“အသက် (၁၈) နှစ်မှ (၂၆) နှစ်အတွင်း ကျွန်တော့်ရဲ့ ငွေရှာနည်း ၊ ငွေစုနည်း “

Posted on

✅ငွေစုရတာဟာ ငွေရှာရတာထက်ပိုခက်ပါတယ် … ငွေစုရတာဟာ ပညာပါပဲ …

✅ မိမိငွေကို သူများလက်ထဲဘယ်တော့မှ မထားပါနဲ့ …

✅ ချမ်းသာချင်ရင် စုဗူးနဲ့စုပါ … သောကရောက်ချင်ရင် “ စုမဲ “ စုပါ …

✅ စားသမျှ ချီးဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ … လူတန်းစေ့မနေနိုင်ခင် … လူတန်းစေ့မစားချငိပါနဲ့ … အဟာရဖြစ်အောင် ကျန်းမာအောင်ပဲစားပါ …

✅ ထမင်းနှပ်မှန်အောင်စားရဖို့ ကြိုးစားနေတဲ့အချိန် … အကောင်းဆုံးအလှကုန်တွေသုံးဖို့ မစဉ်းစားပါနဲ့ … လူတစ်ယောက်အသက်ရှင်ဖို့ အရေးကြီးဆုံး လိုအပ်ချက်ထဲမှာ ( စား ၊ ဝတ် ၊ နေ ) ရေးပဲ ပါပါတယ် ….

✅ မအောင်မြင်ခင် မလှချင်ပါနဲ့အုံး … အောင်မြင်လာရင် လှလာပါလိမ့်မယ် … ( မယုံရင် ယနေ့အောင်မြင်လာသူတွေရဲ့ အရင်ရုပ်ကို ပြန်လေ့လာကြည့်ပါ)

✅ အိပ်တယ်ဆိုတာ သေခြင်းတစ်မျိုးပါပဲ … အသက်(၆၀) မှာ သေသွားရင် သင်တကယ်အသက်ရှင်တာ အသက်(၄၀) ပဲရှိပါတယ် သင့်အသက်ရှင်အချိန်ရဲ့ (၃)ပုံ (၁)ပုံဟာ အိပ်ယာထဲမှာ ကုန်ဆုံးသွားတယ်ဆိုတာ သတိထားမိပြီလား …

✅ သူများ မနေနိုင်သလို နေနိုင်ချင်ရင် သူများမစားရသလို စားရချင်ရင် … သူများအိပ်နေတဲ့အချိန် သင်အိပ်နေသမျှတော့ … သူများနဲ့ တန်းတူပဲ ဖြစ်နေအုံးမှာပါပဲ …

✅ သူများ ဖောက်တဲ့လမ်းကို မလျှောက်ပါနဲ့ …ကိုယ်လမ်းကိုဖောက်ပြီး ကိုယ်လမ်းကို လျှောက်ပါ … ဒါဆို ဘယ်တော့မှ ဘေးမရောက်ဘူးဆိုတာ မှတ်ထားပါ …

✅ ကိုယ်ဖောက်ထားတဲ့လမ်းကို သူများလျှောက်တဲ့ခါ ရန်မလုပ်ပါနဲ့ အရှက်မခွဲပါနဲ့ ဒါဟာ ဂုဏ်ယူစရာဆိုတာ သိထားပါ …

✅ စိတ်ဓာတ်ကို မြင့်မြင့်မားမားထားပါ … စိတ်ထားဆိုတာ “ မြင့်မှမြတ် “ တာပါ …

✅ ဘာပဲ လုပ်လုပ် အဆင်ပြေချင်ရင် “ စေတနာ” လေးထားပြီးလုပ် … အကျိုးအမြတ်ကိုရှေ့တန်းတင်နေသမျှ သင်ဘယ်တော့မှ မကြီးပွါးဘူးဆိုတာ စိတ်ချ …

✅ “ထောင်” မြင်ရင် “ရာ”စွန့်ရမယ် … သေးငယ်တဲ့ လိုအင်ဆန္ဒတွေကြောင့် ကြီးမားတဲ့ ရည်မှန်းချက်တွေကို အပျက်စီးမခံပါနဲ့ …အသေးဖွဲ့ကိစ္စလေးတွေ အဆင်မပြေတာကြောင့် စိတ်သောက အရောက်မခံနဲ့ အချိန်ကုန်မခံနဲ့ စွန့်လွှတ်သင့်တာ ရဲရဲကြီး စွန့်လွှတ်တတ်ပါစေ …

✅ အိမ်မပိုင်သေးဘဲ ကားဝယ်မစီးပါနဲ့ ….

✅ ကားက ဘာနဲ့သွားသွား လိုရာခရီးရောက်ရင်ပြီးတာပါပဲ … ( လူဇိမ်မခံနိုင်သေးခင် ဖင်စိမ်မခံချင်ပါနဲ့ )

✅ နေစရာရှိရင် စားဖို့ပူစရာမလိုဘူး “လူမသေငွေမရှားပါ “

✅ ကိုယ်ပိုင် ကားမစီးနိုင်သေးခင် … IPhone ဝယ်မကိုင်ချင်ပါနဲ့ … ( IPhone ၄လုံးဆို ကားတစ်စီးဝယ်လို့ရပြီနော် )

✅ I phone မကိုင်နိုင်တာ ရှက်စရာမဟုတ်သလို … IPhone က ဘဝတွက် မဖြစ်မနေလိုအပ်တဲ့အရာမဟုတ်ဘူးလေ …

✅ “ ရတနာ” မစုဆောင်းနိုင်ခင်မှာ Branded တွေကိူ မကိုင်ချင်ပါနဲ့ …

✅ “ ရတနာ “ ဆိုတာ “ ရှိ တန်ဆာ “ “ မရှိ ဝမ်းဆာ “ အချိန်မရွေး ငွေ ဖော်ရလွယ်တယ်ဆိုတာ မမေ့ပါနဲ့ …

✅ မိဘကို လက်ဝတ်ရတနာ မဆင်မြန်းနိုင်သေးခင် ကိုယ်တိုင် မဝတ်ဆင်ပါနဲ့ … ( သိပ်ကို ရှက်စရာကောင်းပါတယ် )

✅ လူအထင်ကြီး ခံရဖို့ အပင်ပန်းခံမကြိုးစားပါနဲ့ … ( ကိုယ့်မရှိရင် ဘယ်သူမှ ဆန်တစ်လုံးလာမပေးပါဘူး )

✅လူတွေလေးစားအားကျပြီး အတုယူလာတဲ့အထိ ကြိုးစားပြလိုက်စမ်းပါ …

👉လက်ညှိုးထိုးတာ သူ့အလုပ်

👍လက်မထောင်နိုင်အောင် ကြိုးစားရမှာ ကိုယ့်အလုပ်

💪သင့်မှာအချိန်များကြီးရှိပါသေးတယ်( နောက်ဆုံးအချိန်ထိ ကြိုးစားပိုင်ခွင့်ရှိတယ် ) …

🤝 မိတ်ဆွေ အကောင်းဆုံးချိန်ဆိုတာ “ဒီအချိန်” ပါပဲ ချက်ချင်း ပြောင်းလဲလိုက်ပါ …

Zawgyi Version



















✅ “ ရတနာ” မစုဆောင်းနိုင်ခင်မှာ Branded တွေကို မကိုင်ချင်ပါနဲ့ …









#Credit internet post https://www.facebook.com/groups/790422831692194/permalink/990292391705236/

Leave a Reply

Your email address will not be published. Required fields are marked *