အသက်တွေကြီးပီး အိုမင်းလာခဲ့ရင် ဘာတွေ ပြင်ဆင်ထားသင့်သလဲ……

Posted on

`အိုလာရင် ဘာတွေပြင်ဆင်ထားရမလဲ ? ? ?

၁ ။ အိုဖေါ် ( လင် မယား အို )

၂ ။ အို သိုက် ( နေအိမ် )

၃ ။ အို စာ ( ငွေကြေး )

၄ ။ အို ရေး ( ကျန်းမာရေး )

၅ ။ အို စိတ် ( စိတ်နေ စိတ်ထား )

ကျွန်တော်တို့အားလုံး အိုရမဲ့လူတွေကြီးကြီးပါ။ ခုမအိုသေးပေမဲ့ ဖတ်ထားရင် ကိုယ့်အတွက် ကာကွယ်ဖို့ပြင်ဆင်ချိန်ရသလို၊ ကိုယ့် မိဘတွေအတွက် ဆန်းစစ်ဆင်ခြင်လို့ ရနိုင်ပါတယ်။ အကြံလည်းပေးလို့ရတာပေါ့၊

အိုလာရင် ဘာတွေပြင်ဆင်ထားသင့်သလဲ၊ ဘာသာရေး ရှုထောင့်ကနေမဟုတ်ပဲ လက်တွေ့ ဘဝရှုထောင့်ကနေ ဆွေးနွေးကြည့်ရအောင်…. ။

၁။ အိုဖေါ် : လင်အိုမယားအို မေတ္တာကောင်းမွန်နေဖို့လိုပါတယ်။ အရင်တုန်းက ချစ်ခဲ့ကြပေမဲ့ အသက်ကြီးလာတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မရတာမျို း မဖြစ်သင့်ဘူး။ ယော့က်ျားက သားဘက်၊ မိန်းမက သမီးဘက် ပိုရပ်တည်တာမျိုး မဖြစ်ရဘူး။

ငယ်ရွယ်တုန်းက လင်မယားဆိုပေမဲ့ အိုလာရင် အဖေါ် မွန်ဖြစ်ဖို့၊ ရပ်တည်ချက်တူညီဖို့ အလွန်အရေးကြီးပါတယ်။ ငယ်ငယ်တု န်းကတော့ ယောက်ျားက ပိုက်ဆံရှာ၊ ယောက်ျား အင်အားကောင်းတော့ အပြင်မှာ ပွေချင်တိုင်းပွေ၊ သောက်စားချင်တိုင်း သောက်စား၊ အိမ်ကမိန်းမကို ခိုင်းဖတ်လိုသဘောထားပြီး အော်လိုက်ငေါက်လိုက် လုပ်တဲ့ ယောက်ျားမျိုးဟာ၊ အိမ်ထောင်သက် အနှစ် ( ၂၀ ) နောက်ပိုင်းမှာ သားသမီးတွေ ကြီးလာရင် သားသမီးများက အမေဘက်က ရပ်တည်တာ ခပ်များများဆိုတော့ အရင်က ခံခဲ့သမျှ ပြန်ဆပ်ရတတ်တယ်။

ဒါကြောင့် ကိုယ်အသက်ကြီးတဲ့အခါ ကိုယ့်မိန်းမက ကိုယ့်ကို တကယ်ကောင်းစေချင်ရင် ကိုယ်က သူတို့အပေါ် အရင်ကောင်းထားရတယ်။

၂။ အိုသိုက် : နေဖို့ထိုင်ဖို့ အိမ်တစ်လုံး ရှိထားဖို့လိုပါတယ်။ အဲဒီအိမ်ကိုလည်း မသေမချင်း ထိန်းထားဖို့လိုပါလိမ့်မယ်။ ကိုယ်က မကြာမီေ သတော့မယ်ဆိုပြီး စောစော စီးစီးထုခွဲပြီး အမွေ ခွဲမပေးလိုက်နဲ့၊ကိုယ်နေဖို့ပျောက်သွားနိုင်တယ်။

မပျောက်သွားတာတောင်မှ သားသမီးမျက်နှာ ( သို့ ) ချွေးမနဲ့ သမက်မျက်နှာကြည့်ပြီး အသက်ရှင်ရတာ မတန်ဘူး။

၃။ အိုစာ : အိုစာမင်းစာကို ဆိုလိုပါတယ်။ ရွှေဖြစ်ဖြစ် ၊ ပိုက်ဆံဖြစ်ဖြစ် ကိုယ့်အတွက်ကိုယ်ချန်ထားရတယ်။ သားသမီး စီးပွားရေးလုပ်ဖို့ အရင်းအနှီး မရှိဘူးဆိုပြီး အကုန်ထုတ်မပေးလိုက်နဲ့၊ အားလုံးပေးလိုက်ရင် အိမ်ကဆင်းသွားရနိုင်တယ်။

အချစ်ရဲ့သဘာဝဟာ နောင်မျိုးဆက်ကိုပဲ ဆင့်ပွားပါတယ်။ သားသမီးကို ချစ်တယ်ဆိုတာ သတ္တဝါတိုင်းရဲ့ မွေးရာပါ သဘာဝြဖစ်ပါတယ်။ မိဘကိုရိုသေတယ်ဆိုတာ ဘာသာရေးအဆုံးအမနဲ့ သွန်သင်ယူရတယ်။မွေးမြူ ယူရပါတယ်။အဲဒါကြောင့် မသေချာတတ်ဘူး။

မိဘများဟာ သားသမီး ( ၁၀ ) ယောက်ကို ‘အပြုံးမပျက်’ ကျွေးမွေးနိုင်ပေမဲ့၊ သားသမီး (၁၀ ) ယောက်ဟာ မိဘနှစ်ပါးကို ‘စူပုတ်လောက်အောင်’ ကျွေးမွေးရတယ် ဆိုတဲ့ စကားပုံတစ်ခုကို ကြားဖူးပါတယ်။ ဒါကြောင့် မအိုသေးခင်မှာ ကိုယ့်အတွက် အိုစာချန်ပါ။

၄။ အိုရေး : အိုတဲ့အခါမှာ ရှိတဲ့ကျန်းမာရေးကို အတိုကောက်ရေးလိုက်တာပါ။ အိုလာရင် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရတယ်။ မနက်တိုင်းလမ်းလျှောက်တာမျိုး အဖွဲ့လိုက်လေ့ကျင့်ခန်းလုပ်တာမျိုး ပါဝင်သင့်ပါတယ်။

ကောင်းကောင်းမလျှောက်နိုင်ရင်လည်း လှုပ်ရှားနိုင်သမျှ အတတ်နိုင်ဆုံး ကိုယ်လက်လှုပ်ရှားပေးသင့်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးကောင်းမွန်ခြင်းဟာ ကိုယ့်အတွက်သာမဟုတ် သားသမီးများအတွက်ပါ လာဘ်တစ်ပါးဖြစ်ပါတယ်။

သူတို့တွေ ကိုယ့်အတွက် သိပ်မပူရရင် သူတို့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်လို့ရတာပေါ့။

၅။ အိုစိတ် : အိုလာရင် စိတ်နေစိတ်ထား မှန်မှန်ကန်ကန် ထားတတ်ဖို့လိုပါတယ်။ ကိုယ်အသုံးမကျတော့ဘူးဆိုပြီး မသိမ်ငယ်သင့်ပါဘူး။ သေခြင်းတရားကို တွေးတောပြီး ကြောက်မနေသင့်ပါဘူး။ မမေ့မလျော့ နေထိုင်သင့်ပါတယ်။

တစ်ရက်အသက်ရှင်ရင် တစ်ရက်အမြတ်ပဲ၊ တန်အောင်အသက်ရှင်ရမယ်ဆိုတဲ့ စိတ်မျိုးမွေးမြူ ရပါမယ်။ ကျန်းမာရေးအဆင်ပြေရင် အလှူပွဲတွေ၊ ကူညီမူ ၊ လှုပ်ရှားမူတွေ ၊ ဘာသာရေးပွဲတွေ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှုပ်ရှားသင့်ပါတယ်။

စိတ်ဓါတ်ရွှင်လန်းပြီး သန့်သန့် ပြန့်ပြန့် နေထိုင်သင့်ပါတယ်။ အသက်ကြီးသူများအားလုံး ကျန်းမာချမ်းမြေ့ နိုင်ကြပါစေ 🙏🙏🙏Credit to Thandar Han .

Zawgyi Version

`အိုလာရင္ ဘာေတြျပင္ဆင္ထားရမလဲ ? ? ?

၁ ။ အိုေဖၚ ( လင္ မယား အို )

၂ ။ အို သိုက္ ( ေနအိမ္ )

၃ ။ အို စာ ( ေငြေၾကး )

၄ ။ အို ေရး ( က်န္းမာေရး )

၅ ။ အို စိတ္ ( စိတ္ေန စိတ္ထား )

ကၽြန္ေတာ္တို႔အားလုံး အိုရမဲ့လူေတြႀကီးႀကီးပါ။ ခုမအိုေသးေပမဲ့ ဖတ္ထားရင္ ကိုယ့္အတြက္ ကာကြယ္ဖို႔ျပင္ဆင္ခ်ိန္ရသလို၊ ကိုယ့္ မိဘေတြအတြက္ ဆန္းစစ္ဆင္ျခင္လို႔ ရနိုင္ပါတယ္။ အႀကံလည္းေပးလို႔ရတာေပါ့၊

အိုလာရင္ ဘာေတြျပင္ဆင္ထားသင့္သလဲ၊ ဘာသာေရး ရႈေထာင့္ကေနမဟုတ္ပဲ လက္ေတြ႕ ဘဝရႈေထာင့္ကေန ေဆြးေႏြးၾကည့္ရေအာင္…. ။

၁။ အိုေဖၚ : လင္အိုမယားအို ေမတၱာေကာင္းမြန္ေနဖို႔လိုပါတယ္။ အရင္တုန္းက ခ်စ္ခဲ့ၾကေပမဲ့ အသက္ႀကီးလာေတာ့ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္မရတာမ်ိဳ း မျဖစ္သင့္ဘူး။ ေယာ့က္်ားက သားဘက္၊ မိန္းမက သမီးဘက္ ပိုရပ္တည္တာမ်ိဳး မျဖစ္ရဘူး။

ငယ္ရြယ္တုန္းက လင္မယားဆိုေပမဲ့ အိုလာရင္ အေဖၚ မြန္ျဖစ္ဖို႔၊ ရပ္တည္ခ်က္တူညီဖို႔ အလြန္အေရးႀကီးပါတယ္။ ငယ္ငယ္တု န္းကေတာ့ ေယာက္်ားက ပိုက္ဆံရွာ၊ ေယာက္်ား အင္အားေကာင္းေတာ့ အျပင္မွာ ေပြခ်င္တိုင္းေပြ၊ ေသာက္စားခ်င္တိုင္း ေသာက္စား၊ အိမ္ကမိန္းမကို ခိုင္းဖတ္လိုသေဘာထားၿပီး ေအာ္လိုက္ေငါက္လိုက္ လုပ္တဲ့ ေယာက္်ားမ်ိဳးဟာ၊ အိမ္ေထာင္သက္ အႏွစ္ ( ၂၀ ) ေနာက္ပိုင္းမွာ သားသမီးေတြ ႀကီးလာရင္ သားသမီးမ်ားက အေမဘက္က ရပ္တည္တာ ခပ္မ်ားမ်ားဆိုေတာ့ အရင္က ခံခဲ့သမၽွ ျပန္ဆပ္ရတတ္တယ္။

ဒါေၾကာင့္ ကိုယ္အသက္ႀကီးတဲ့အခါ ကိုယ့္မိန္းမက ကိုယ့္ကို တကယ္ေကာင္းေစခ်င္ရင္ ကိုယ္က သူတို႔အေပၚ အရင္ေကာင္းထားရတယ္။

၂။ အိုသိုက္ : ေနဖို႔ထိုင္ဖို႔ အိမ္တစ္လုံး ရွိထားဖို႔လိုပါတယ္။ အဲဒီအိမ္ကိုလည္း မေသမခ်င္း ထိန္းထားဖို႔လိုပါလိမ့္မယ္။ ကိုယ္က မၾကာမီေ သေတာ့မယ္ဆိုၿပီး ေစာေစာ စီးစီးထုခြဲၿပီး အေမြ ခြဲမေပးလိုက္နဲ႔၊ကိုယ္ေနဖို႔ေပ်ာက္သြားနိုင္တယ္။

မေပ်ာက္သြားတာေတာင္မွ သားသမီးမ်က္ႏွာ ( သို႔ ) ေခၽြးမနဲ႔ သမက္မ်က္ႏွာၾကည့္ၿပီး အသက္ရွင္ရတာ မတန္ဘူး။

၃။ အိုစာ : အိုစာမင္းစာကို ဆိုလိုပါတယ္။ ေရႊျဖစ္ျဖစ္ ၊ ပိုက္ဆံျဖစ္ျဖစ္ ကိုယ့္အတြက္ကိုယ္ခ်န္ထားရတယ္။ သားသမီး စီးပြားေရးလုပ္ဖို႔ အရင္းအႏွီး မရွိဘူးဆိုၿပီး အကုန္ထုတ္မေပးလိုက္နဲ႔၊ အားလုံးေပးလိုက္ရင္ အိမ္ကဆင္းသြားရနိုင္တယ္။

အခ်စ္ရဲ့သဘာဝဟာ ေနာင္မ်ိဳးဆက္ကိုပဲ ဆင့္ပြားပါတယ္။ သားသမီးကို ခ်စ္တယ္ဆိုတာ သတၱဝါတိုင္းရဲ့ ေမြးရာပါ သဘာျဝဖစ္ပါတယ္။ မိဘကိုရိုေသတယ္ဆိုတာ ဘာသာေရးအဆုံးအမနဲ႔ သြန္သင္ယူရတယ္။ေမြးျမဴ ယူရပါတယ္။အဲဒါေၾကာင့္ မေသခ်ာတတ္ဘူး။

မိဘမ်ားဟာ သားသမီး ( ၁၀ ) ေယာက္ကို ‘အျပဳံးမပ်က္’ ေကၽြးေမြးနိုင္ေပမဲ့၊ သားသမီး (၁၀ ) ေယာက္ဟာ မိဘႏွစ္ပါးကို ‘စူပုတ္ေလာက္ေအာင္’ ေကၽြးေမြးရတယ္ ဆိုတဲ့ စကားပုံတစ္ခုကို ၾကားဖူးပါတယ္။ ဒါေၾကာင့္ မအိုေသးခင္မွာ ကိုယ့္အတြက္ အိုစာခ်န္ပါ။

၄။ အိုေရး : အိုတဲ့အခါမွာ ရွိတဲ့က်န္းမာေရးကို အတိုေကာက္ေရးလိုက္တာပါ။ အိုလာရင္ ကိုယ့္က်န္းမာေရးကို ကိုယ္ဂ႐ုစိုက္ရတယ္။ မနက္တိုင္းလမ္းေလၽွာက္တာမ်ိဳး အဖြဲ႕လိုက္ေလ့က်င့္ခန္းလုပ္တာမ်ိဳး ပါဝင္သင့္ပါတယ္။

ေကာင္းေကာင္းမေလၽွာက္နိုင္ရင္လည္း လႈပ္ရွားနိုင္သမၽွ အတတ္နိုင္ဆုံး ကိုယ္လက္လႈပ္ရွားေပးသင့္ပါတယ္။ ကိုယ့္ရဲ့ က်န္းမာေရးေကာင္းမြန္ျခင္းဟာ ကိုယ့္အတြက္သာမဟုတ္ သားသမီးမ်ားအတြက္ပါ လာဘ္တစ္ပါးျဖစ္ပါတယ္။

သူတို႔ေတြ ကိုယ့္အတြက္ သိပ္မပူရရင္ သူတို႔အလုပ္ကို ေကာင္းေကာင္းမြန္မြန္ လုပ္လို႔ရတာေပါ့။

၅။ အိုစိတ္ : အိုလာရင္ စိတ္ေနစိတ္ထား မွန္မွန္ကန္ကန္ ထားတတ္ဖို႔လိုပါတယ္။ ကိုယ္အသုံးမက်ေတာ့ဘူးဆိုၿပီး မသိမ္ငယ္သင့္ပါဘူး။ ေသျခင္းတရားကို ေတြးေတာၿပီး ေၾကာက္မေနသင့္ပါဘူး။ မေမ့မေလ်ာ့ ေနထိုင္သင့္ပါတယ္။

တစ္ရက္အသက္ရွင္ရင္ တစ္ရက္အျမတ္ပဲ၊ တန္ေအာင္အသက္ရွင္ရမယ္ဆိုတဲ့ စိတ္မ်ိဳးေမြးျမဴ ရပါမယ္။ က်န္းမာေရးအဆင္ေျပရင္ အလႉပြဲေတြ၊ ကူညီမူ ၊ လႈပ္ရွားမူေတြ ၊ ဘာသာေရးပြဲေတြ ကိုယ္တတ္နိုင္တဲ့ဘက္ကေန ပါဝင္လႈပ္ရွားသင့္ပါတယ္။

စိတ္ဓါတ္ရႊင္လန္းၿပီး သန႔္သန႔္ ျပန႔္ျပန႔္ ေနထိုင္သင့္ပါတယ္။ အသက္ႀကီးသူမ်ားအားလုံး က်န္းမာခ်မ္းေျမ့ နိုင္ၾကပါေစ 🙏🙏🙏Credit to Thandar Han .

Leave a Reply

Your email address will not be published. Required fields are marked *