အလှူမလုပ်ခင် ရေချိုးပါ….ဖတ်ကြည့်နော်…

Posted on

အလှူဒါနပြုတဲ့သူဟာ ကိုယ်ကျင့်သီလကို စင်ကြယ်အောင် ဆောက်တည်ပြီး လှူသင့်ပါတယ်နော်။ ဘာဖြစ်လို့လဲ ဆိုတော့… အဝတ်အသစ်ကို ဝတ်ဆင်တဲ့သူဟာ ရေမချိုးဘဲ ဝတ်မယ်ဆိုရင် ကြည်လင်တောက်ပတဲ့ တင့်တယ်မှုကို မရရှိနိုင်သလို သီလမစင်ကြယ်ဘဲ ပြုလုပ်လိုက်တဲ့ ဒါနဟာလည်း၊ မတောက်ပြောင်နိုင်တော့ဘူးပေါ့…

၁။ လှူဒါန်းပေးကမ်းတဲ့သူဘက်က သီလ မရှိဘူး ၊ အလှူခံတဲ့သူဘက်ကတော့ သီလ ရှိနေမယ်ဆိုရင်

ဒီအလှူဟာ…” ပဋိဂ္ဂါဟက ဝိသုဒ္ဓိဒါန “လို့ ခေါ်တယ်။

၂။သီလ မရှိတဲ့ အလှူခံပုဂ္ဂိုလ်ကို သီလ ရှိတဲ့ အလှူပေးသူက လှူဒါန်းပေးကမ်းတယ်ပေါ့။

ဒီဒါနကိုတော့ “ဒါယက ဝိသုဒ္ဓိဒါန”လို့ ခေါ်တယ်။

၃။လှူတဲ့သူကရော အလှူခံတဲ့သူကပါ ဘယ်ဘက်ကမှ သီလ ရှိမနေကြဘူး။ အလှူကတော့ ဖြစ်သွားတယ်ပေါ့နော်။

ဒီဒါနကိုတော့ “အဝိသုဒ္ဓိ ဒါန”လို့ ခေါ်တယ်။

၄။လှူတဲ့သူကရော အလှူခံတဲ့သူကပါ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနေမယ်။ လှူဒါန်းတဲ့သူကလည်း စင်စင်ကြယ်ကြယ်၊ အပူဇော်ခံ ၊အကြည်ညိုခံ တဲ့ သူဘက်ကလည်း ကိုယ်ကျင့်သီလတွေ စင်ကြယ်နေမယ် ဆိုရင် “ဥဘယ ဝိသုဒ္ဓိဒါန “လို့ ခေါ်တယ်။

အလှူလေးမျိုး ပြောသွားတဲ့အထဲမှာ နံပါတ်လေးဖြစ်တဲ့ “ဥဘယ ဝိသုဒ္ဓိဒါန ” ဟာ အလွန် အကျိုးများတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

လှူဒါန်းတဲ့အခါမှာ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီး အလှူခံခြင်းကို ထိုက်တန်တဲ့ သူတွေဆီမှာ ပေးလှူသင့်တယ်နော်။ ရေချိုးပြီး အဝတ်သစ် ဝတ်ထားပေမဲ့ ပန်းနံ့သာ သနပ်ခါး စတာတွေကို မလိမ်းမချယ်ဘဲ ပြင်ဆင်ထားတဲ့သူဟာ ပြည့်စုံတဲ့ လှပတင့်တယ်မှုကို မရရှိနိုင်သလို သီလ မရှိတဲ့ သူကို လှူဒါန်းတာဟာလည်း ပြီးပြည့်စုံတဲ့အကျိုးကို မရရှိနိုင်ပါဘူး။

အဲဒါကြောင့်….. အဝတ်သစ်ဝတ်တဲ့ အခါတိုင်း ရေချိုးကြသလို ဒါနပြုတဲ့ အခါတိုင်း သီလရေစင်လေးနဲ့ ချိုးဖြစ်အောင် ချိုးပါ။ ရေချိုးပြီး အဝတ်သစ်လေးတွေ ဝတ်ပြီးပြီဆိုရင် ပန်းနံ့သာ ရေမွှေး စသည်တို့ဖြင့် တင့်တယ်လှပအောင် ပြုပြင်ကြသလို ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ အလှူခံခြင်းကို ထိုက်တန်တဲ့သူတွေဆီမှာ ပေးလှူကြပါလို့ ပြောကြားလိုပါတယ်။

ကိုယ်တိုင်လည်း သီလကို ဆောက်တည်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့ သူတွေဆီမှာ လှူဒါန်းပေးကမ်းလိုက်တဲ့ အလှူဟာ လဆန်း တစ်ဆယ့်ငါးရက်နေ့မှာ သာတဲ့ လမင်းကြီးလိုမျိုး တိမ်ခိုးတွေ ကင်းစင်ပြီး တောက်ပနေတဲ့ အလင်းရောင်တွေနဲ့ တူတဲ့ အကျိုးထူးတွေကို ရရှိနိုင်တဲ့ အလှူ ဖြစ်လာပါလိမ့်မယ်။

မူရင်း Credit-အရှင်ဝါသဝ (ဓာတုမယ) မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း )

Zawgyi Version

အလႉဒါနျပဳတဲ့သူဟာ ကိုယ္က်င့္သီလကို စင္ၾကယ္ေအာင္ ေဆာက္တည္ၿပီး လႉသင့္ပါတယ္ေနာ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့… အဝတ္အသစ္ကို ဝတ္ဆင္တဲ့သူဟာ ေရမခ်ိဳးဘဲ ဝတ္မယ္ဆိုရင္ ၾကည္လင္ေတာက္ပတဲ့ တင့္တယ္မႈကို မရရွိနိုင္သလို သီလမစင္ၾကယ္ဘဲ ျပဳလုပ္လိုက္တဲ့ ဒါနဟာလည္း၊ မေတာက္ေျပာင္နိုင္ေတာ့ဘူးေပါ့…

၁။ လႉဒါန္းေပးကမ္းတဲ့သူဘက္က သီလ မရွိဘူး ၊ အလႉခံတဲ့သူဘက္ကေတာ့ သီလ ရွိေနမယ္ဆိုရင္

ဒီအလႉဟာ…” ပဋိဂၢါဟက ဝိသုဒၶိဒါန “လို႔ ေခၚတယ္။

၂။သီလ မရွိတဲ့ အလႉခံပုဂၢိဳလ္ကို သီလ ရွိတဲ့ အလႉေပးသူက လႉဒါန္းေပးကမ္းတယ္ေပါ့။

ဒီဒါနကိုေတာ့ “ဒါယက ဝိသုဒၶိဒါန”လို႔ ေခၚတယ္။

၃။လႉတဲ့သူကေရာ အလႉခံတဲ့သူကပါ ဘယ္ဘက္ကမွ သီလ ရွိမေနၾကဘူး။ အလႉကေတာ့ ျဖစ္သြားတယ္ေပါ့ေနာ္။

ဒီဒါနကိုေတာ့ “အဝိသုဒၶိ ဒါန”လို႔ ေခၚတယ္။

၄။လႉတဲ့သူကေရာ အလႉခံတဲ့သူကပါ ကိုယ္က်င့္သီလနဲ႔ ျပည့္စုံေနမယ္။ လႉဒါန္းတဲ့သူကလည္း စင္စင္ၾကယ္ၾကယ္၊ အပူေဇာ္ခံ ၊အၾကည္ညိဳခံ တဲ့ သူဘက္ကလည္း ကိုယ္က်င့္သီလေတြ စင္ၾကယ္ေနမယ္ ဆိုရင္ “ဥဘယ ဝိသုဒၶိဒါန “လို႔ ေခၚတယ္။

အလႉေလးမ်ိဳး ေျပာသြားတဲ့အထဲမွာ နံပါတ္ေလးျဖစ္တဲ့ “ဥဘယ ဝိသုဒၶိဒါန ” ဟာ အလြန္ အက်ိဳးမ်ားတယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။

လႉဒါန္းတဲ့အခါမွာ ကိုယ္က်င့္သီလနဲ႔ ျပည့္စုံၿပီး အလႉခံျခင္းကို ထိုက္တန္တဲ့ သူေတြဆီမွာ ေပးလႉသင့္တယ္ေနာ္။ ေရခ်ိဳးၿပီး အဝတ္သစ္ ဝတ္ထားေပမဲ့ ပန္းနံ့သာ သနပ္ခါး စတာေတြကို မလိမ္းမခ်ယ္ဘဲ ျပင္ဆင္ထားတဲ့သူဟာ ျပည့္စုံတဲ့ လွပတင့္တယ္မႈကို မရရွိနိုင္သလို သီလ မရွိတဲ့ သူကို လႉဒါန္းတာဟာလည္း ၿပီးျပည့္စုံတဲ့အက်ိဳးကို မရရွိနိုင္ပါဘူး။

အဲဒါေၾကာင့္….. အဝတ္သစ္ဝတ္တဲ့ အခါတိုင္း ေရခ်ိဳးၾကသလို ဒါနျပဳတဲ့ အခါတိုင္း သီလေရစင္ေလးနဲ႔ ခ်ိဳးျဖစ္ေအာင္ ခ်ိဳးပါ။ ေရခ်ိဳးၿပီး အဝတ္သစ္ေလးေတြ ဝတ္ၿပီးၿပီဆိုရင္ ပန္းနံ့သာ ေရေမႊး စသည္တို႔ျဖင့္ တင့္တယ္လွပေအာင္ ျပဳျပင္ၾကသလို ကိုယ္က်င့္သီလနဲ႔ ျပည့္စုံတဲ့ အလႉခံျခင္းကို ထိုက္တန္တဲ့သူေတြဆီမွာ ေပးလႉၾကပါလို႔ ေျပာၾကားလိုပါတယ္။

ကိုယ္တိုင္လည္း သီလကို ေဆာက္တည္ၿပီး ကိုယ္က်င့္တရားေကာင္းမြန္တဲ့ သူေတြဆီမွာ လႉဒါန္းေပးကမ္းလိုက္တဲ့ အလႉဟာ လဆန္း တစ္ဆယ့္ငါးရက္ေန႔မွာ သာတဲ့ လမင္းႀကီးလိုမ်ိဳး တိမ္ခိုးေတြ ကင္းစင္ၿပီး ေတာက္ပေနတဲ့ အလင္းေရာင္ေတြနဲ႔ တူတဲ့ အက်ိဳးထူးေတြကို ရရွိနိုင္တဲ့ အလႉ ျဖစ္လာပါလိမ့္မယ္။

မူရင္း Credit-အရွင္ဝါသဝ (ဓာတုမယ) ေမတၱာျဖင့္… အရွင္ပုည( ဝကုန္း )

Leave a Reply

Your email address will not be published.