သစ်သီး ဆိုင်တွေက လုံးဝမပြောပြတဲ့ အသီးရွေးနည်း လျှို့ဝှက်ချက်များ…
ပန်းသီးရွေးရင် အစင်းလိုင်း ပါတာ ရွေးပါ။ အပေါ်ရော အောက်ရော အချိုင့်နက်နက်လေးဖြစ်လေ ချိုလေပါ။
ငှက်ပျောသီး အပေါ်ရော အောက်ရော စိမ်းနေရင် မဝယ်ပါနဲ့။
သရက်သီး မျက်နှာပြင်ပေါ်မှာ နှမ်းမဲလိုမျိုး အစက်အပျောက်ပါတာ ဝယ်ပါ။ ပိုချိုတယ်။
နဂါးမောက်သီး ပိုလေးတာရွေးပါ။ အခွံထိပ်ဖျားစိမ်းလေ လတ်ဆတ်လေပါ။
မင်းဂွတ်သီး ထိပ်ပိုင်းအခွံစိမ်းလေ လတ်ဆက်လေပါ။ အောက်ခြေမှာရှိတဲ့ အပွင့်အခက်ကမင်းဂွတ်သီးအတွင်းသား အ ရေအတွက်နဲ့ ညီမျှပါတယ်။ အပြင်အခွံပျော့လေပိုကောင်းလေပါ။
ဒူးရင်းသီးရွေးရင် အဆူးကျဲရင် အသားများမယ်။အဆူးစိပ်တာရွေးရင် အသားနည်းမယ်။ အဆူးနှစ်ခုကိုလက်နဲ့ ညှစ်ကြည့်ပါ။ ညှစ်လို့ရရင်မှည့်နေပြီ။ ညှစ်လို့မရ မာမာကြီးဆိုရင့်သေးတယ်၊မဝယ်ပါနဲ့။
နာနတ်သီးရွေးရင် ရွှေဝါရောင်သန်းနေ တာရွေးပါ။ နာနာတ်သီး ဝပြီးပုနေတာ မရွေးနဲ့၊ပိန်ရှည်လေးရွေး။
ဖရဲသီး လိုင်းညီညီလေး ရှာဝယ်ပါ။ ပိုချိုပါတယ်။ ဖရဲသီးရဲ့ထိပ်ပိုင်း ကိုနှိုင်းယှဉ်ကြည့်ပါ။ အဝိုင်းသေးတာမျိုး ရှာဝယ်ပါ။ Credit : Food for u