ဆိုင်ပဲ၊ ရင်သားအတွင်းပိုင်းမှာ စူးစူးရှရှ နာတယ်ဆိုရင်တော့ ဆရာဝန်ကို ပြသသင့်ပါတယ်။
(၄) ဒဏ်ရာရခြင်း
ထိခိုက်ဒ ဏ်ရာ ရရှိခြင်းကြောင့်လည်း ရင်သားကို နာကျင်စေပါ တယ်။ တစ်ခါတလေ ရင်သားကို သက်ရောက်စေတဲ့ နံရိုးထိခို က်ဒဏ်ရာရမှု စတဲ့အခြေအနေကြောင့်လည်း ရင်သားကို နာကျင်တာမျိုး ဖြစ်စေပါတယ်။ ဒဏ်ရာရပြီး နှစ်ရက်ေ လာက်နေမှ နာကျင်မှုခံစားရတာ မျိုးလည်း ဖြစ်တတ်ပါတယ်။ ဆရာဝန်ကို ပြသသင့်ပါတယ်။
(၅) ကလေးနို့တိုက်ခြင်း
ကလေးနို့တိုက် သူတွေမှာ ခံစားရလေ့ရှိတဲ့ ရင်သားနာကျင်မှုတွေမှာ ယေဘုယျအားဖြင့်တော့ နို့လမ်းကြောင်းပိတ်ဆို့ခြင်းမှ နို့ရည်များ အတွင်းမှာ ခဲပြီး ပြည်တည်နာဖြစ်ခြင်း၊ ကလေးသွားကိုက်တာကို ခံရခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မိမိရဲ့ ပင်ကိုယ်အသိအရ ရင်သားနာကျင်ခြင်းဟာ ကလေးနို့တိုက်ခြင်းနဲ့ မသက်ဆိုင်ဘူးလို့ ယူဆရင်တော့ ဆရာဝန် ပြသသင့်ပါတယ်။
(၆) အိမ်သုံးဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ
အ များစုကတော့ ပါရာစီတမော လ်ကဲ့သို့သော အိမ်သုံးေ ဆးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ သောက်လို့ရတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ မည်သည့်ဆေးမျှ ဆရာဝန်ညွှန်ြ ကားချက်မပါဘဲ မသုံးသင့်ပါ။
ဒီလို ဆေးတွေကို သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးထဲမှာ ရင်သားနာ ကျင်ခြင်း လည်း ပါဝင်တတ်ပါတယ်။ Antipsychotics ဆေးများ၊ Antidepressants ဆေးတွေဟာ ရင်သားနာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။
(၇) ရင်သားကင်ဆာကြောင့်
သေချာပေါက် ရင်သား အတွင်းပိုင်းမှာ အလုံး၊ အကြိတ်၊ စသည်တို့ကို တွေ့ရှိ/သိရှိပါက ပေါ့ဆမနေသင့်ပါ။ ဆရာဝန်ကို ချက်ချင်း ပြသရမယ့် အခြေအနေဖြစ်ပါတယ်။
ရင်သားကင်ဆာ စတင်အစပျိုး ချိန်မှာ ရင်သားနာကျင်မှုကို ချက်ချင်းမပြသပေမယ့်၊ ရောဂါအခြေအနေအတွင်းကို တဖြည်းဖြည်း ရောက်လာတယ်ဆိုပါက နာကျင်မှုက သိသာလာမှာပါ။ ဒီတော့ အဖု/အပိမ့်တွေ့လို့ မနာကျင်ဘူးဆိုပြီး သတိလက်လွှတ်မထားသင့်ပါ။
(၈) ကျပန်းနာကျင်မှု
တစ်ခါတလေ မည်သည့်အကြော င်းပြချက်ေြ ကာင့်မှန်း မသိဘဲ၊ ရင်သားနာကျင် တာမျိုး ရှိတတ်ပါတယ်။ နာကျင်မှု ကြာချိန်ကိုလည်း မှတ်သားထားသင့်ပြီး၊ နာကျင်မှုခံစားရတဲ့ အပိုင်းကိုလည်း ဖြစ်နိုင်သမျှ နီးနီးကပ်ကပ် မှတ်သားသင့်ပါတယ်။ မသင်္ကာပါက ချက်ချင်း ဆရာဝန်ဆီကို ပြသသင့်ပါတယ်။
Zawgyi Version
(၁) ဓမ္မတာလာသည့်အချိန်
(၄) ဒဏ်ရာရခြင်း
(၅) ကလေးနို့တိုက်ခြင်း
(၇) ရင်သားကင်ဆာကြောင့်
(၈) ကျပန်းနာကျင်မှု
Leave a Reply
Your email address will not be published. Required fields are marked *